A Million Miles Away ရုပ်ရှင်အညွှန်း

A Million Miles Away

ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာက လူတိုင်းမှာရှိကြမှာပါ။

အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သောဇွဲနဲ့ကြိုးစားမှ ဖြစ်နိုင်မှာပါ။

အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကို A Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကို ကြည့်ရမှာပါ။

September 15, 2023 က ထွက်ရှိခဲ့တဲ့ A Million Miles Away ရုပ်ရှင်ဇာတ်ကားဟာ NASA မှာ တစ်ကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့အကြောင်းကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။

Mexico ကနေ ရွှေ့ပြောင်းလုပ်သား အနေနဲ့ USA ကို ရောက်လာခဲ့တဲ့ တစ်ကယ့်အောက်ခြေမှ အောက်ခြေလူတန်းစား ၊ USA ရောက်တော့ ပြောင်းဖူးခင်းထဲမှာ ပြောင်းဖူးတွေဆွတ်ရတဲ့ အလုပ်လုပ်တဲ့ မိသားစုလုပ်ငန်းကို လုပ်နေရတဲ့ ချာတိတ်လေးတစ်ယောက်က သူ့အိမ်မက်ဖြစ်တဲ့ NASA နဲ့ အတူ Space ကိုသွားချင်တဲ့ အိမ်မက်ကိုရအောင် အကောင်အထည်ဖော်သွားတဲ့ Based on true story ပါ။ USA ကိုရွှေ့ပြောင်းလာပြီး သူ့အဖေက ပြောင်းခင်းကြီးကိုပြပြီးပြောတယ်။

မင်းအိမ်မက်တွေက ဒီမှာပဲ တဲ့ ကောင်လေးက လက်မခံပါဘူး။ သူ့အိမ်မက်က Space ဆီအရောက်သွားဖို့ပါ။ သိပ်ကောင်းတဲ့ ဇာတ်ဝင်ခန်း Plots ပါပဲ။ NASA မှာ Farmworker တစ်ယောက်ကနေ Space ကိုတာဝန်ထမ်းဆောင်ဖို့သွားတာ José M. Hernandez တစ်ယောက်ပဲရှိဖူးပါတယ်။

ဒီဇာတ်ကားမှာ José Hernandez နေရာကသရုပ်ဆောင်သွားတာ Michael Peña ဆိုတဲ့ ဝါရင့်သရုပ်ဆောင်ကြီးပါ။ တစ်ကယ်တော့ ဒီဘဲကြီးကို ကျွန်တော်တို့ နာမည်ကြီးတော်တော်များများမှာ မြင်ဖူးရင်းနှီးဖူးပြီးသားဖြစ်ပြီး တစ်ကယ့် Supporting Actor role ပါ။ Narcos : Mexico ဇာတ်ကားမတိုင်ခင် ထင်သာမြင်သာအောင် ပြောရရင် ရှေ့မှာ FURY, The Martian, Ant Man, Battle Los Angeles, စသဖြင့်ပြောရင်ကုန်မှာမဟုတ်တော့ဘူး။ အဲ့လိုနာမည်ကြီးကားတွေမှာ Supporting Actor ပါ။ အခု A Million Miles Away မှာမှ Leading Actor ဖြစ်ပြီး ခုပရိတ်သတ် တခဲနက် အားပေးထောက်ခံခြင်းရနေပါပြီ။ အဲ့ဒါ Hollywood ပါပဲ။

ဇာတ်ကားပေါင်းများစွာမှာ နေရာပေါင်းစုံက ရိုက်ခဲ့ဖူးတော့ အနုပညာဝမ်းစာ ပြည့်နေပြီး ခုလို သူကိုယ်တိုင်ဦးဆောင်ရတဲ့ ဇာတ်ကားမှာ အကောင်းဆုံး သူ့အနုပညာတွေချပြသွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဇာတ်ကားအစ,အဆုံးကို ဒီ Link မှာ Download လုပ်စရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ..

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *