ကစားသမားနှစ်ဦး ထုတ်ပယ် ခံခဲ့ရသင့်တယ်လို့ ဝန်ခံပြောကြားလာတဲ့ ဟောင်းဝပ်ဝက်ဘ်

PGMOL ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ် ဟာ အငြင်းပွားစရာတွေများခဲ့တဲ့ နယူးကာဆယ် အသင်း နဲ့ အာဆင်နယ်အသင်းပွဲမှာ ကိုင်ဟားဗတ်ဇ် နဲ့ ဘရူနို ဂွီမာရေစ့် တို့ နှစ်ဦးစလုံး ထုတ်ပယ်ခံခဲ့ရသင့်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ် ။ နယူးကဆယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်ပတ်တုန်းက အာဆင်နယ်အသင်းကို ဂေါ်ဒွန် ရဲ့ အငြင်းပွားဖွယ်သွင်းဂိုး နဲ့ အနိုင်ရခဲ့တာပါ ။

ပွဲအပြီးမှာ အာဆင်နယ် နည်းပြ အာတီတာ ဟာ ဒိုင်လူကြီးတွေအပေါ် အပြင်းအထန် ထိုးနှက်ဝေဖန် ခဲ့ပြီး အာဆင်နယ်ဘက်ကလည်း သူတို့ရဲ့ နည်းပြအပေါ်ထောက်ခံကြောင်း ကြေညာစာထုတ်ပြန် ခဲ့ပါတယ် ။ မနေ့က အင်္ဂါနေ့မှာတော့ PGMOL ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်ဟာ ဟားဗတ်ဇ် နှင့် ဘရူနို ဂွီမာရေစ့် တို့ကတော့ အနီကဒ် ပြခံရမယ့် အနေအထားကနေ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုလာခဲ့ပါတယ် ။

နယူးကာဆယ် နဲ့ အာဆင်နယ်ပွဲ ပထမပိုင်းမှာ ဟားဗတ်ဇ် ဟာ လောင်းစတပ်ဖ် ကို အဆင်အခြင်မဲ့ ဖျက်ထုတ်ခဲ့ပေမဲ့ အဝါကဒ်သာ ပြခံခဲ့ရတာပါ ။ ဒါ့အပြင် ဘရူနို ဂွီမာရေစ့် ဟာလည်း ဂျော်ဂျင်ညို ရဲ့ ဦးခေါင်းကို သိသိသာသာ ပြစ်ဒဏ် ကျူးလွန် ခဲ့ပေမယ့် အနီကဒ် ကနေ လွတ်မြောက် သွားခဲ့ပါတယ် ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဟောင်းဝပ်ဝက်ဘ် က Match Official Mic’d Up Show မှာ “ဒီလို အရေးပါတဲ့ ပွဲတစ်ပွဲက တကယ့်ကို အလုပ်များ ခဲ့ရတဲ့ ပွဲတစ်ပွဲ မဟုတ်ခဲ့ပေဘူးလားဗျာ ။ အဲ့ဒီပွဲက အခြေအနေနှစ်ရပ်ကို သေချာပြန်လေ့လာသုံးသပ်ပြီးတဲ့အခါမှာ နှစ်ခုစလုံးက အနီကဒ်ပြရမဲ့ အနေအထား ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ် ။

Source : football.london

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel

မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ဟောင်းဝပ်ဝက်ဘ် #နယူးကာဆယ် #အာဆင်နယ် #အဝါကဒ် #အနီကဒ် # #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *