ချဲလ်ဆီး စတားတစ်ဦးကို ဟယ်ရီကိန်းနဲ့ နှိုင်းယှဉ်နေမှု အပေါ် သတိပေးသွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက သွင်းဂိုးနဲ့ ပတ်သက်လာရင် အကြီးအကျယ် ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာလည်း အဆုံးသတ် သေချာဖို့ အတော်အသင့် ရုန်းကန်နေရဆဲ ဖြစ်ပါတယ် ။ သို့ပေမယ့် ဒီရာသီမှာသာသွားတာက ဗီလာရီးရဲလ်က ပြောင်းလာတဲ့ နီကိုးလက်စ် ဂျက်ဆင်နဲ့ ကာလရှည် ဒဏ်ရာက ပြန်ကောင်းလာတဲ့ အာမန်ဒို ဘရိုဂျာတို့ရဲ့ တိုက်စစ်ပြိုင်ဆိုင်မှု ဖြစ်ပါတယ်။

ဂျက်ဆင်ဟာ ရာသီကြိုကာလအတွင်း အထူးခြေစွမ်းပြခဲ့ပြီး ရာသီသစ်အဖွင့် သိပ်မလှပပေမယ့် ပွဲအပယ်မခံရသေးမီ ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာ ဒဏ်ရာကပြန်လာတဲ့ ဘရိုဂျာကတော့ အဖွင့်လှထားပြီး တနင်္လာနေ့က ဖူလ်ဟမ်နဲ့ပွဲမှာ ဦးဆောင်ဂိုး ရရှိပြီးနောက် တစ်မိနစ်ကျော်အကြာမှာ သူ့အတွက်ပထမဆုံး ဂိုးသွင်းနိုင်ခဲ့ပါတယ်။

လက်ရှိ ချဲလ်ဆီးနည်းပြ ပိုချက်တီနို ဟာ တော့တင်ဟမ်ကို ကိုင်တွယ်စဉ်က လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်တဲ့ ဟယ်ရီကိန်း ကို မွေးထုတ်ပေးနိုင်ခဲ့သည့်တိုင် ဘရိုဂျာကို ကိန်းလိုဖြစ်လာမယ်လို့ တိတိကျကျ မပြောနိုင်ကြောင်း အခုလိုပဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကတဆင့် သတိပေးသွားပါတယ်။

ပိုချက်တီနို က ” သူက အသက်ငယ်ပါတယ် ။ ချဲလ်ဆီးလို အသင်းကြီးတစ်သင်းအတွက် ကစားပေးချင်တယ်ဆိုရင် ခင်ဗျား စိတ်ရှည်သည်းခံမှုနဲ့ အရည်အချင်း ပြသနိုင်ဖို့ လိုပါတယ် ။ ဟုတ်ပါတယ် ။ ဒါက အာမန်ဒို အတွက် ၊ လူငယ် ကစားသမားတိုင်း အတွက် ခက်ခဲပါတယ် ။ ”

” တခါတလေမှာ ဒဏ်ရာပွဲပယ် ပြဿနာတွေရှိလာလို့ လူစာရင်းက လုံလုံလောက်လောက် မရှိနေတဲ့အချိန် ခင်ဗျားဟာ အကယ်ဒမီက လူငယ်ခြေတက်တွေကို ခေါ်သုံးဖို့လိုပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကိုယ်လုပ်ပြနိုင်ကြောင်းပြသဖို့ တံခါးလာခေါက်ကြလို့ပါ ။ ”

ဟယ်ရီကိန်းလို ကိစ္စမျိုးမှာပေါ့ ။ ဒါပေမယ့် အာမန်ဒို အနေနဲ့ ဒီကြီးကျယ်တဲ့ ကလပ်ရဲ့ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်လာဖို့ဆို ကိုယ့်ကိုယ်ကို သက်သေပြရမှာ ဖြစ်သလို ၊ အရာရာပေးဆပ်ရပါမယ် ။ ကျွန်တော်က ဒီကလပ်မှာ ဖြေရှင်းချက်တစ်ခု ရှာကောင်းရှာနိုင်ပါလိမ့်မယ် ။ ”

” ဒါပေမယ့် အရာရာပေးဆပ်ပြီး ၊ ကိုယ်ကစားခွင့်ရဖို့ ထိုက်တန်ကြောင်း ပြသနိုင်ဖို့ကသာ အရေးကြီးပါတယ် ။ သူဟာ အခုတော့ ပိုကောင်းလာပါပြီ ။ ကျွန်တော်ဟာ သူ့ကို သိတာ ၃-လပဲ ရှိပါသေးတယ် ။ ဒီအတောအတွင်းက အနေအထားနဲ့သာ ကျွန်တော် သူ့ကို နှိုင်းယှဉ်မှုတွေ လုပ်နိုင်ပါတယ် ။ ဒါပေမယ့် ၃-လအတွင်း သူဟာ အရာရာ တိုးတက်လာပါတယ် ။ ”

” အခုတော့ ကျွန်တော်တို့ သူ့ကို ဒီအသင်းနဲ့ ကိုယ်ကိုယ်တိုင် အတွက် စွမ်းဆောင်ပေးနိုင်အောင် ၊ ချဲလ်ဆီးရဲ့ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်ဖို့ ဖိအားတွေကို ရင်ဆိုင်နိုင်အောင် အချိန်ပေးဖို့လိုပါတယ် ။ ကိန်းရဲ့ အခြေအနေနဲ့တော့ မတူပါဘူး ။ သူ ကိန်းလို ဖြစ်လာမယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး ။ ”

” သူဟာ ငယ်ရွယ်ပြီး အရည်အချင်း ရှိပါတယ် ။ ဒီမှာ ကစားရတဲ့ ဖိအားဒဏ်ကို ကိုင်တွယ်နိုင်ကြောင်း ပြသနိုင်ဖို့ ၊ ခြေစွမ်း တိုးတက်လာဖို့ ဆိုတာ သူ့အပေါ်မှာပဲ မူတည်ပါတယ် ။ ရှေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့လို့ ၊ မနက်ဖြန်ပွဲကို ကစားရမယ် ၊ ရှေ့ဆက် ပွဲထွက်စာရင်းမှာ ပါဝင်ရမယ် ၊ စူပါစတား တယောက် ဖြစ်လာမယ် ဆိုပြီး ကျွန်တော်တို့ ပြောနေမှာ မဟုတ်ပါဘူး ။ ”

” မတူညီတဲ့ ရှုထောင့်များစွာမှာ သူ တိုးတက်နိုင်ဖို့ လိုပါတယ် ။ သူ့မှာ အရည်အချင်း ရှိတာတော့ ဟုတ်ပါတယ် ။ သူဟာ ဂိုးတွေ သွင်းပေးနိုင်တဲ့ တိုက်စစ်မှူး ဆိုတာလည်း ဟုတ်ပါတယ် ။ ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ်မှာ ထိပ်တန်း ဂိုးသွင်းရှင် တဦး ဖြစ်ကြောင်း သက်သေပြနိုင်ဖို့ လိုပါတယ် ။ ရှေ့လျှောက် လုပ်ရမယ့် အရာတွေ အများကြီး ကျန်ပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source : Football London

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *