စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်၏ ဖြစ်ရပ်နှင့်ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူမှုများပြုလုပ်မည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က စပိန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ   ရူဘီယာလက်စ်၏ ဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်   ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အပြီး ဆုပေးပွဲအခမ်းအနားတွင် ရူဘီယာ လက်စ်သည်  စပိန်အမျိုးသမီးအသင်းမှ တိုက်စစ် ကစားသမားဟာမိုဆိုကို   ဆုပေးပွဲစင်မြင့်ထက်၌ မဖွယ်မရာပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်အပြီး ကာယကံရှင် ဟာမိုဆိုအပြင် စပိန်အမျိုးသမီးအသင်း   ကစားသမားအားလုံးနှင့် အတူ ကစားသမားဟောင်းများကလည်း ရူဘီယာ လက်စ်ကို ဥက္ကဋ္ဌရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အစောပိုင်းက ရူဘီယာ လက်စ်က ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် စပိန်နိုင်ငံအားကစားကောင်စီက ရူဘီ ယာလက်စ်ကို စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးတာဝန်မှ ရပ်ဆိုင်းခဲ့သကဲ့သို့ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်ကလည်း ရူဘီယာလက်စ်ကို ဘောလုံး လောကနှင့် ရက်  ၉၀  ပတ်သက်ခြင်းမပြုရန်  ပြစ်ဒဏ်ချမှတ်မှု ပြုလုပ်ခဲ့သည်။ ထို့ပြင်  ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး ရူဘီယာ လက်စ်ခန့်အပ်ထားသည့် စပိန် အမျိုးသမီး အသင်း နည်းပြ ဗီဒါကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

 Source – Espn.co.uk

အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *