𝐓𝐡𝐞 𝐈𝐦𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐆𝐚𝐦𝐞 - ရုပ်ရှင်အညွှန်း

The Imitation Game

မင်းဟာမင်း ဘယ်လောက်ကြီးကျယ်တဲ့ သင်္ချာပါရမီရှင်ကြီးဖြစ်ဖြစ် မင်းဖြစ်တည်မှုကိုငါတို့မကြိုက်ရင် ပြောင်းလဲပေးရမှာပဲ

– 𝐓𝐡𝐞 𝐈𝐦𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐆𝐚𝐦𝐞 –

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေရဲ့ပိရိသေသပ်တဲ့စစ်ရေးလုပ်ဆောင်ချက်တွေကြောင့် ဗြိတိသျှတွေအတော်လေးအကြပ်ရိုက်ကုန်ကြတယ် ။ အထူးသဖြင့် ကုဒ်တွေလို့ခေါ်တဲ့ စစ်ရေးလျှို့ဝှက်စာတွေကိုမဖော်နိုင်တာ ။

ကုဒ် (Code) တွေအကြောင်းကို လွယ်လွယ်ကူကူရှင်းပြရရင် အဓိပ္ပါယ်ဝှက်ထားတဲ့ သတင်းစကားတွေ ဥပမာ – ဒီနေ့ ဗြိတိသျှပိုင်နက်ကို လေယာဥ်ဘယ်နှစ်စင်းနဲ့ အလစ်ဝင်တိုက်မယ်ဆိုတာမျိုးကို တခြားစကားလုံးတွေသုံးပြီး သတင်းပို့တာကိုခေါ်တာပါ ။ ဖြစ်ချင်တော့ ဂျာမန်တွေအသစ်ထွင်လိုက်တဲ့ Enigma Code တွေကို ဗြိတိသျှတွေ ဘယ်လိုကြိုးစားကြိုးစား မဖော်နိုင်ဘူးဖြစ်နေရော ။ နောက်ဆုံးဒီကိစ္စကိုဖြေရှင်းဖို့ လူလိုက်ရှာမှ သင်္ချာနဲ့ပတ်သက်ပြီးအင်မတန်ထူးချွန်တဲ့ Alan Turing ကိုသွားတွေ့တယ် ။

အဲ့မှာပဲ Alan Turing ကိုခေါ် တခြားသောလူတော်တွေနဲ့အဖွဲ့ ဖွဲ့ပေးပြီး ဒီ Enigma Code ကိုဖြေပေးနိုင်မယ့်စက်ထွင်စေတယ် ။ အဲ့အထိ ဇာတ်လမ်းက ပုံမှန်ပဲ ။ ကျနော်ကလည်း The Imitation Game ဆိုတော့ Alan Turing အကြောင်းမှန်းတောင်မသိ Benedict Cumberbatch ပါလို့ အဲ့ရုပ်ရှင်ကိုစကြည့်ဖြစ်ခဲ့တာ ။ ကြည့်ဖြစ်ခဲ့တာမှန်လိုက်တာလို့ပြောရမလိုပဲ ဇာတ်လမ်းကြီးက ဘာဖြစ်မလဲသိနေတာတောင် တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ။ သင်္ချာသမားတွေအကြိုက်ရုပ်ရှင်ပေါ့ ။

ဒီရုပ်ရှင်ရဲ့ တကယ့်အလှည့်အပြောင်းက ကုဒ်ဖြေတဲ့စက်ကိုထွင်အပြီးမှာမှစတာ ။ ဖြစ်ပုံက Alan က တစ်မိပေါက်တစ်ယောက်ထွန်း အင်မတန်ထူးချွန်တဲ့ သင်္ချာပါရမီရှင်တစ်ယောက် ၊ ဒါ့အပြင် ဒုတိယကမ္ဘာစစ်ကိုတိုစေမယ့် ဂျာမန်ကုဒ်ဖော်စက်ကိုလည်းတီထွင်နိုင်ခဲ့တဲ့သူ… သို့သော် သူက လိင်တူချစ်ကြိုက်တဲ့သူတစ်ယောက်ဖြစ်နေခဲ့တယ် ။ အဲ့အချိန်တုန်းက အင်္ဂလန်မှာ လိင်တူစုံမက်တာက အလွန်မသင့်တော်တဲ့ ကိုယ်ကျင့်တရားပျက်ပြားတဲ့ဖြစ်တည်မှုဆိုပြီး ဥပဒေပါထုတ်ထားတဲ့ကာလကြီးဖြစ်နေရော ။ ဒါကြောင့် လူပေါင်းများစွာအသက်ကိုကယ်ပေးခဲ့တဲ့ သင်္ချာပါရမီရှင်ကြီးဟာလည်း သူ့ဖြစ်တည်မှုကြောင့် အစိုးရကနေ ဟိုမုန်းဆေးတွေအတင်းအကြပ်သောက်ဖို့ ဖိအားပေးခံခဲ့ရတယ် ။

အဲ့ဒီဆေးဒဏ်တွေကြောင့်ပဲ Alan Turing ဟာ စိတ်ကျရောဂါနဲ့နောက်ဆုံး သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ် ။ ဒုတိယကမ္ဘာစစ်မီးကို ငြှိမ်းပေးခဲ့တဲ့ပညာရှင်တွေထဲကတစ်ယောက်ဟာ နိုင်ငံရေးတွေ ၊ ခွဲခြားမှုတွေရဲ့အောက်မှာအသက်ပေးခဲ့ရပါတယ် ။ Oppenheimer တုန်းကလည်း H-Bomb ကိုကန့်ကွက်မိတာနဲ့ နိုင်ငံ့သစ္စာဖောက်ဆိုပြီး ဝိုင်းနှိမ်ခဲ့ကြတယ် ။ Alan Turing ကျတော့လည်း Homosexual တစ်ယောက်ဖြစ်နေလို့တဲ့ ။

ဒီရုပ်ရှင်တွေကြည့်ပြီး တခြားထက် အရာအားလုံးရဲ့အပေါ်မှာရှိနေတဲ့ နိုင်ငံရေးကိုတော့အတော်လေးသတိပြုမိတယ် ။ The Imitation Game ကိုကြည့်ပြီး ကျနော်ကောက်ချက်ချမိတာက ဉာဏ်ရည်ဉာဏ်သွေး ၊ တီထွင်ဖန်တီးနိုင်မှု ၊ ဖောက်ထွက်တွေးခေါ်မှု ၊ လိင်အခြေပြုအတွေးအခေါ် စတဲ့အရာအားလုံးရဲ့အပေါ်မှာ နိုင်ငံရေးရှိနေတယ်ဆိုတာပါပဲ ။

Source – Dionola

ဇာတ်ကားအစ,အဆုံးကို ဒီ Link မှာ Download လုပ်စရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ..

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *