ကမ္ဘာကျော်ပွန်းစတားတစ်ယောက်အကြောင်း

ကမ္ဘာကျော် ပွန်းစတားတစ်ယောက်အကြောင်း

Rocco Siffredi ( 1964- )

သူ့အသက်က ခုဆို 60 ရှိပြီ။ သို့ပေမဲ့ ခန့်ညားတဲ့ ရုပ်ရည်ရှိဆဲ။ ဒီလိုဆိုလို့ Public ပလက်ဖောင်းမှာ နာမည်ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားလို့ ထင်လိမ့်မယ်။ မဟုတ်ဘူး။ သူဟာ အပြာမင်းသားတ‌စ်ယောက်။ အပြာသရုပ်ဆောင် ပွန်းစတားတွေထဲမှာ နာမည်အကြီးဆုံး သရုပ်ဆောင်တွေကို ပြပါဆိုရင် သူကထိပ်ဆုံးကပါတယ်။ အခြားသော ပွန်းစတားများစွာရဲ့ စံနမူနာပြု အတုယူရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

အီတလီဖွား ဒီမင်းသားက 1986 ကနေ Adult ရုပ်ရှင်လောကထဲကို ဝင်ရောက်ခဲ့ပြီး အပြာမူဗီပေါင်း 1300 ကျော်တဲ့အထိ ဝင်ရောက်သရုပ်ဆောင်ခဲ့တယ်။ အပြာရုပ်ရှင်လောကရဲ့ ဂုဏ်သိက္ခာအမြင့်ဆုံး AVN Porn Oscar ဆုနှင်းသဘင်ကနေ 33 ကြိမ်တိတိ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့သလို အခြား Adult ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ဆုချီးမြှင့်တဲ့ ပွဲတော်တွေကနေလည်း ဆုတံဆိပ်ပေါင်း မြောက်မြားစွာကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။

ကနဦး သူ့ရဲ့ ရည်မှန်းချက်က ပုံမှန် မော်ဒယ်တစ်ယောက် လုပ်ဖို့ပဲ။ အီတလီသားဖြစ်တဲ့သူက အသက် 17 မှာ ကောလိပ်ကထွက်ပြီး ပြင်သစ်ကို ရောက်တော့ အကိုဖြစ်သူရဲ့ စားသောက်ဆိုင်မှာ ဝင်လုပ်ရင်းနဲ့ ဒီရုပ်ရှင်လုပ်ငန်းထဲကို ဆက်သွယ်ရောက်ရှိသွားတာ ။ အပြာကားရိုက်ရတာ ရှေးဦး စမ်းသပ်ခေတ်ကလို ကွာလတီနိမ့် အပျော်တမ်းကင်မရာလေးနဲ့ အလုံပိတ်ခန်းထဲမှာ အကျိုးတူ ဆက်ဆံရမဲ့ မိန်းမတစ်ယောက်ယောက်နဲ့ပဲ လိုချင်တဲ့ အချိန်သတ်မှတ်ချက်ရရင် ပြီးပြီလို့ပဲ သူ့မှာမှတ်ထင်ထားမိလေသလား မသိ။

1980 ကျော်နောက်ပိုင်းမှာ အပြာရုပ်ရှင်လုပ်ငန်းကလည်း အခြားဖျော်ဖြေမှု လုပ်ငန်းတွေကဲ့သို့ ကြီးမားကျယ်ပြန့်တဲ့ ဈေးကွက်ကြီးလို ဖြစ်နေပြီ။ ဒါကြောင့် ရိုက်ကူးသူတွေကလည်း ပရိသတ်စိတ်ကျေနပ်မှု ၊ စိတ်ခံစားမှုတွေကို ပိုမို ရရှိအောင် ကျကျနန ရိုက်ကူးထုတ်လုပ်နေကြပြီ။ သူ့ရဲ့ ပွဲဦးထွက် အတွေ့အကြုံနဲ့ ပတ်သက်ပြီး

” ပထမဆုံး ဇာတ်ဝင်ခန်းရိုက်မယ် ပြင်ရတော့ ၊ စတူဒီယိုထဲမှာ လူနှစ်ရာနီးပါးလောက် ရှိတယ်ဗျ။ သူတို့တွေ ရှေ့မှာ အားကြိုးမာန်တက် ဟန်ပန်နဲ့ သရုပ်ဆောင်ရမှာ။ ပရိုဂျူဆာက မင်းဘယ်လောက်အထိ အလုပ်လုပ်နိုင်စွမ်းရှိလဲ သိချင်တယ်တဲ့။ ဟုတ်ကဲ့။ ဒါက ကျွန်တော့်ဘဝရဲ့ ပညာရပ်တစ်ခု။ ကျွန်တော့် ဘဝရဲ့ အိပ်မက်” လို့ ဖြေကြား ပစ်လိုက်သတဲ့။

Rocco ရဲ့ အချိန်တိုအတွင်း အောင်မြင်လူသိများတဲ့ ပွန်းစတား တစ်ယောက်ဖြစ်လာခြင်း အကြောင်းရင်းကတော့ အခြားသာမန် ရုပ်ရှင် သရုပ်ဆောင်များရဲ့ ဘဝလမ်းကြောင်းကဲ့သို့ပါပဲ။ သူ့ရဲ့ ဒီအလုပ်အပေါ်ကို အာရုံစူးစိုက်မှု ၊ ကြည့်ရှုသူ့အတွက် လိင်စိတ်သက်ရောက်တုံ့ပြန်မှုကို လျှင်မြန်စွာ တက်ကြွသက်ဝင်လာအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိတဲ့ သူ့ရဲ့ မျက်နှာ အမူအယာ ဟန်ပန် စတဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ ဇာတ်ရုပ်ဝင်စားနိုင်မှုတွေကနေ သူဟာ အပြာရုပ်ရှင်ကားပေါင်းများစွာကို ဆက်လက်ရိုက်ကူးဖို့ ပရိုဂျူဆာများရဲ့ ကမ်းလှမ်းနေရာပေးမှုတွေကို ဆက်တိုက် ရရှိလာခဲ့တယ်။

သူ့ရဲ့ Acting Perform ကို ပြပါဆိုရင် ဇာတ်အိမ်ရဲ့ ( Plot-base) ခင်းကျင်းထားမှုအတိုင်း ဝင်ရောက်ခြင်းနဲ့ နောက်ပြီး သူ့ရဲ့ စဉ်ဆက်မပြတ် လှုပ်ရှားသက်ဝင်နိုင်စွမ်းအပေါ်ကို ကိုးစားရိုက်ကူးရတဲ့ gonzo-style ( Gozo Style ဆိုတာကို မြင်လွယ်အောင် ပြောရရင် Footage Mode ဆန်ဆန် ရိုက်ကူးတာနဲ့ ဆင်တူပြီး အခြားသော ကင်မရာ သုံးလေးလုံးနဲ့ တည်ထားပြီး မြင်ကွင်း ရှု့ထောင့်အဖုံဖုံကနေ ပသာဒဖြစ်စေမဲ့ ရိုက်ချက်တွေကို ရယူတာမျိုး မဟုတ်ဘူး ။ အဓိက လှုပ်ရှားသက်ဝင်နေကြတဲ့ Main Actor နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ချင်း စဉ်ဆက်မပြတ် ထိတွေ့လှုပ်ရှားနေတာ ၊ နောက် မျက်နှာသွင်ပြင်နဲ့ ကူးပြောင်းလှုပ်ရှားမှုကို ကင်မရာကနေ အနီးကပ် Close up shot နဲ့ ရယူပြီး ကြည့်ရှု့ရသူ ပရိသတ်ကို ဇာတ်ကောင်များနဲ့အတူ လိင်စိတ်တက်ကြွမှု Sense ကို အလျင်အမြန် သက်ရောက်စေအောင် ပေါင်းစပ်အားထုတ်တဲ့ တင်ပြမှု ဖြစ်တယ်။ အဲဒီလို ရိုက်ပြနိုင်ဖို့အတွက် ဇာတ်ကောင်တွေရဲ့ အချိုးညီညီ ပေါင်းစပ်ကူးလူးနိုင်မဲ့ မျက်နှာအနေအထား စိတ်အားတက်ကြွမှုနဲ့ ဟန်ချက်ညီခန္ဓာကိုယ်ချင်း လှုံ့ဆော်ပေါင်းစပ်မှု သဏ္ဍာန် စလို့ ယင်းအချက်တွေ လိုအပ်ပါတယ် ) နဲ့ အတူ သူ့ရဲ့ သရုပ်ဆောင် Performance ကို ထုတ်ဖော်တာဖြစ်တယ်။

ဒီလို အောင်မြင်တဲ့ ပွန်းစတားဘဝကို ဖြတ်သန်းရင်းနဲ့ပဲ သူနဲ့အတူ တွဲဖက်သရုပ်ဆောင်ရတဲ့ ဟန်ဂေရီသူ ပွန်းစတား Rosa Caracciolo နဲ့ 1994 မှာ လက်ထပ် ပေါင်းသင်းခဲ့တယ်။ သားနှစ်ယောက် ထွန်းကားတယ်။ ဒီလို မိသားစုဘဝကို ရောက်ရှိသွားပေမဲ့လည်း Rocco ကတော့ ဇနီးသည်ရဲ့ ခွင့်ပြုနားလည်မှုနဲ့ပဲ ပွန်းစတား သရုပ်ဆောင် အလုပ်ကို မရပ်နားခဲ့ပါဘူး။ ဆက်လက်ရိုက်ကူးခဲ့တယ်။

LAS VEGAS, NV – JANUARY 23: Adult film actor/director Rocco Siffredi (L) and his wife, adult film actress Rosa Caracciolo, attend the 2016 Adult Video News Awards at the Hard Rock Hotel & Casino on January 23, 2016 in Las Vegas, Nevada. (Photo by Gabe Ginsberg/FilmMagic)

ဒါပေမဲ့လည်း သူလည်း စိတ်ခံစားမှုနဲ့ပဲ အသက်ဆက်ရတဲ့ လူသားတစ်ယောက်ပဲဆိုတော့ ဖိအားတွေ ခံစားလာရလို့ ဖြစ်မယ်။ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ သားနှစ်ယောက်ရဲ့ ဖိအား။ ပြီးတော့ လက်တွေ့ဘဝထဲက တဖြေးဖြေးခံစားလာရတဲ့ အခြားပြဿနာတွေကြောင့်ဖြစ်မှာ‌ပေါ့။ သူကတော့ သားနှစ်ယောက်နဲ့ ပတ်သက်ပြီးပဲ အဓိကထားပြောပါတယ်။

“ကလေးတွေက ကြီးလာပြီလေ။ အဖေဖြစ်တဲ့ ကျွန်တော်က သားတို့မိသားစုအတွက် ပိုက်ဆံသွားရှာတာ ဆိုတဲ့ စကားကို ရေလဲဆက်သုံးဖို့ အဆင်မပြေတော့ဘူး။ သူတို့က ပိုသိချင်လာပြီ “

ဒီလိုနဲ့ 2004 မှာ သရုပ်ဆောင်ဘဝက ရပ်နားကြောင်း ကြေငြာတယ်။ အဲဒီအစား ဒါရိုက်တာနဲ့ ထုတ်လုပ်ရေးလုပ်ငန်းကိုသာ ပြောင်းလဲမဲ့အကြောင်း ထုတ်ပြန်ပါတယ်။ ဒါပေမဲ့လည်း သူစင်တင်တဲ့ ပွန်းစတားများရဲ့ သရုပ်ဆောင်မှု အားထုတ်တာတွေကို အလိုမကျဖြစ်သလား မသိ။ သူကိုယ်တိုင် ပြန်သရုပ်ဆောင်မယ်လို့ အတည်ထပ်ပြုပါတယ်။ သူပြန်လာပြန်တော့လည်း အရင်ကလိုပဲ ရွှေထီးထပ်ဆောင်းပါတယ်။

2015 မှာတော့ ပွန်းစတားကြီး Rocco က ပင်လယ် ကမ်းခြေစပ်မှာ ခန္ဓာဗလာနတ္ထိနဲ့ပဲ ထိုင်နေခဲ့တယ်။ အရွယ်ရဲ့ ရင့်မှည့်လာမှုနဲ့အတူ သူ့ထံကို ကြီးမားတဲ့ စိတ်လှိုင်းတံပိုးတွေ ပိုမိုရိုက်ခတ်လာပြီ။ အဲဒီမှာ ထိုင်နေရင်း ဝင်လာတဲ့ စိတ်ခံစားချက်သောကတွေကို သူငယ်ချင်း ဖြစ်သူဆီကို ရင်ဖွင့် ခဲ့တယ်။

“ကျွန်တော့်အတွက် ဒီလိုမျိုး လုံးတီးခန္ဓာနဲ့ နေထိုင်မှုက အဆန်းမှ မဟုတ်တော့တာပဲ။ တစ်ယောက်တည်းပဲ ရှိခဲ့တဲ့ အချိန်တိုင်း စဉ်းစားတွေးတောစရာတွေကတော့ ပေါ်လာစမြဲပဲ။ ဘဝမှာ ဘယ်အရာက ငါ့အတွက် အရေးကြီးဆုံးလဲ ဆိုတာ “

သူကင်မရာရှေ့မှာ အားကောင်းမောင်းသန် Passion နဲ့ ပါဖောမန့် လုပ်ရခြင်းကို အဆင်မပြေသလို ခံစားလာရပြီ။ သူကိုယ်ထဲမှာ ပြောင်းလဲမှုတစ်ခုခု ဖြစ်လာပြီလို့ ထင်မှတ်လာတာပါတာတဲ့။ အဓိက ထိတ်လန့်ကြောက်ရွံလာတာက ဘဝတစ်လျှောက်လုံး နားလည်မှုတွေ အပြည့်နဲ့ လက်တွဲလာခဲ့တဲ့ ဇနီးဖြစ်သူကို လက်လွှတ်ဆုံးရှုံးရမှာကို အလိုလို ကြောက်လာခဲ့တာ။ ဒါဟာ လုပ်ငန်းတစ်ခုဆိုတာကို သူတို့တွေ နားလည်ကြတာ မှန်ပေမဲ့ လူ့ဘဝရဲ့ ကန့်လန့်ကာနောက်က လျှို့ဝှက်ရဆုံး အမြင့်မားဆုံး စိတ်ဆန္ဒတွေကို ပေါင်းစပ် ပြုမူရ‌သော ကိုယ်လက်နှီးနှောမှု အလုပ်ကို သူတို့မှာ မရှက်မကြောက် ဟန်ပန်နဲ့ ဝင်စား သရုပ်ဆောင်ရတာ မဟုတ်လား။ ဘယ်လောက် နားလည်မှုရှိတယ် ပြောပြော အချိန်ကြာလာတဲ့အခါမှာတော့ သူမရဲ့စိတ်ထဲမှာ စိတ်ကုန်မှာ ၊ စိတ်ညစ်ညူးမှာတွေ ဖြစ်လာနိုင်တာပဲလို့ တွေးမိလာတော့တာ ဖြစ်မှာပေါ့ ။ ဒါကြောင့် 2015 မှာတော့ ပွန်းစတားဘဝကနေ လုံးဝ အနားယူလိုက်ပါပြီ ထပ်မံ ပြောကြားတာ ဖြစ်တယ်။

သို့ပေမဲ့လည်း သူကိုယ်ထဲမှာတော့ အချိန်ကြာမြင့်စွာ လှုံ့ဆော်မွေးစားခဲ့ရတဲ့ စိတ်သဏ္ဍာန်တွေဟာ ပုံရိပ်ငယ် အဖြစ်ကနေ ထုထည်တခုအဖြစ် ပြောင်းလဲနေခဲ့ပြီ။ ဒါကို နတ်ဆိုးတကောင် ဝင်နေခဲ့ပြီလို့ပဲ အမည်သညာပြုရမယ် ထင်ပါရဲ့။ ဒီနတ်ဆိုးဟာ သူလို porn Star ရယ်မှ မဟုတ် ။ သူသူငါငါ ကျွန်တော်တို့တွေဆီမှာလည်း ပုံစံတမျိုးမျိုးနဲ့ ရှိနေနိုင်ကြတာပဲ။ ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှု ပုံစံထက် ပိုလွန်တပ်မက်နေတာ ။ ဆန့်ကျင်ဘက် လိင်အပေါ်ကို ကြမ်းတမ်းခက်ထန်တဲ့ အပြုအမူတွေ ၊ တဖက်သားက သဘောတူသလား ၊ မတူသလား မသိ ပြောဆိုဆက်ဆံရင်း အဲဒီက Response ကိုမှ သူ့စိတ်က တင်းတိမ် သာယာတော့တာ။ ဘယ်လိုဆွဲဆောင်အားကောင်းတဲ့ မိန်းမ ဇနီးမျိုးပဲ ရနေပါစေ ၊ ယောက်ျားခင်ပွန်းမျိုးကိုပဲ ပိုင်ဆိုင်နေပါစေ အခြားသော ဆန့်ကျင့်ဘက် ဖိုမတွေနဲ့ပဲ ဒီအရာကို ထပ်တလဲလဲ ပြုမူနေချင်နေတာတို့ ။ မိမိကိုယ်ကို Porn Star လိုပဲ ဖြစ်ချင်လာတာတို့ ။ အဲဒီ ရုပ်ရှင်တွေကိုပဲ အချိန်အများစုတိုင်း နှစ်နှစ်ခြိုက်ခြိုက် ကြည့်ရှု့ချင်နေတာတို့ ။ ဒါထက်ပိုလွန်ပြီး ယုတ်မာအောက်တန်းကျတဲ့ လိင်စိတ်စွဲလမ်းမှုတွေ ဖြစ်လာတဲ့ အရွယ်မရောက်သေးတဲ့သူကို လိင်မှုကျူးလွန်ချင်လာတာ ၊ အနိုင်ကျင့်ညှင်းပန်းပြီးမှ လိင်စိတ်သာယာမှုကို ရယူရတဲ့ ဖီလင်ကို ပိုမိုတပ်မက်လာတာ စလို့ ဒါတွေဟာ နတ်ဆိုးတွေဖြစ်တယ်။

လူသားတွေဟာ ဒါတွေကို လက်ခံဖို့ မဖြစ်ထိုက်မှန်း သိလျက်နဲ့ ရုန်းမထွက်နိုင်တော့ပဲ အဲဒီ စိတ်ခံစားမှုနောက်ကို လိုက်ရင်းနဲ့ပဲ ဘဝအမှောင်ထုအောက်မှာသာ နစ်မြုပ်ရက်သား ဖြစ်နေကြတော့တယ်။ Rocco မှာလည်း မတတ်နိုင် ။ ဒီလိုနတ်ဆိုးတမျိုးကို သူ မောင်းမထုတ်နိုင်ခဲ့။ အိမ်က ဇနီးသည်ဟာလည်း သူနဲ့အတူ လက်တွဲညီ ဟန်ချက်ညီတဲ့ အပြာရုပ်ရှင်တွေကိုလည်း တွဲဖက် ရိုက်ကူးပေးခဲ့တဲ့သူ လိင်စိတ်ဆန္ဒပြည့်ဝမှုအတွက် အလုံးစုံ နားလည်သူ ၊ သူ့ကို မယားသဖွယ် ၊ ချစ်သူအဖွယ် ပေးဆပ်သူ ၊ ချစ်တတ်သူ ၊ မြတ်နိုးသူလေ ။ သို့တိုင်အောင် သူကိုယ်ထဲက နတ်ဆိုးတွေဟာ အပြာမင်းသားဘဝဆီကိုပဲ ဆွဲပို့နေတယ် ထင်ပါရဲ့။ Simple Life ဘဝထဲက ဇနီးနဲ့အတူ ကူးလူးရမှုကို တင်းတိမ်မရတော့ပဲ တရက်သားမှာတော့ အပြာမယ်တွေ ၊ အခြား သရုပ်ဆောင်တွေကို တစ်နေရာကို ခေါ်သွားခဲ့တယ်။ အဲဒီလို ဖြစ်ပျက်မှုက သူ့ကိုယ်သူ ပွန်းစတား ဘဝကနေ ရပ်တန့်မယ်လို့ ကြေငြာခဲ့တဲ့ 2004 တုန်းက ။ ဒါပေမဲ့ သူ ရပ်လို့မရတဲ့အဆုံး ပွန်းစတား ဘဝကိုပဲ ပြန်သွားခဲ့တော့တယ်။ 2015 အထိ ဒီထဲမှာပဲ သူမှာ တဝဲလည်လည် ပြန်ရောက်ရှိရတော့တာ။ အဲဒီနတ်ဆိုးကို သူတွန်းလှန်ပစ်နိုင်သလား ၊ ဆက်လက်လက်ခံထားပြီးပဲ ဘဝကို အဆင်ပြေအောင် ဆက်သွားနေသလား ဆိုတာတော့ သူပဲသိမှာပေါ့။

ဇနီးသည်ကတော့ သူကို ဒါတွေ ဆက်မရိုက်ဖို့ ဘယ်တုန်းကမှ မတားမြစ်ခဲ့ကြောင်းနဲ့ သူက ဘယ်လိုစိတ်သဘောထားရှိတာနဲ့ သူ့အပေါ်ကို မြဲမြံတဲ့ချစ်ခြင်းမေတ္တာနဲ့ ချစ်နေဆဲဖြစ်လို့ အခြားသော ပုံမှန်ဘဝမှာလည်း ပြောင်းလဲနိုင်မှာကို ယုံကြည်တဲ့အကြောင်းသာ ဖွင့်ဟခဲ့ပါတယ်။

2015 မှာ ထပ်မံကြေငြာပြီးတဲ့နောက် အပြီးသတ် မလုပ်တော့ဘူး ဆိုတဲ့ စကားကို သူက ငြင်းဆိုပြန်ပါတယ်။ ခုထက်ထိတော့ သူက အပြာရုပ်ရှင်တွေမှာ ဝင်ရောက်ပတ်သက်မှု မရှိတော့ပါဘူး။ 2017 မှာတင် သူ့ဘဝကြောင်းနဲ့ပတ်သက်ပြီး ရိုက်ထားတဲ့ မှတ်တမ်း ရုပ်ရှင်ထွက်ရှိခဲ့သလို 2024 ထဲမှာလည်း Supersex ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့အကြောင်းကို ပြန်ရိုက်ထားတဲ့ စီးရီးလည်း ထွက်ရှိထားပါတယ်။ လက်ရှိမှာတော့ သားဖြစ်သူ ထောင်ထားတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးမှာ ပူးပေါင်းပါဝင်နေပါတယ်။ နိဂုံးချုပ်အနေနဲ့ သူ့ရဲ့ ဘဝ Career နဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ စကားအချို့ကို ထုတ်နုတ် ဖော်ပြပေးလိုက်ပါတယ်။

“တွဲဖက် သရုပ်ဆောင်ခဲ့သူပေါင်း ‌အရေအတွက်”
ကျွန်တော် မမှတ်မိတော့ဘူးဗျ ၊ အနည်းဆုံး သုံးထောင်ကျော်လောက်တော့ ရှိမယ်ထင်တယ် ။ အဲဒါက ကျွန်တော် အပြာရုပ်ရှင် ၊ Photo Shooting အတွက် ရိုက်ရတဲ့ ပတ်သက်မှုကို ပြောတာ ။ အခြား ကျွန်တော့် ပါဆင်နယ် Life ဖြစ်တဲ့ သမီးရည်းစားတွေ ၊ မိန်းမတွေ မပါသေးဘူး “

” လက်တွေ့ဘဝထဲမှာ Threesome တာမျိုး ။ နိုးနိုး ။ မလုပ်နဲ့။ ကျွန်တော်ဘယ်တော့မှ မလုပ်ဘူး။ အဲဒါကြီးက ရေလည် စိတ်ညစ်စရာကိစ္စကြီး “

( လက်တွေ့ဘဝမှာ ဒီ Career ရိုက်ခတ်ရမှုနဲ့ ပတ်သက်လို့ )

” စိတ်ညစ်ရတာပေါ့ဗျာ ပြင်သစ်မှာဆို ကျွန်တော့်ကို လူတိုင်းနီးပါး သိသလိုမျိုးဆိုတော့ မြင်ရခံစားရတာ တမျိုးပဲ “


သရုပ်ဆောင်တယောက်ဖြစ်ပြီဆိုတာနဲ့ အဲဒီဇာတ်ရုပ်အပေါ်မှာ အတတ်နိုင်ဆုံး စိတ်အားပြင်းပြတဲ့ အသွင်မျိုးရောက်ရှိအောင် ကြိုးစားခဲ့ပါတယ်။ အခုလို ဇာတ်ကားမျိုးက စိတ်ပိုင်းဆိုင်ရာ ခံစားမှု အနေနဲ့ရော ရုပ်ပိုင်းဆိုင်ရာအတွက်ရော ကွဲပြားမှု ရှိတယ်လေ။ ကံမကောင်းစွာနဲ့ပဲ။ ကျွန်တော်စသရုပ်ဆောင်တော့ တွဲဖက်စုံတွဲက သုံးယောက်ကြီးများတောင်ဗျာ ။ ဒီလိုပဲဖြစ်အောင်လုပ်ခဲ့ရတာပေါ့ “

“လက်တွေ့ဘဝမှာလား။ မလုပ်ပါ့ရစေနဲ့။ တကယ်တော့ အဲလိုလုပ်ဆောင်ခြင်းက သာယာမှုထက် ခြေကုန်လက်ပန်းပဲကျစေနိုင်တာ “

“ပထမဆုံး စပြီးသရုပ်ဆောင်တော့ မနက်ခင်းကြီး ။ ကင်မရာရှေ့မှာက လူပေါင်းနှစ်ရာလောက်နဲ့။ထုတ်လုပ်သူက မင်းဘယ်လောက်လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သိချင်တယ်တဲ့ ။ ကျွန်တော်က အခုအလုပ်က ကျွန်တော့်ဘဝရဲ့ပညာရပ်တစ်ခု။ ကျွန်တော့်ဘဝရဲ့အိပ်မက်လို့ ပြန်ဖြေလိုက်တယ် “

“ဒီဇာတ်ကားတွေရိုက်ကူးနိုင်ဖို့ရာလား။ အဓိကက စိတ်ရှင်းနေဖို့ အရေးကြီးတယ်။ ငါကသရုပ်ဆောင်တစ်ယောက်ပဲ။ အဲဒီစိတ်သွင်းနိုင်မှ ဖိအားကင်းကင်းနဲ့ပဲဆက်သွားနိုင်မှာ။ လူပေါင်းမြောက်မြားစွာရဲ့ကြားမှာ အခုလို သရုပ်ဆောင်ဖို့ရာ လုံးဝမလွယ်ပါဘူး။ အဲဒီစိတ်ကြီးသာဝင်နေရင်တော့ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ ငါကသရုပ်ဆောင်တစ်ယောက်။ ဒီအလုပ်ကို တာဝန်ယူလုပ်ကိုင်နေတဲ့လူတစ်ယောက်ဆိုပြီးပဲ စိတ်သွင်းနိုင်မှဖြစ်မှာ။ နို့မို့ဆို ဒီကိစ္စကြီးကို မေ့ပျောက်နေမှာမဟုတ်တော့ဘူးလေ။ ကျွန်တော့်ရဲ့ပြင်ပဘဝစစ်ထဲမှာတော့ ရုပ်ရှင်ထဲကလိုမျိုးနေထိုင်ဖို့ရာလုံးဝစိတ်မပါပါဘူး။ ကိုယ်ချစ်ရသူနဲ့ပဲ ဘဝကို ရှေ့ဆက်ချင်တာပါ “

Leonardo Tano, Rocco Siffredi, Rosa Caracciolo and Lorenzo Tano attend a screening of “Supersex” at the 74rd Berlinale International Film Festival in Berlin, Germany, February 22, 2024. REUTERS/Annegret Hilse

“အမြဲတမ်းအားမာန်အပြည့်နဲ့သရုပ်ဆောင်ဖို့လား။ ကျန်းမာရေးကောင်းဖို့နဲ့အားကစားလိုက်စားဖို့တော့ လိုတာပေါ့ဗျာ။ အရက်သေစာသောက်စားတာတို့။ ဆေးလိပ်သောက်တာတို့နဲ့တော့မဆိုင်ပါဘူး။ အဓိကက အလုပ်အပေါ် စိတ်အားထက်သန်ဖို့ ပါပဲ။ အချို့လူတွေက မူးယစ်ဆေးသုံးမှ ပိုအဆင်ပြေတယ်။ စိတ်တက်ကြွတယ်ယူဆကြတယ်။ မှားပါတယ်။ ကျွန်တော်လုံးဝမှ အဲလိုမသုံးဖူးဘူး။ ဆေးလိပ်တောင်မသောက်ဖူးဘူး “

” ငယ်ရွယ်ပြီး လှပကျက်သရေရှိတဲ့ မိန်းခလေးတွေနဲ့သရုပ်ဆောင်ရတာ သဘောကျတာပေါ့ဗျာ။ ကျွန်တော်က အသားအရောင် ဆံပင် အရောင်အသွေးတွေဘာတွေ ရွေးလေ့မရှိပါဘူး။ အလုပ်မှာအဆင်ပြေဖို့ပဲလိုတာပါ “

“ကျွန်တော်ကြိုးစားခဲ့တယ်။ သရုပ်ဆောင်တစ်ယောက်ကနေ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ လုပ်ငန်းအဆင်ပြေဖို့အတွက်ကျွန်တော့်အိတ်ကပ်ထဲက စိုက်ထုတ်ပြီး လုပ်ကိုင်ခဲ့တာပါ။ သရုပ်ဆောင်တွေအနေနဲ့ ဒီနေရာကို ရောက်လာတာက ကိုယ့်ကျရာနေရာကို ပီပြင်အောင် လုပ်ကိုင်ပေးဖို့ ရောက်ရှိလာတာပဲလေ။ ကိုယ်လုပ်ရမဲ့အလုပ်ကို ပီပြင်အောင် မလုပ်ပဲ အရာရာသောက်တလွဲလိုမျိုးလုပ်တာတော့ မုန်းတယ်ဗျ ။ တကယ်မုန်းတာ “

#jdbkx.net #RoccoSiffredi #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *