Laal Singh Chaddha ရုပ်ရှင်အညွှန်း

Laal Singh Chaddha

မင်းသားကြီး Tom Hanks ရဲ့ ကမ္ဘာကျော်ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့
Forrest Gump ကို လူတော်တော်များများ ကြည့်ဖူးကြပါတယ်…
Paramount ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ၁၉၉၄ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးရရှိခဲ့တဲ့ဇာတ်ကားဖြစ်တဲ့အပြင် Academy Award တွေလည်း များစွာရှိခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်…

ဒီဇာတ်ကားကိုပဲ မင်းသားကြီး Aamir Khan က ထုတ်လုပ်သူ (၃) ဦးထဲက တစ်ဦးအနေနဲ့ပါဝင်ပြီး အိန္ဒိယဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးခဲ့တာ
August 11, 2022 နေ့က ထွက်ရှိလာပါတယ်…
IMDb 5.4
Rotten Tomatoes 65% ရရှိခဲ့တဲ့ ဒီဇာတ်ကားဟာ မူရင်းဗားရှင်းကို မမီပေမယ့်လည်း ဝေဖန်ရေးဆရာတစ်ချို့ရေးကြသလို လုံးဝကြီး ဆိုးရွားနေခဲ့တာတော့ မဟုတ်ပါဘူး…
မူရင်းဇာတ်ကားမှာသုံးတဲ့ အဓိကစာကြောင်းက

“Life is like a box of chocolates. You never know what you’re gonna get.”
“ဘဝဆိုတာ ရသာစုံချောကလစ်ဘူးလေးလိုပဲ ၊ မစားကြည့်ဘဲနဲ့ ဘာအရသာဆိုတာ မသိနိုင်ဘူး” လို့သုံးထားပေမယ့်

အိန္ဒိယဗားရှင်းမှာတော့

“Life is like golgappas. Your tummy may be full,
but your heart always craves more.”
လို့ သုံးထားတာ တွေ့ရတယ်…
“golgappas” ဆိုတာ အိန္ဒိယအစားအစာတစ်ခုဖြစ်တဲ့ Panipuri ဖြစ်တယ်..
“ဘဝဆိုတာ ပါနီးပူရီလိုပဲ ၊ ဗိုက်ကပြည့်သွားပေမယ့် နှလုံးသားက ထပ်ပြီး တောင့်တနေတုန်းပဲ” တဲ့

မူရင်းဇာတ်ကားနဲ့ တစ်သွေမတိမ်းတူအောင် ပြန်လည်ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ 70% လောက်ကိုပဲ မူရင်းကျောရိုးဇာတ်အိမ်ကို မှီငြိမ်းထားတာပါ… ဒါပေမယ့်
အချစ်၊ အကြမ်း၊ အလွမ်းနဲ့ စစ်ပွဲကြားက ဖြစ်ပေါ်ခဲ့တဲ့သံယောဇဉ် စတဲ့
ရသမျိုးစုံကိုတော့ မူရင်းဇာတ်ကားအတိုင်း ရရှိခံစားရမှာဖြစ်ပါတယ်….

အိန္ဒိယဇာတ်ကားတွေရဲ့ထုံးစံအတိုင်း မရိုးနိုင်တဲ့ ကကွက်မျိုးစုံကို ဒီဇာတ်ကားမှာ တွေ့ရမှာ မဟုတ်ပါဘူး…ဒါပေမယ့် ဇတ်ဝင်သီချင်းကိုတော့ လှိုင်လှိုင်လေးသုံးထားတာ တွေ့ရတယ်…
မင်းသားကြီး Aamir Khan နဲ့ မင်းသမီး Kareena Kapoor တို့ရဲ့ သရုပ်ဆောင်မှုတွေကို ခံစားချက်ပြင်းလွန်းတဲ့ ဇာတ်ဝင်တေးတစ်ချို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ရုပ်ရှင်ချစ်သူတွေအဖို့ မျက်ရည်လည်စေမှာ အမှန်ပါပဲ….

အိန္ဒိယနိုင်ငံရဲ့ အလှဆုံးရှုခင်းတွေကလည်း ဒီဇာတ်ကားကိုကြည့်တဲ့သူတွေအဖို့ စိတ်ပျက်စေမှာ မဟုတ်ပါဘူး…

Aamir Khan ရဲ့ ဉာဏ်ရည်မမီတဲ့ လူငယ်ဘဝသရုပ်ဆောင်ချက်တွေဟာ တစ်ချက်တစ်ချက် Mr.Bean နဲ့တူတာကလွဲရင် တစ်ခြားအပြစ်ပြောစရာတော့ မရှိပါဘူး… ဒါပေမယ့် မင်းသားကြီး Tom Hanks ရဲ့ Forrest Gump စတိုင် စကားပြောဟန်ကို နားထဲစွဲနေတဲ့ ကျွန်တော်တို့အဖို့မှာတော့ Aamr Khan ရဲ့ စကားပြောဟန်က နားထောင်ရတာ သိပ်တော့ အဆင်မပြေလှဘူးပေါ့…

ထူးခြားချက်အနေနဲ့ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်လာတဲ့ မင်းသားကြီး Shah Rukh Khan ရဲ့ လူငယ်ဘဝပုံစံကိုလည်း CGI အကူအညီနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်…

နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီဇာတ်ကားဟာ ၂၀၂၂ ခုနှစ်အတွက် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲဗျာ…

Source – Facebook

#jdbkx.live #jdbkx #myanmarcasino #onlinegames

အကောင့်ပြုလုပ်ရန်  👉 Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *