Fiber optic cable ဆိုတာဘာလဲ jdbkx

Fiber optic cable ဆိုတာ ဘာလဲ

ကျွန်တော်တို့ network ချိတ်ဆက်ရာမှာ network medium တွေ အသုံးပြုရတာတာ တွေ များပါတယ်။ အခု ပြောပြပေးမဲ့ အကြောင်းအရာကတော့ အခုလက်ရှိ networking နယ်ပယ် မှာအသုံး များလျက်ရှိတဲ့ fiber optic cable အကြောင်းပဲဖြစ်ပါတယ်။ အဲတော့ စပြီးလေ့လာကြည့်ရအောင်။

ကျွန်တော်တို့ network ချိတ်ဆက်ကြတော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားကြရမှာက wire နဲ့ လား ဒါမှမဟုတ် wireless နဲ့ လားအရင် စဉ်းစားကြပါတယ်။ wire အသုံးပြု ချိတ်ဆက်ကြမယ်ဆိုရင်လည်း UTP cable နဲ့ ချိတ်ဆက်မလား fiber cable နဲ့ ချိတ်ဆက်မလား စဉ်းစားရပြန်တယ်။

UTP မှာ ဆိုရင်လည်း (cat5e) နဲ့ (cat6e) ဆိုပြီး ရှိ သေးတယ်ဗျ။ cat(5e) က 100mbs ကအများဆုံး speed ဖြစ်ပြီးတော့ (cat6e) ဆိုရင် 1000mbs speed အများဆုံး နဲ့သွားပါတယ်။ အဲတော့ ကျွန်တော် တို့ UTP တွေကို အဆောက်အဦးတစ်ခုစာလိုမျိုး Local တွေမှာပဲ အသုံးပြုလို့ပါတယ်။ Fiber Optic Cable နဲ့ ဆိုရင်တော့ အကွာအဝေး များစွာချိတ်ဆက်လို့ရပါတယ်။ Fiber cable ကလည်း အမျိုးအစားတွေရှိသေးတယ်ဗျ။ ပြီးတော့ connector အမျိုးအစားများစွာလည်း ရှိပါသေးတယ်။

Fiber cable က UTP လို electric signal နဲ့ အလုပ်လုပ်တာမဟုတ်ဘဲ Light နဲ့ အလုပ်လုပ်တာ ဖြစ်တဲ့ အတွက် data သွားတဲ့ speed ကတော့ UTP ထက် အများကြီးသာပါတယ်။ Fiber Cable တွေ က Light နဲ့ သွား တယ်ဆိုတော့ 1s ကို မိုင်ပေါင်း (၁သိန်း ၈သောင်း ၆ထောင်)မိုင်ထိသွားနိုင်ပါတယ်။ Fiber Cable တွေကို internet အသုံးပြုဖို့အတွက် ချိတ်ဆက်ကြသလို ကျွန်တော်တို့အိမ်တွေမှာ အခုလက်ရှိ တပ်ဆင်ထားတဲ့ CCTV camera တွေ နဲ့ အသုံးပြုလို့ရပါတယ်။ ဒါ့အပြင် TV channel တွေနဲ့လည်း တပ်ဆင်အသုံး ပြုကြည့်ရူလို့ရပါတယ်။

Fiber cable အသုံးပြုမယ်ဆိုရင်လည်း UTP တွေထက်စာရင်ဈေးနူန်း အရလည်းကြီးနိုင်သလို Fiber cable တွေ ချိတ်ဆက်ဖို့အတွက် Tools တွေ အများကြီး အသုံးပြုမှာဖြစ်ပါတယ်။ Fiber cable တွေ အချင်းချင်းဆက်တော့မယ်ဆိုရင်လည်း splicing စက်လိုအပ်ပါတယ်။ Fiber cable အချင်းချင်း ဆက်တာကြတော့ splicing လုပ်တယ်လို့ခေါ်တယ်ဗျ။

ကဲ Fiber cable ကဘယ်လိုအလုပ်လုပ်လဲဗျ။ digital signal ကို Light နဲ့ပြောင်း ပြီး အလုပ်လုပ်ပါတယ်။ ဆံချည်မျှင်လောက်သာရှိဖန်ချောင်းလေးထဲမှာ Light ရဲ့ဂုဏ်သတ္တိ နဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။ Light နဲ့ လုပ်တယ်ဆိုတဲ့ mode ၂ မျိုးနဲ့အလုပ်လုပ်ပါတယ်။ single mode နဲ့ multimode ဖြစ်ပါတယ်။ single mode က one directional နဲ့ပဲသွားပါတယ်။ ပြီးတော့ single mode က Laserနဲ့ သွားပါတယ်။ အဲတော့ တန်းတန်းမတ်မတ် လွင့်ပါတယ်။ Multimode ကတော့ two directional နဲ့ သွားပါတယ်။ Multimode ကတော့ LED နဲ့ သွားပါတယ်။ အဲတော့ ဘယ်ဟာက အကွာအဝေးပိုရောက်မယ်ထင်ပါသလဲ။

ဟုတ်တယ်ဗျ။ signal mode က distance ဝေးဝေး ပိုရောက်ပါတယ်။ SEMEWE လို ရေအောက် ဆက်ကြောင်းတွေကို laser နဲ့ သုံးပါတယ်။ UTP လိုဘဲ Fiber မှာ လည်း အားနည်းချက်ရှိတယ်ဗျ။ distance တော်တော်များများ မိုင်ပေါင်းများစွာ ဖြတ်သန်းလာတဲ့ အခါမှာ အလင်းရဲ့ ဂုဏ်သတ္တိကြောင့်ဖြစ်စေ အခြားသော interfa ကြောင့်ဖြစ်စေ အလင်းက နည်းနည်းချင်းစီ ယိုင်လာပါတယ်။ အဲလိုဖြစ်တာကို dispersion(အလင်း ပြန့်ခြင်း)လို့ ခေါ် နိုင်ပါတယ်ဗျ။ အဲလို ဖြစ်လာရင် data တွေ ရောက်လိုက် မရောက် လိုက်ဖြစ်တာတွေ ၊ data တွေ မမှန် မကန် ဖြစ်တာတွေ ဖြစ်လာပါတယ်။

ဒါကို ဖြေရှင်းနိုင် တဲ့ topology တွေလည်း ပေါ် လာနေပြီဖြစ်ပါတယ်။ signal mode fiber ကို စင်ကာပူ နဲ့ မြန်မာနိုင်ငံလိုမျိုး မိုင်ပေါင်းထောင် ချီချိတ်ဆက်တဲ့ နေရာတွေမှာ အသုံးပြုပြီးတော့ multimode fiber ကိုတော့ ၅ မိုင် ၇ မိုင် လို ကွာဝေးတဲ့နေရာ မျိုးတွေမှာ အသုံးပြုကြပါတယ်။

#jdbkx.net #FiberOpticCable #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *