ဂျွန်တယ်ရီအား ဘာကြောင့် နည်းပြအဖွဲ့မှာ ခေါ်မခန့်ခဲ့လဲ ဆိုတာ ရှင်းပြလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပိတ်သိမ်းခါနီး တစ်လခွဲအလိုမှာ နဂို ၅-နှစ် စာချုပ်နဲ့ ခန့်အပ်ထားခဲ့တဲ့ နည်းပြဟောင်း ဂရေဟမ် ပေါ်တာကို ထုတ်ပယ်ခဲ့ကာ ၊ ကလပ်ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်ကို ယာယီ caretaker နည်းပြ အဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပါတယ် ။

ကနဦးမှာ လမ်းပတ်ဟာ ၄င်းနဲ့အတူ နှစ်ပေါင်းများစွာ အတူတူတွဲကစားလာတဲ့ ခြင်္သေ့ပြာ ဂန္တဝင်ခံစစ်မှူးဟောင်း ဂျွန်တယ်ရီကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်ဖို့ သတင်းတွေထွက်ခဲ့ပေမဲ့ တကယ်တမ်းမှာ နည်းပြ အဖွဲ့ထဲ သူယုံကြည်ရတဲ့ အဖွဲ့ဝင်တွေကိုသာ ခေါ်ယူခဲ့ပါတယ်။

Obi-one Podcast နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ လမ်းပတ်က ပြီးခဲ့တဲ့ ရာသီတုန်းက တယ်ရီကို နည်းပြအဖွဲ့ထဲ ဘာကြောင့်မခေါ်ခဲ့လဲ ဆိုတာ အခုလိုပဲဖြေရှင်းလာပါတယ် ။

လမ်းပတ် က “ကျွန်တော်ဟာ ဂျွန်တယ်ရီ အပေါ် အဆင့်တိုင်း အမြင့်မားဆုံးသော လေးစားမှုထားပါတယ် ။ ဒါက ကလပ်ဖက်က ဂျွန်အပေါ် နည်းပြ အလုပ်အကြောင်း မေးမြန်းတာနဲ့ သက်ဆိုင်ပါတယ် ။ ဒါက ကျွန်တော့်အတွက် ဖြေရမဲ့အရာ မဟုတ်ပါဘူး”

“ကလပ်ဖက်က ဒီယာယီ caretaker နည်းပြ အလုပ် အတွက်ရောက်လာခဲ့တာပါ ။ ဒီတော့ ဒီကိစ္စက အရမ်း မြန်မြန်ဆန်ဆန်ပဲ ဖြစ်မြောက်သွားခဲ့ပါတယ် ။ သူတို့ ကျွန်တော့်ဆီ ဒီရာထူးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် မေးမြန်းတုန်းက ကျွန်တော့်မှာအဖြေပြန်ပေးဖို့ ၁-ရက်သာသာပဲ အချိန်ရခဲ့တာပါ”

“သူတို့ဟာ ကျွန်တော့်ကို နည်းပြအဖွဲ့မှာထည့်ဖို့ အဖွဲ့ဝင် ၂-ဦးပဲ ခေါ်ဖို့ ပြောခဲ့တာပါ။ ဒီအလုပ်မှာ ခင်ဗျားအဖို့ အဖွဲ့ဝင်တွေ ခေါ်တဲ့အခါ ဒါကကြီးမားတဲ့ မေးခွန်းတစ်ရပ် ဖြစ်ပါတယ် ။ ဘယ်သူတွေကို ကိုယ့်အဖွဲ့ထဲ ခေါ်ထည့်မှာလဲ ? ဘယ်လောက်များများ ခေါ်ရမှာလဲပေါ့”

“ချဲလ်ဆီးကို ကျွန်တော် ဒီမတိုင်ခင် ရှေ့တစ်ခေါက်တုန်းကလည်း ကိုင်တွယ်ခဲ့ဖူးပါတယ် ။ ဒါဘီ ၊ ချဲလ်ဆီးနဲ့ အဲဗာတန်မှာ အတူ အလုပ်တွဲလုပ်ခဲ့တဲ့ အဖွဲ့ဝင်တွေ ရှိပါတယ် ။ အဆုံးမှာ ကျွန်တော်ဟာ အက်ရ်ှလေ ( ကိုးလ် ) ကို တည်ကန်ဘော နည်းစနစ်တွေ ပြသဖို့ ၃-ယောက်မြောက် အဖွဲ့ဝင် အဖြစ် ခေါ်ယူဖြစ်ခဲ့ပါတယ်”

“ပုံမှန် ကျွန်တော်နဲ့ အတူ အလုပ်တွဲလုပ်တဲ့ အဖွဲ့ဝင်တွေက ခရစ်ဂျုံးစ်နဲ့ ဂျိုးအက်ဒ်ဝပ်တို့ပါ ။ ဒီတော့ ကျွန်တော့်မှာ သူတို့ကလွဲပြီး တခြား ရွေးချယ်စရာ ထွေထွေထူးထူး မရှိခဲ့ပါဘူး ။ ကျွန်တော်ဟာ ဂျွန်အပေါ် လေးစားမှု အပြည့်ထားပါတယ် ။ သူဟာ လက်ရှိ ချဲလ်ဆီးရဲ့ မန်နေဂျာတောင် ဖြစ်သင့်ပါတယ်”

“အထူးသဖြင့် သူ အဲဒီမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ၊ ဘောလုံးသမား ဘဝမှာသာမက ၊ စီမံခန့်ခွဲရေး အပိုင်းမှာလည်း သူ ဦးစီးဦးဆောင် လုပ်ပေးခဲ့တာပါ ။ ကျွန်တော် ချဲလ်ဆီးကို ဒုတိယအကြိမ် ပြန်လာရတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အနီးကပ် အတူတူ အလုပ်လုပ်ခဲ့တဲ့ အဖွဲ့ဝင်တွေကိုပဲ တလေးတစား ပြန်လည် ခေါ်ယူခဲ့တာပါ”

“ဂျွန်နဲ့ဆိုလည်း ကျွန်တော် ပျော်ပျော်ကြီး အတူ အလုပ်လုပ်သွားမှာပါ ။ သူဟာ ကစားသမားတွေ အပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှု ပေးစွမ်းနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source : TheSun.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel

မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ဂျွန်တယ်ရီ #လမ်းပတ် #နည်းပြအဖွဲ့မှာခေါ်မခန့်ခဲ့ရခြင်း #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *