PK မြန်မာစာတန်းထိုး ရုပ်ရှင်ဇာတ်ကား

PK

၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားတွေထဲမှာ နံပါတ် ၆၅ နေရာလိုက်ပြီး အိန္ဒိယမှာတော့ ခေတ်အဆက်အဆက် အတွက် ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။

3 idiots ကို အသက်သွင်းခဲ့တဲ့ ဒါရိုက်တာ ရချ်ကူမား ဟီရာနီ (Rajkumar Hirani) ရဲ့ ညွှန်ကြားမှုအောက်မှာ အကြောက်တရား လွှမ်းမိုးခံရတတ်ပြီး မစူးစမ်းမဆင်ခြင်ဘဲ လမ်းမှားလိုက်တတ်တဲ့ လူတွေရဲ့ သဘာဝကို ပေါ့ပေါ့ပါးပါးကလေး ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုရမှာပါ။

အမီးရ်ခန်းကတော့ ကမ္ဘာကို လေ့လာရေးထွက်လာတဲ့ ဂြိုလ်သားတစ်ဦး၊ သူ့အတွက်တော့ ကမ္ဘာပေါ်က အရာအားလုံးဟာ အံ့သြစရာတွေချည်း ဖြစ်နေတော့တာပါပဲ။ သူတို့ ဂြိုလ်ပေါ်က ဂြိုလ်သားတွေက ဘာသာစကားပြောဆိုကြတာမျိုးမဟုတ်ဘဲ စိတ်နဲ့သာ ဆက်သွယ်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မုသားပြောဖို့မဆိုနဲ့ နောက်ပြောင် ကျီစယ် တာမျိုးတောင် မရှိကြဖူးပေါ့။

ဒီလိုနဲ့ ဉာဏ်နီဉာဏ်နက်များလှတဲ့ ကမ္ဘာသားတွေအကြား ပထမဆုံးရောက်လာခဲ့တဲ့ အမီးရ်ခန်း ခမြာ လည်ပင်းမှာဆွဲထားတဲ့ သူ့ရဲ့ဂြိုလ်ကို ဆက်သွယ်နိုင်မယ့် ကိရိယာ အလုခံခဲ့ရတာပေါ့။

ရီမုတ်ရှာပုံတော်ဖွင့်တဲ့ အမီးရ်ခန်တစ်ယောက် လူတွေကြားထဲ ကျင်လည်ကျက်စား နိုင်ဖို့ ကြိုးစားရင်းနဲ့ အမေးအမြန်းထူတဲ့ လူ့ဂွစာတစ်ယောက်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ရီမုတ်လုယူသွားသူ ဘယ်သူလဲဆိုတာ၊ ဘယ်နေရာမှ အလုခံရတယ်ဆိုတာတွေ မပြောနိုင်တော့ လူတွေက သူ့ရဲ့ ပြဿနာကို ဘုရားကသာ ဖြေရှင်းနိုင်မှာပေါ့လို့ ပြောပြကြတာပေါ့။

ဒီလိုနဲ့ ဂေါ့ဒ်ဆိုတဲ့ ဘုရားကို ရှာဖွေဖို့ ကြိုးစားရာကနေ ဟိန္ဒူ ၊ဗုဒ္ဓ ၊ ခရစ်ယာန် ၊ အစ္စလာမ် ဆိုတဲ့ ဘာသာကြီးတွေရဲ့ ဘုရားကျောင်းတွေကို ရောက်ခဲ့သလို ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား ဖြစ်နေတဲ့ ဒယူပလီကိတ် ဘုရားခေါ် ဘုရားကိုယ်စား ဘုရားနေရာယူထားကြသူတွေနဲ့ တွေ့ခဲ့ရတယ်။

ဘုရားကျောင်းတွေမှာ ဘုရားလူကြီးတွေကို အမေးအမြန်း ထူတတ်တဲ့အကျင့် ၊ ထုံးတမ်းစဉ်လာကို ဆန့်ကျင်တဲ့ အကျင့် စတာတွေကြောင့် သူ့ကို အရက်သောက်ပြီး မူးများနေရော့သလားရယ်လို့ လူတွေက ပီကေ (အရက်သမား) ဆိုတဲ့ နာမည်ပေးခဲ့ပါတယ်။

လူသားတိုင်း မွေးဖွားလာရာမှာ ဘယ်ဘာသာဝင်ရယ်လို့ တံဆိပ်နှိပ်ခတ်ထားခြင်းမျိုး မရှိတာကြောင့် ဘုရားနဲ့ လူအကြား ကြားခံနေတဲ့ ဒယူပလီကိတ် ဘုရားလူကြီးတွေကို ပီကေက စူးစမ်းခဲ့ပြီး တကယ်တမ်းတော့ အဲဒီဘုရားလူကြီးတွေဟာ wrong number ခေါ် နံပါတ်အမှားကြီးနှိပ်ပြီး ဘုရားကို ဆက်သွယ်နေသူတွေသာ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဘာသာတိုင်းရဲ့ လုပ်ဆောင်ပုံတွေ ကွဲလွဲမှု ၊ လူတစ်ဦးနှင့် တစ်ဦးကြား ဘာသာရေး ပဋိပက္ခများ တွေရှိနေမှု ၊ ဘုရားလူကြီးတွေကို တကယ့် ဘုရားတစ်ဆူ ဂူတစ်လုံးအသွင်နဲ့ အယုံကြီး ယုံကြည်မှု စတာတွေကတော့ ပီကေတွေ့ရှိခဲ့တဲ့ လူတွေအကြောင်းပါပဲ။

ဘယ်သာသာဝင်ပါဆိုတဲ့ တံဆိပ်များပါမလာဘဲနှင့် လူအများက ဘာလို့ကွဲလွဲကြလည်း ဆိုတာက ပီကေသိချင်လှတဲ့ အမေးပုစ္ဆာပါပဲ

ရည်းစားသည်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရတယ်လို့ အထင်အမြင်လွဲနေတဲ့ မိန်းကလေးတစ်ယောက်က ပီကေကို ယုံကြည်မှုထားခဲ့ပြီး သူရဲ့ရီမုတ် ရှာပုံတော်ကို အကူအညီပေးခဲ့ပါတယ်။

ပီကေနဲ့ မိန်းကလေးတို့ ရှာဖွေတွေ့ရှိခဲ့တဲ့ လူတွေရဲ့မှားယွင်းမှု ၊ အစွန်းရောက်မှုနဲ့ လီဆယ်လုပ်ကြံတတ်မှုစတာတွေကို ဟာသရောပြီး ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခံစား နိုင်ပါတယ်။ ယုံမှားသံသယ တစ်ခုကြောင့် သူ့ကို ထားသွားရလေခြင်း ဆိုတဲ့ အမြင်ရှိနေတဲ့ မင်းသမီးချော မိန်းကလေးရဲ့အထင်အမြင်လွဲမှားမှုကို ဖော်ပြထားသလို မိမိကိုယ် လိမ်လည်သွားတဲ့ လူတစ်ယောက်ကြောင့် လူလိမ်ရဲ့ ကိုးကွယ်မှုကို လိုက်ပြီး အဲဒီဘာသာ ကိုးကွယ်သူတိုင်း ဒီလိုပါပဲလားဆိုတဲ့ stereotype လုပ်တာမျိုး မလုပ်သင့်မလုပ်ထိုက် ဘူးဆိုတဲ့အကြောင်းကိုလည်း သင်ခန်းစာ ပေးထားပါတယ်။

ပီကေရဲ့ရီမုတ်ရှာပုံတော် စွန့်စားခန်းကတော့ ရယ်စရာပျော်စရာတွေနဲ့အတူ ဘာသာတရားများအကြား ခက်ထန် တင်းမာနေမှုတွေ၊ တံဆိပ်ကပ် အမြတ်ထုတ်မှုတွေ၊ ယုံကြည်မှကို ခုတုံးလုပ်ပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ဘုရားလူကြီးတွေ စတဲ့စတဲ့ အကြောင်းအရာပေါင်းများစွာကို နာရီပေါင်း ၂ နာရီကျော်အတွင်းမှာ ထင်သာမြင်သာရှိအောင် ရိုက်ပြတင်ဆက်ထားတာပါ။

ကမ္ဘာလောကကနေ ပြန်လည်ထွက်ခွာသွားတဲ့ ပီကေတစ်ယောက် ကမ္ဘာ့လူသားတွေဆီကနေ သင်ယူလေ့လာသွားတဲ့ အချက်တွေကတော့ စိတ်ထဲမှာဖြစ်နေတာကတစ်မျိုး ပြင်ပလက်တွေ့အပြောကတော့ တစ်မျိုး ဆိုတဲ့ မုသားလီဆယ်မှုနဲ့ အချစ် ဆိုတဲ့အရာကိုလည်း သင်ယူသွားခဲ့ပါသေးတယ်။

PKဇာတ်ကားအကြောင်းလူသိနည်းသောအချက်များ

Rajkumar Hirani က 3 Idiots ဇာတ်ကား မတိုင်ခင် Munna Bhai M.B.B.S နဲ့ Lage Raho Munna bhai ဇာတ်ကားတွေကို ရိုက်ခဲ့တာဖြစ်တယ်..ဒါကြောင့် 3 Idiots အပြီး Munna Bhai 3 (Munna Bhai Chale America) ဆိုတဲ့ ကားအတွက် ဇာတ်ညွှန်း ရေးသားခဲ့တယ်..Munna Bhai ကားတွေ ကြည့်ဖူးရင်တော့ ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်တွေက Mumbai (Tapori)လူမိုက် Munna နဲ့ သူ့ရဲ့ လက်ထောက် Circuit ရဲ့ journey ကို ရိုက်ထားတဲ့ကား ဆိုတာ သိကြမှာပါ.
ဒီ Munna Bhai 3 မှာ Circuit က ကောင်မလေးတစ်ယောက်နဲ့ ကြိုက်ပြီး လက်ထပ်မယ့် နေ့မှ ကောင်မလေး အမေ/ အဖေ က Muslims ဖြစ်မယ် သိသွားတယ်..အဲ့တာနဲ့ လက်ထပ်ပွဲ ဖျက်ဖို့ ထိ ဖြစ်ခဲ့တယ်.

အဲ့ချိန် Munna က ”Muslim ဖြစ်တော့ ဘာဖြစ်တုန်း?”

အဲ့တာနဲ့ Circuit က ” Muslim တွေက Terrorist တွေလေ..George Bush (အမေရိကန် သမ္မတဟောင်း) ကိုယ်တိုင်ပြောတာ”

George Bush ကို သမ္မတ ဆိုတာ မသိတဲ့ Munna က ”အေ..အဲ့ George Bush ဆိုတဲ့ သူကို Sorry ပြောခိုင်း မယ်”

အဲ့လိုနဲ့ Munna က George Bush က US သမ္မတ လို့ သိလိုက်တဲ့ အချိန် ကိုယ့်စကားအတိုင်း America သွားပြီး George Bush ကို မွတ်စလင်တွေတိုင်းက Terrorist မဟုတ်ပါဘူး လို့ ပြောခိုင်းဖို့ သူ့ခရီး ကို စတင်ခဲ့တယ်..

ဒီလို နဲ့ Raju က Munna နဲ့ Circuit တို့ရဲ့ America ခရီး ကို ဟာသလေးမြူးပြီး social message လေးနဲ့ ရေးသားခဲ့တယ်..ဒီ Munna Bhai Chale America ရဲ့ promo video ထွက်ခဲ့ပေမယ့် second-half မရေးနိုင်တာရယ်, story ရဲ့ basic idea က My Name Is Khan ဇာတ်ကားနဲ့ တူနေတာရယ်ကြောင့် ဇာတ်ကားကို shelve လုပ်လိုက်တယ်..ဒါနဲ့ ဒီကား ရဲ့ ဇာတ်ညွှန်းကို My Name Is Khan ဇာတ်ကား မထွက်မီ ရေးခဲ့တာပါ..

Raju Hirani က နဂိုကတည်းက ဘာသာရေးဆိုင်ရာ အယူသီးမှုတွေ/ မိမိဘာသာ က လွဲလို့ တခြားဘာသာတွေကို အပြစ်တင် ပုတ်ခတ်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်လို့ ဘာသာရေး အပေါ် ဇာတ်ကား ရိုက်ဖို့ စဥ်းစားခဲ့တယ်..ဒီလို နဲ့ PK ဇာတ်ကားစရေးဖို့ ခရီးစဥ်လေး စတင်လာခဲ့တယ်..

PK ဇာတ်ကားကို ဇာတ်ညွှန်းရေးသားတဲ့နေရာမှာ Director Rajkumar Hirani အပြင် Abhijat Joshi လည်းပါပါတယ်..Raju Hirani နဲ့ Abhijat က Lage Raho Munna Bhai, 3 Idiots, PK, Sanju ကား တွေကို တူတူ ရေးခဲ့တာ ဖြစ်တယ်..

#ဂြိုဟ်သားIdeaကိုရလာခြင်း
#CharacterisationOfAlien

ဒီ PK ဆိုတဲ့ ဇာတ်ကား ဖြစ်လာမယ့် ဇာတ်ညွှန်းကို စရေးသားတဲ့ အချိန်မှာ ဇာတ်ညွှန်းရေးဆရာ နှစ်ယောက်လုံးက ဘယ်ဘာသာကိုမှ ဘက်မလိုက်မယ့် အပြစ်ကင်းစင်တဲ့ လူတစ်ယောက်ကို အလိုရှိခဲ့တယ်..ဘာလို့တုန်းဆို ရိုးရိုးဘာသာဝင် တစ်ယောက်ဆို ကိုယ့်ဘာသာကိုဘဲ အကောင်းပြောမှာ မို့လို့ပါ..ဒီလို နဲ့ Abhijat က ဂြိုဟ်သားဘဲ ကောင်းတယ်လို့ပြောလို့ ဂြိုဟ်သားကိုဘဲ ယူဖို့ ဆုံးဖြတ်လိုက်တယ်

#PKဇာတ်ညွှန်းရေးသားခြင်း (အဆင့်-1)
#StoryEvolution (Stage-1)

ဂြိုဟ်သား ဆိုတဲ့ idea ကို ဆုံးဖြတ်ပြီးတဲ့ အချိန် ဂြိုဟ်သားကို power ပေးဖို့ ဖြစ်လာတော့ sci-fi ကား မဟုတ်တဲ့ အတွက် supernatural power အများကြီး မပေးဖို့နဲ့/ ဂြိုဟ်သားကို လူပုံစံ ဘဲ ထားဖို့ ဆုံးဖြတ်ခဲ့တယ်..

“ကျွန်တော်တို့ ဇာတ်ညွှန်းစရေးတဲ့ အချိန် ဂြိုဟ်သားကို power နှစ်ခုပေးထားတယ်..တစ်ခုကတော့ လက်ကိုင်ရင် ဘာသာစကား transfer လုပ်နိုင်တဲ့ power; နောက်တစ်ခုက လူတွေရဲ့ ဦးနှောက် memory ထဲဝင်ပြီး မကောင်းတဲ့ အတွေ့အကြုံ memory ကို ပြောင်းလဲပေးနိုင်တဲ့ power..ဥပမာ..အိန္ဒိယ နဲ့ Pakistan ကွဲခဲ့တယ့် ကာလက အတွေ့အကြုံတွေကြား ကြီးပြင်းလာပြီး Muslims တွေကို မုန်းတဲ့ သူတစ်ယောက်ဆိုပါတော့…ဂြိုဟ်သားက အဲ့လူရဲ့ memory ထဲဝင်ပြီး အဲ့အတွေ့အကြုံဆိုးကြီးကို ဖျက်လိုက်တဲ့ story ကို ရေးထားခဲ့တယ်..ကျွန်တော်တို့ ရဲ့ second-half တစ်ခုလုံးက အဲ့တာကိုဘဲ ရေးထားတယ်..

ကျွန်တော်တို့က ဇာတ်ညွှန်း idea အလန်းစားကို ရေးထားလို့ပျော်နေတဲ့ အချိန်မှာဘဲ ဇာတ်ညွှန်းကို ဖတ်ဖြစ်ခဲ့တဲ့ လူတစ်ယောက်က မင်းတို့ ခု ရုံတင်နေတဲ့ Inception ဆိုတဲ့ ကားကို သွားကြည့်လို့ ပြောတော့ သွားကြည့်တဲ့အချိန် basic idea ဆင်တူ တာကို ကြည့်ပြီး shock ရိုက်သွားတယ်..Inception ဇာတ်ကားကြည့်တဲ့အချိန် ရုံကနေ မထနိုင်ဘူး..’ငါတို့တော့ သေပြီ…ဒီ idea ကိုသာ ဆက်ရေးနေရင် လူတွေက Inception ကို copy ထားတယ်လို့ ပြောမှာ’..အဲ့တာနဲ့ စိတ်ပျက်လက်ပျက် နဲ့ ဇာတ်ညွှန်းကို ပြန်လည် ပြင်ဆင်ခဲ့တယ်”

#PK ဇာတ်ညွှန်းရေးသားခြင်း (အဆင့်-2)
#StoryEvolution(Stage-2)

“ကျနော်တို့ အဲ့တာနဲ့ story ကို ပြန်ပြီး ပြင်ဆင်ရတော့တယ်..PK မှာ Aamir ရဲစခန်း မှာ ဘုရားက remote ပြန်မပေးလို့ တိုင်ချက်ဖွင့်တဲ့ scene ကို မှတ်မိမှာပါ..အဲ့ scene ကို ကျနော်တို့ ရေးထားခဲ့တဲ့ ပုံစံက ဒီလိုပါ..အဲ့ ရဲစခန်းက ရဲက PK ကို မကူညီတော့ သူက တရားရုံတက်ပြီး ဘုရားကို တရားစွဲတဲ့ တရားရုံး scene တွေ နဲ့ second-half ကို ပြင်လိုက်တယ်..တစ်ရက် Abhijat ရဲ့ညီ ပြဇာတ်ရေးဆရာ အိမ်ရောက်လာတော့ ‘ဟာ ဒီ ဘုရားတရားစွဲတဲ့ Gujarati ပြဇာတ်ရှိတယ်လေ’ လို့ ပြောလာတယ်..ကျွန်တော်က ‘ဟာ ထားပါ..ပြဇာတ်လေ…ဇာတ်ကား မှ မဟုတ်တာ’ ဆိုပြီး ဇာတ်ညွှန်း ဆက်ရေးတယ်..နောက်မှ အဲ့ Gujarati ပြဇာတ် ကို အခြေခံ ပြီး Oh My God ဆိုတဲ့ ဇာတ်ကား ရိုက်နေတယ် သိလိုက်ရတော့ အဲ့ကား မထွက်ခင် ငါတို့ကား အရင်ရိုက်မယ် ဆိုပြီး လောလောလောလော လုပ်ခဲ့ပေမယ့်လည်း Oh My God က မြန်မြန်မြန်မြန် ရုံတင်လိုက်တော့ မမှီလိုက်ဘူး…အဲ့တာနဲ့ ဇာတ်ညွှန်းကို ပြန်ပြင်ရတော့တယ်”

#PKဆိုတဲ့ဇာတ်ကားဖြစ်ပေါ်လာခြင်း

“အဲ့လိုနဲ့ ဇာတ်ညွှန်း ကို အခါခါ ပြင်ပြီး (အထူးသဖြင့် second-half ကို 4/5 ခါ ပြင် ပြီး) PK ဆိုတဲ့ ကားရဲ့ ဇာတ်ညွှန်းလေး ရလာတာပါ”

#ဇာတ်ကားရဲ့Titleသတ်မှတ်ခြင်း

Director က ဇာတ်ကားကို ပထမဆုံး Talli လို့ ပေးခဲ့တယ်…ပြီးတော့ Ek Tha Talli ဆိုပြီး ပေးခဲ့တယ်..နောက်တော့ Ek Tha Tiger ဆိုတဲ့ Salman ရဲ့ ကား ထွက်လာတော့ ခပ်ဆင်ဆင်မို့ Title ပြောင်းခဲ့တယ်..နောက်တော့ PK ဆိုပြီး ထားခဲ့တယ်…ဒါပေမယ့် နောက်ဆုံးရုံတင်တဲ့ အချိန်ထိ Director Raju က PK နဲ့ Talli ခေါင်းစဥ်ကြား ဘယ်ဟာ ထားရမလဲ ဒွိဟ ဖြစ်နေခဲ့တယ်…နောက်ဆုံးတော့ PK ကို ဘဲ ရွေးခဲ့တယ်..

Source – Aamir Khan Fanmania Myanmar Facebook

#jdbkx.live #jdbkx #myanmarcasino #onlinegames

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *