You’re next (2011)

“ဘက်ဂျက်အနည်းငယ်သာ သုံးထားတဲ့ ဒီရုပ်ရှင်က အကောင်းဆုံး လူသတ်ရုပ်ရှင်တွေထဲက တစ်ကားအပါအ၀င် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့လှည့်ကွက်ကလည်း ပါးစပ်အဟောင်းသားဖြစ်ရတယ် “

မြို့နဲ့အလှမ်းဝေးတဲ့ တောစပ်တစ်နေရာက အပန်းဖြေအိမ်ဝာစ်ခုမှာ အားလပ်ရက်ကိုဖြတ်သန်းနေကြတဲ့ မိသားစုတစ်စုရဲ့တွေ့ဆုံပွဲကတော့အိမ်ထဲကို ဖောက်၀င်လာတဲ့ မြှားတစ်စင်းကြောင့် မိသားစု၀င်တစ်ဦးကို ထိမှန်ပြီး ၀ရုန်းသုန်းကားဖြစ်သွားခဲ့ရပါတယ်။ အဲ့ဒီမြှားတစ်စင်းဟာ အိမ်အပြင်ဘက်မှာရှိတဲ့ တိရိစ္ဆာန်မျက်နှာဖုံးတွေကို ဝတ်ဆင်ထားတဲ့ စိတ္တဇလူသတ်သမားများရဲ့ လက်ချက်ဖြစ်ပြီး မကြာခင်မှာ အဲ့ဒီအပန်းဖြေအိမ်ကြီးကို မောင်ပိုင်စီး အိမ်ထဲက လူအားလုံးကို ရက်ရက်စက်စက်သတ်ဖြတ်တော့မဲ့ ရှေ့ပြေးလက္ခဏာမှန်း ဘယ်သူမှ မသိခဲ့ကြပါဘူး ။

You ‘re next ဇာတ်ကားဟာဆိုရင် တောအုပ်ထဲမှာ ပုန်းအောင်းနေကြတဲ့ တိရစ္ဆာန်မျက်နှာဖုံးစွပ်ထားတဲ့လူသတ်သမားများရဲ့ မိသားစုတစ်စုအပေါ် အကြင်အနာမဲ့စွာသတ်ဖြတ်မှုဇာတ်ကွက်တွေကြောင့် ကြည့်ရှုဖို့ ရင်တုန်လွန်းလှပါတယ်။ Horror ဇာတ်ကားတော်တော်များများရဲ့ ထုံးစံအတိုင်းဒီထဲက ဗီလိန်ဇာတ်ကောင် တစ်ခုစီတိုင်းဟာ အကြင်နာမဲ့ပြီး ရက်စက်ကြပါတယ် ။

ပြီးတော့ ဇာတ်ညွှန်းဆရာ Simon Barrett ရဲ့ ကြည့်ရှုသူများကို ပိပိရိရိလှည့်စားသွားမဲ့ လှည့်ကွက်တစ်ခုနဲ့အတူ ဒါရိုက်တာ Wingard ရဲ့ ဇာတ်အိမ်ဇာတ်ကွက်ကို ပြောင်မြောက်စွာကစားတတ်မှုတို့ကို ပေါင်းစပ်လိုက်တဲ့အခါ ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်ရဲ့အမှောင်မိုက်ဆုံးအတွင်းကျကျအထိဆွဲခေါ်သွားပြီး ဇာတ်မသိမ်းခင်အထိရင်တမ,မနဲ့ ကြည့်ရှုရစေမှာဖြစ်ပါတယ် ။

ဒါရိုက်တာ Wingard လို ဇာတ်လမ်းတစ်ခုကို အလောသုံးဆယ်ရိုက်လေ့ရှိတဲ့သူတစ်ယောက်အနေနဲ့ ဒီဇာတ်ကားအတွက် (၂)နှစ်အချိန်ယူခဲ့တယ်ဆိုကတည်းက ဇာတ်ကားအပေါ်မှာ သူဘယ်လောက်အထိ အားထုတ်ထားမှန်းပေါ်လွင်စေပါတယ် ။ စိတ်ကူးမလွဲဘဲ အမြန်သာကြည့်ကြည့်လိုက်ပါ ။

Spider Man Tribologyရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Sam Raimi လို လမ်းကြောင်းပေါ်ရောက်အောင်ကြိုးစားနေတဲ့ Wingard ရဲ့ဒီဇာတ်ကားဟာဆိုရင် ကြည့်ရှုပြီးတာနဲ့ ပရိတ်သတ်ကြီးရဲ့အကြိုက်ဆုံး Horror movies စာရင်းထဲပါဝင်လာမှာဖြစ်ပါတယ် ။ Fact – အမိုက်စား ဇာတ်အိမ် အမိုက်စားရိုက်ချက်တွေနဲ့ You’re next ဟာ ဘက်ဂျက် 1 Million သာသုံးစွဲခဲ့ပေမဲ့ ရုံတင်အမြတ်‌၀င်ငွေ 26.9 Million အထိ ပြန်လည်ရရှိခဲ့ပြီး ဟော်ရာရုပ်ရှင်လောကကို စွံ့အသွားစေခဲ့ပါတယ်။

Source : Final Girl – Horror Movie Fanpage

ဇာတ်ကားအစ,အဆုံးကို ဒီ Link မှာ Download လုပ်စရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ..

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #ရုပ်ရှင်အညွှန်း #YouAreNext #Horrorဇာတ်ကား #ဒါရိုက်တာWingard #ဇာတ်ညွှန်းဆရာ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *