ဂိုးပြတ် နိုင်ပွဲထက် သူ့ကို ပိုပြီး ပျော်ရ္ယွှင်စေခဲ့တဲ့ အရာကို ထုတ်ဖော် ပြောကြားလာတဲ့ အာတီတာ

ဂိုးပြတ် နိုင်ပွဲထက် သူ့ကို ပိုပြီး ပျော်ရွှင်စေခဲ့တဲ့ အရာကို ထုတ်ဖော် ပြောကြားလာတဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဘုန်းမောက် အသင်းကို လေးဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ် ။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ဆာကာ ၊ အော်ဒီဂတ် ၊ ဟားဗတ်ဇ် နှင့် ဘန်ဝှိုက် တို့က သွင်းယူ ခဲ့ကြတာပါ ၊ တစ်ပြိုင်တည်း ကစားတဲ့ပွဲမှာ မန်စီးတီးအသင်းက ရှုံးပွဲကြုံတွေ့ သွားခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ မန်စီးတီးကြားမှာ အမှတ်ကွာဟမှုက တစ်မှတ်သာ ရှိပါတော့တယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ပွဲအပြီးမှာ ဂိုးပြတ် နိုင်ပွဲထက် သူ့ကို ပိုပြီး ပျော်ရွှင်စေခဲ့တဲ့ အရာရှိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ် ။ အာတီတာ က ပွဲချိန် အတွင်း အသင်းသားတွေရဲ့ အချင်းချင်း ဖေးမစာနာ မှုကို မြင်ခဲ့ရတဲ့အပေါ် အတိုင်းမသိ ဝမ်းသာ မိတယ်လို့ ဆိုသွားခဲ့တာပါ ။

” နိုင်ပွဲအတွက် ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ် ။ ဒါပေမယ့် ကျွန်တော့် အသင်းသားတွေ ဒီကနေ့ လုပ်ဆောင်ခဲ့တဲ့ လူပီသတဲ့ အပြုအမူ ကြောင့် ဒီအသင်းရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ရတာကို ပိုပြီးတော့တောင် ပျော်မိပါတယ် ။ မေးခွန်းထုတ်ခံရမှုတွေ ရှိနေတဲ့ ကစားသမား(ဟားဗတ်ဇ်) ကို အားလုံးက ဝိုင်းဝန်း ဖေးမ အားပေး ဂုဏ်ပြု ကြတာကို မြင်ရတော့ ကျွန်တော်ပါ ‌နွေးထွေးတဲ့ ခံစားချက်ကို ခံစား မိခဲ့ပါတယ် ။ ”

” ပရိသတ်တွေ ဟားဗတ်ဇ် ကို ခုလို အားပေးတာကို ကြားရ မြင်ရတော့ သူ့အတွက် ဝမ်းသာမိပါတယ် ၊ သူက အဲ့ဒီလို အားပေးမှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမားပါ ၊ သူ့အပေါ် ‌ကျွန်တော်တို့ ဘယ်လို သဘောထားသလဲ ဆိုတဲ့ မေးခွန်းတွေကို ထပ်ဖြေစရာ မလိုတော့တဲ့ တုန့်ပြန်မှုပေါ့ဗျာ ။ ”

ဒက်ကလန်ရိုက်စ် ကလည်း ပွဲအပြီးမှာ ” တကယ့်ကို ကြည်နူး ဝမ်းသာရတဲ့ အခိုက်အတန့်ပါ ၊ ကိုင်အတွက် ၊ ပရိသတ်တွေအတွက် သက်ဆိုင်တဲ့သူတွေ အားလုံးအတွက်ပေါ့ ၊ ကျွန်တော်တို့ အားလုံးက သူ့ကို အသင်းမှာ အောင်မြင် စေချင်ကြပါတယ် ။ အရိုးသားဆုံး ပြောရရင် သူက လေ့ကျင့်ရေး အစီအစဉ်တိုင်းမှာ မဆုတ်မနစ် ရေကုန်ရေခမ်း ကြိုးစားတတ်သူပါ ။ ”

” ပွဲထဲမှာလည်း အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားတတ်သူပါ ။ ဒီနှစ်မှာ သူဂိုးသွင်းဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဂိုးမရသေးဘူး ဖြစ်နေခဲ့ပါတယ် ၊ ‌ဒါပေမယ့် ဒီနေ့လို ဖိအားတွေ မြင့်နေတဲ့ အချိန်မှာ သူပင်နယ်တီကို တည်တည်ငြိမ်ငြိမ် ကန်သွင်း နိုင်ခဲ့တာက သူ့ရဲ့စိတ်ဓတ် အရည်အသွေး နှင့် စွမ်းဆောင်ရည် ဘယ်လောက်အထိ ထူးချွန် ကောင်းမွန်သလဲ ဆိုတာ ပြသလိုက်ဝာာပါပဲ ။ ” လို့ ပြောကြားသွားခဲ့ပါတယ် ။

Source : Yahoo Sport

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *