ကစားသမား ၃-ဦးသာ မကစားနိုင်ရင် အာဆင်နယ်အသင်း ချန်ပီယံဆု နဲ့ ထပ်မံလွဲချော်လိမ့်မယ်လို့ဆိုတဲ့ ဂယ်ရီနဗီးလ်

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ မန်စီးတီးအသင်းကို မာတင်နယ်လီရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ အနိုင်ရပြီး မန်စီးတီးအပေါ် ကာလရှည်ကြာ အနိုင်မရမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ် ။ အာဆင်နယ်အသင်းဟာ ပွဲပြီးခါနီးအချိန်အထိ မန်စီးတီးအသင်းနဲ့ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး ပွဲချိန် ၈၅-မိနစ် အကျော်မှာမှ လူစားဝင် ကစားသမား ၄-ဦး ရဲ့ ပေါင်းစပ်မှု နဲ့ အနိုင်ဂိုး ရရှိခဲ့တာပါ ။

ပွဲအပြီးမှာတော့ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က အာဆင်နယ်အတွက် မန်စီးတီးကို အနိုင်ရဝာာဟာ ကြီးမားတဲ့ အခိုက်အတန့် ဖြစ်ပြီး မနှစ်ကလိုပဲချန်ပီယံဆုကို စိန်ခေါ် နိုင်တဲ့ အနေအထားပြန်ရောက်လာပြီလို့ ခံစားရကြောင်း ပြောကြားသွားခဲ့ပါတယ် ။

ဒါပေမယ့်လည်း နဗီးလ် က ဆလီဘာ ၊ ဂါဘရီယဲလ် ၊ ဒက်ကလန်ရိုက်စ် တို့သာ မရှိရင် အာဆင်နယ် အသင်းဖလား ရနိုင်မှာမဟုတ်ကြောင်း ပြောကြားသွားခဲ့ပါတယ် ။ ” ဗဟို နောက်ခံလူ နှစ်ဦး နှင့် ရိုက်စ် သာမရှိရင် အာဆင်နယ်အသင်း အမှတ်ပေးချန်ပီယံ ဖြစ်မှာ မဟုတ်ပါဘူး ။ ဒီကနေ့ အမ်းမရိတ်ကွင်းအတွင်း ပရိသတ်တွေရဲ့ အားပေးမှုကထူးရှယ်ပါပဲ ။ ”

” အာဆင်နယ်ပရိသတ်‌တွေ အလွန်အကျုး အောင်ပွဲခံနေကြတယ်လို့ ကျနော်အရင်ကဝေဖန် ခဲ့ဖူးပါတယ် ။ ဒီနေ့တော့ ကျနော် အဲ့ဒီလို လုံး၀ ‌မပြောတော့ပါဘူး ၊ သူတို့အတွက် ကြီးမားတဲ့အခိုက်အတန့်ပါပဲ ။ ဒီနေ့ သူတို့ မန်စီးတီးကို အနိုင်ရကို ရဖို့လိုအပ်နေခဲ့တာပါ ။ ”

” ရိုဒရီ ၊ ဒီဘရိုင်းနား မပါတဲ့ မန်စီးတီး ကို အနိုင်ရဖို့လောက် ကောင်းတဲ့အခွင့်အရေး မရှိတော့ပါဘူး ။ မန်စီးတီးက ပြီးခဲ့တဲ့ အပတ်က ဝုလ်ဗ် ကိုလည်း အရေးနိမ့် ထားခဲ့တာပါ ။ ဒီကနေ့မှာ အာဆင်နယ် အသင်းဟာ သူတို့ ၁၂ -ပွဲ ဆက်တိုက် မန်စီးတီး အပေါ် နိုင်ပွဲ ပျောက်နေမှုကို ရပ်တန့် နိုင်ခဲ့ပြီ ၊ ဒီနိုင်ပွဲက သူတို့ကို အများကြီး ယုံကြည်မှု တိုးပွားစေပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Source : Dailymail : Mirror

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link

#အာဆင်နယ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *