လီဗာပူးနဲ့ အာဆင်နယ်တို့ ရာသီကုန်မှာ ရပ်တည်နိုင်မယ့် အဆင့်ကို ခန့်မှန်းလိုက်တဲ့ ကာရေဂါ

မန်ချက်စတာစီးတီးတို့ နောက်ပိုင်းမှာ ပုံစံကောင်း မရဖြစ်နေခဲ့ပေမယ့်လည်း ဂျေမီကာရေဂါက လီဗာပူး နဲ့ အာဆင်နယ် တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာ အတွက်သာ တိုက်ပွဲ၀င်သွားရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မန်စီးတီးဟာ ၆-ပွဲဆက် အနိုင်ရလဒ်နဲ့ ပရီးမီးယားလိဂ်ကို တာထွက်နိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး ၂-ပွဲမှာ ဝုဖ်ကို ၂-၁ ၊ အာဆင်နယ်ကို ၁-၀ နဲ့ ရှုံးကာ ဖလားပြိုင်ဘက်တွေကို အားတက်စေခဲ့ပါတယ်။

အခုဆိုရင် တော့တင်ဟမ် နဲ့ အာဆင်နယ် တို့ဟာ အမှတ်ပေးဇယားထိပ်မှာ အမှတ် ၂၀ – နဲ့ ဦးဆောင်နေကြပြီး ၂-သင်း စလုံးဟာ ဒီရာသီ ရှုံးပွဲ မရှိကြသေးပါဘူး။ လီဗာပူးကလည်း ထိပ်ဆုံးနေရာနဲ့ ၃-မှတ်အကွာမှာ ရှိနေပြီး ဒီတစ်ပတ်မှာလည်း အလှည့်အပြောင်းတွေ ရှိနေမှာတော့ အသေအချာပါပဲ။

ကာရေဂါက “လီဗာပူး အာဆင်နယ် နဲ့ အခြားအသင်းတွေ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ မန်စီးတီးတို့ ခြေချော်သွားမှ ဖြစ်ပါတယ်။ အကယ်၍ လီဗာပူးဟာ ဒါကို အခွင့်ကောင်းယူနိုင်တဲ့နေရာမှာ ရှိနေတယ်ဆိုရင် ဒါဟာ ရာသီအစက မျှော်လင့်ထားတာထက် ပိုလုပ်ပြနိုင်တာပါပဲ။

အာဆင်နယ်က မန်စီးတီးကို ကျော်ဖြတ်နိုင်ခြေ အရှိဆုံးအသင်းပါ။ အာဆင်နယ်ဟာ လီဗာပူးထက် ပိုကောင်းသလား? ကျွန်တော်တို့ ခရစ်စမတ်ကာလရောက်ရင် သိရပါလိမ့်မယ်။”

ဆက်လက်ပြီး ကာရေဂါက လီဗာပူး အနေနဲ့ အမှတ်ပေးဖလားကို ကောင်းစွာစိန်ခေါ်နိုင်ရန် ဇန်နဝါရီ အပြောင်းအရွေ့မှာ နေရာတစ်နေရာကို အားဖြည့်သွားရန် လိုအပ်တယ်လို့ ယူဆနေပါတယ်။

ကာရေဂါက “လီဗာပူးရဲ့ တိုက်စစ်ပိုင်း option ဟာ ကြောက်စရာပါ။ ဒါပေမဲ့ သူတို့ဟာ ဂိုးပေးများနေဆဲ ဖြစ်ပါတယ်။ ကလော့ အနေနဲ့ နံပါတ် ၆-တစ်ဦး လိုအပ်နေပါတယ်။ ဒီနေရာကို အားမဖြည့်သ၍ ဒီလိုပဲ ဖြစ်နေမှာပါ။

ကျန်နေရာတွေ ကတော့ လီဗာပူးဟာ အာဆင်နယ်ကို ကောင်းကောင်း ယှဉ်နိုင်ပါတယ်။ ကျွန်တော်ကတော့ လီဗာပူးနဲ့ အာဆင်နယ် တို့ ဒုတိယ နေရာအတွက်ပဲ တိုက်ပွဲ၀င်သွားရမယ်လို့ ထင်နေဆဲပါ။” လို့ ဆိုလိုက်ပါတယ်။

Source : sportskeeda.com : mirror.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#ကာရေဂါ #လီဗာပူး #အာဆင်နယ် #ရပ်တည်နိုင်မဲ့အဆင့် #Online #Game #Myanmar #OnlineGameMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *