WordPress နဲ့ Blogger ဘယ်ဟာ ပိုကောင်းလဲ

စမ်းသပ်ချင်ကြသူတွေ အမြဲမေးလေ့ရှိတဲ့မေးခွန်းပါ။
Web Development ပိုင်းနဲ့ ရင်းနှီးထိတွေ့မှုမရှိဘဲ website တစ်ခု or weblog (blog) တစ်ခု စမ်းသပ်လုပ်ကြည့်ချင်သူတွေ ကျွန်တော်နဲ့စကားစပ်မိရင်ပဲဖြစ်ဖြစ် တကူးတကပဲဖြစ်ဖြစ် လာမေးတတ်ကြတဲ့မေးခွန်းတွေထဲ ဒီမေးခွန်းအများဆုံးပါပဲ။
ဘယ်ဟာကပိုကောင်းပါတယ်လို့တော့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့် Pros & Cons တွေကိုလေ့လာကြည့်ပြီး နှစ်သက်ရာ ရွေးချယ်နိုင်ကြစေချင်လို့ ဒီ postကို ရေးပေးလိုက်ပါတယ်။ (ဒီpostမှာ ကျွန်တော်ပြောသွားမယ့် WordPress ဆိုတာ self-hosted {ကိုယ့် hosting နဲ့ကိုယ်တင်သုံးတဲ့ WordPress site ကို ပြောမှာပါ။)

  1. Ownership
    Blogger ဆိုတာ Google က အခမဲ့ ပေးထားတဲ့ blogging platform တစ်ခုပါ။ Blogger နဲ့ ပါတ်သက်တဲ့ Data တွေ အားလုံးကို Google က ပိုင်ပါတယ်။ ဘယ် blog ကိုမဆို Google အနေနဲ့ တရားဝင်ပိတ်သိမ်းခွင့်ရှိသလို ဒီ blogကို အသုံးပြုခွင့်ကိုလည်း တရားဝင်ပိတ်ပင်ခွင့်ရှိပါတယ်။ အရှင်းဆုံးပြောရရင် Blogger သုံးထားတဲ့ blog ဟာ Google ပိုင်တာပါ။ သင်နဲ့ဆိုင်ရင်သာဆိုင်မယ် သင် မပိုင်ပါ။
    WordPress ကတော့ Open Source CMS ပါ။ အခမဲ့ဖြန့်ဝေပေးထားပါတယ်။ Download လုပ်ယူပြီး ကိုယ့်ဟာကိုယ် ကြိုက်တဲ့ (Php & MySQL support ပေးတဲ့) Web Hosting မှာ တင်ပြီး စိတ်ကြိုက်သုံးနိုင်ပါတယ်။ သင့်ပိုင်ဆိုင်မှုနဲ့လုပ်ပိုင်ခွင့်ကို WordPress နဲ့ လုံးဝကန့်သတ်ထားခြင်း ဝင်ရောက်စွက်ဖတ်ခြင်း လုံးဝမရှိပါဘူး။
  2. Control
    Blogger မှာ စိတ်ကြိုက်ထိမ်းချုပ်ပြင်ဆင်ခွင့်ဆိုတာ အကန့်အသတ်နဲ့ပဲရှိပါတယ်။ ကိုယ်လုပ်ချင်တိုင်းလုပ်ခွင့်မရှိပါဘူး။ Google က စီစဉ်ခွင့်ပြုပေးထားတာလောက်သာ control လုပ်ခွင့်ရှိပါတယ်။
    WordPress ကတော့ Open Source software ဖြစ်တဲ့အတွက် လုပ်နိုင်သလောက်ကို လုပ်ချင်တာလုပ်ခွင့်ရှိပါတယ်။ ဘာကိုမှ ကန့်သတ်ထားတာမရှိပါဘူး။ WordPress ဆိုတဲ့ နာမည်ကိုတောင် သင့် site ပေါ်က ဖျက်ထားလို့ရပါတယ်။ လုပ်နိုင်ရင် WordPress မှာ သုံးထားတဲ့ dir name တွေပါ ပြောင်းပစ်၊ အသွင်အပြင်တွေပြောင်းပစ်ပြီး WordPress ကို WordPress မဟုတ်တဲ့ပုံစံအနေနဲ့တောင် Personal အတွက်ပဲဖြစ်ဖြစ် Comercial ဖြစ်ဖြစ် စိတ်ကြိုက်အသုံးချခွင့်ရှိပါတယ်။
  3. Appearance
    Blogger မှာ မူလပေးထားတဲ့ template တွေကိုသာ အကန့်အသတ်နဲ့ပေးထားပါတယ်။ အဲဒါကိုပြင်ချင်ရင် Google က ပေးထားတဲ့ build tools တွေသုံးပြီး ပြင်လို့ရပေမယ့် layout တွေ စိတ်ကြိုက်ပြင်ချင်လို့ အဆင်မပြေပါဘူး။ Layout တွေပြင်ချင်လို့မရတာတော့မဟုတ်ဘူးနော်။ ဇွတ်ပြင်ယူရင်တော့ ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင် try ကြည့်ဖို့ထက် သူများတွေပြင်ပြီး ရောင်းနေကြတာတွေ စမ်းသုံးကြည့်လိုက်ပါ။ တော်တော် အဆင်မပြေဖြစ်စေတဲ့ quality ကို တွေ့ရမှာဖြစ်ပါတယ်။
    WordPress မှာတော့ ဘယ်နေရာကိုမဆို သင် တတ်စွမ်းသလောက်ကို စိတ်ကြိုက်ပြုပြင် ပြင်ဆင်နိုင်ပါတယ်။ ကိုယ်က ဘာမှမလုပ်တတ်ရင်တောင် အဆင်သင့် ပြင်ဆင်ထားပြီးသားတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူသုံးစွဲနိုင်သလို အခမဲ့ရယူနိုင်တဲ့ Theme တွေ Plugin တွေလည်း အများကြီးရှိပါတယ်။ Web Developent Knowledge မရှိဘဲနဲ့တောာင် စိတ်ကြိုက် ပြင်ဆင်နိုင်အောင်စီစဉ်ပေးထားတဲ့ powerful customizer လည်း အခမဲ့ပါဝင်ပြီးသားပါ။
  4. Portability
    Blogger ကနေ တခြား platform တစ်ခုကိုရွှေ့ဖို့ဆိုတာက တော်တော်ရှုပ်တဲ့ကိစ္စပါ။ SEO အရ ဆုံးရှုံးမှုတွေရှိနိုင်တယ်။ (ဥပမာ Search Engine Ranking တို့ subscriber တို့ follower တို့ပေါ့) Google က သင့် content တွေကို export လုပ်ခွင့်ပေးလိုက်ရင်တောင် အဆင်ပြေလွယ်ကူတဲ့ batch select & delete tool မျိုးထောက်ပံ့ပေးထားတာမရှိလို့ Google ရဲ့ server ပေါ်မှာ သင့် content တွေ အချိန်အတိုင်းအတာတစ်ခုအထိတော့ ကျန်ရစ်နေဦးမှာပါပဲ။ အဲဒါက ဘာမှမဟုတ်သလိုလေးထင်ရပေမယ့် Search Enging Result တွေမှာ ပြဿနာရှိနိုင်လို့ SEO အရ နစ်နာစေပါတယ်။
    WordPress ကိုတော့ အချိန်မရွေးကြိုက်တဲ့နေရာ ကြိုက်သလိုရွှေ့သွားလို့ရပါတယ်။ လက်ရှိသုံးနေတဲ့ siteရဲ့ domain name ကိုတောင် ပြောင်းပစ်လိုက်လို့ရပါသေးတယ်။ site တစ်ခုလုံး အပြောင်ရှင်းပစ်လိုက်ချင်ရင်လည်း လွယ်လွယ်လေးပါပဲ။ SEO အရလည်း WordPress မှာ အားသာချက်တွေအများကြီးရှိပါတယ်။
  5. Security
    Blogger အတွက်တော့ Google ရဲ့ robust secure platform ရှိနေပြီးသားဖြစ်တဲ့အတွက် ဘာမှပူနေစရာမလိုပါဘူး။ Gmail acount တော့ bully တွေလက်ထဲ ပါမသွားအောင်ဂရုစိုက်ပေါ့။
    WordPress CMS အနေနဲ့ကတော့ Developer Community က globally ရှိနေတဲ့အတွက် အမြဲ secure ဖြစ်နေပါတယ်။ ဒါပေမယ့် self-hosted ဖြစ်တဲ့အတွက်တော့ hosting server security ကိုတော့ ဂရုစိုက်ရမှာ သင့်အပိုင်းသာဖြစ်ပါတယ်။
  6. Support
    Blogger အတွက် support ကတော့ တော်တော်လေးနည်းပါတယ်။ အခြေခံအချက်ကလေးတွေလောက်သာ documentation အဖြစ်ထားရှိပြီး ရွေးချယ်ခွင့်လည်းအလွန်နည်းပါတယ်။
    WordPress ရဲ့ Community System ကတော့ Online Documentation တွေ Community Forum တွေ၊ IRC chatroom တွေ ၊အတွေ့အကြုံရင့် WordPress userတွေရဲ့ အကူအညီတွေ၊ Developer တွေဆီကအကူအညီတွေအပြင် ကျွန်တော်တို့ Myanmar WordPress Organization လို locally ဖွဲ့စည်းထားကြတဲ့ အဖွဲ့အစည်းအလိုက် ကူညီမှုတွေအများကြီးရှိပါတယ်။
  7. Feature
    Blogger အတွက် major update ဆိုတာ ပုံမှန်မတွေ့ရပါဘူး။ update မလုပ်တာတောင်တော်တော်ကြာနေပါပြီ။ ဒါ့အပြင် လန့်စရာကောင်းတာကြီးက Google ဟာ သူ့ရဲ့ popular service တွေဖြစ်တဲ့ Google Reader တို့ Google AdSense for feeds တို့တောင် သတ်ပစ်ခဲ့ပါတယ်။ Blogger platform ကိုလည်း အဲလိုလုပ်မပစ်ဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။ Google မှာ အဲလိုလုပ်ပစ်ခွင့် တရားဝင် ရှိနေတာပဲလေ။
    WordPress ကတော့ Open Source Software တစ်ခုဖြစ်တဲ့အတွက် Company တစ်ခုတည်းပေါ်မှာ မှီခိုနေတာမျိုးမဟုတ်ဘဲ Developer တွေ Userတွေက Globally ဝိုင်းပြီး develop လုပ်နေကြတာဖြစ်တဲ့အတွက် စိတ်ချရပါတယ်။ ဒါ့အပြင် WordPress ဟာ popular CMS (Content Management System) တစ်ခုဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ business တွေမှာ အသုံးပြုနေကြတာတွေ အများကြီးရှိပါတယ်။ ပျက်သွားမှာတွေးပူနေစရာမရှိပါဘူး။

ဒီလောက်ဆို WordPress နဲ့ Blogger ဘယ်ဟာကိုရွေးချယ်သင့်တယ်ဆိုတာ နားလည်လောက်ပြီထင်ပါတယ်။ ဘာကိုသုံးပါလို့တော့ ကျွန်တော်မပြောလိုပါဘူး။ ကြိုက်တာသာသုံးပါ။ ကျွန်တော်ကတော့ WordPress ကိုကြိုက်တယ်။ WordPress ကိုလည်း တော်တော်သုံးဖြစ်ပါတယ်။

Ref : WP Beginner / Source – Tsan Aung

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #နည်းပညာဆောင်းပါး #WordPressနဲ့Bloggerဘယ်ဟာပိုကောင်းလဲ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *