ချဲလ်ဆီးတို့ ဘယ်နှနှစ်ကြာမှ ပရီးမီးယားလိဂ်ဖလားကို ပြန်လည် ဆွတ်ခူးမလဲ ဆိုတာ ခန့်မှန်းသွားတဲ့ ဆိုင်မွန်ဂျော်ဒန်

ချဲလ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ ၆-နှစ်ခန့်က ပရီးမီးယားလိဂ် ဖလားကို နောက်ဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ၊ အဲဒီနောက်ပိုင်း ချန်ပီယံဆုနဲ့ အနီးစပ်ဆုံး ဆိုလို့ အဆင့် ၃ ၂-ကြိမ်သာ ရခဲ့ပါတယ် ။ လက်ရှိ ချဲလ်ဆီးကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လက်တွေ့ဆန်ဆန် စိန်ခေါ်ဖို့ မဖြစ်နိုင်သေးပါဘူး ။

အထူးသဖြင့် တော့ဒ်ဘိုလီနဲ့ အမေရိကန်ပိုင်ရှင်တွေရဲ့ ပေါ်လစီအရ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့စျေးကွက် အနည်းငယ် အတွင်း ကမ္ဘာတလွှားမှ လူငယ်ခြေတက်တွေကို အလုံးအရင်းနဲ့ ခေါ်ယူကာ အနာဂတ်အတွက် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံထားတာကြောင့် အတွေ့အကြုံပိုင်းအရ ချန်ပီယံဆုကိုစိန်ခေါ်ဖို့ အတော်လေးအားနည်းနေပါသေးတယ် ။

ပရီးမီးယားလိဂ်ဖလား နောက်ဆုံးဆွတ်ခူးခဲ့စဉ်က ချဲလ်ဆီးအသင်းမှာ ကမ္ဘာ့အဆင့်ကစားသမား အများအပြား ရှိခဲ့ပေမဲ့ လက်ရှိ ချဲလ်ဆီးမှာတော့ ကမ္ဘာ့အဆင့် ကစားသမားအရေအတွက်က မဆိုစလောက်သာ ရှိနေတာကိုတွေ့ရပါတယ် ။

သို့ပေမဲ့ စိတ်ရှည်ရှည်နဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရင်တော့ ချဲလ်ဆီးတို့ ရွှေထီးဆောင်းခဲ့တဲ့ ခေတ်ဆီ တဖန်ပြန်ရောက်လာနိုင်မှာ သေချာပါတယ် ။ လောလောဆယ်မှာတော့ ခြင်္သေ့ပြာတို့အတွက် လက်တွေ့အကျဆုံး ပစ်မှတ်က Top 4 ဝင်ဖို့ ဖြစ်ပါတယ် ။

ခရစ်စတယ်ပဲလေ့စ် ပိုင်ရှင်ဟောင်း ဆိုင်မွန်ဂျော်ဒန်ကတော့ လက်ရှိ နည်းပြ မော်ရစ်စီယိုပိုချက်တီနိုဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးပေးနိုင်မှာမဟုတ်ကြောင်း သုံးသပ်သွားပေမဲ့ နောက် ၂-နှစ် ၊ ၃-နှစ် အကြာမှာတော့ ခြင်္သေ့ပြာတို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ခန့်မှန်းသွားပါတယ် ။

TalkSport နဲ့ တွေ့ဆုံခဲ့ရာမှာ ဂျော်ဒန် က ” သူတို့ ငွေအများကြီး သုံးထားပါတယ် ။ ဒါဟာ ပိုက်ဆံတွေသာ ရေလိုသုံးပြီး ၊ ဘောလုံး အသိဉာဏ် ဗဟုသုတမရှိဘဲနဲ့ ကစားသမားတွေကို ခေါ်ချင်တိုင်းခေါ်နေခြင်းရဲ့ အမှောင်ခြမ်း ဖြစ်ပါတယ် ။ ဒါပေမဲ့ ချဲလ်ဆီးဟာ အောင်မြင်မှု လမ်းကြောင်းပေါ်ကို ပြန်ရောက်လာလိမ့်မယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး ။ ”

” အောင်မြင်မှု လမ်းကြောင်းဆီ ဘယ်လောက် မြန်မြန်ရောက်လာမလဲ ၊ ပိုချက်တီနိုကပဲ သူတို့ကိုအောင်မြင်တဲ့ ခေတ်တခေတ်ဆီ ပြန်ပို့ပေးမှာလား ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ် ။ ပိုချက်တီနိုဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ်ဖလား ယူပေးလိမ့်မယ်လို့ ကျွန်တော် ဘယ်တော့မှ မခံစားမိပါဘူး ။ ”

” သူဟာ ချဲလ်ဆီးကို Top 4 ထဲ ဝင်အောင် ပို့ဆောင်ပေးနိုင်လောက်တဲ့အထိပဲ စွမ်းနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ် ။ အဲဒီကနေပြီး ချဲလ်ဆီးတို့ ရှေ့ဆက်ရမှာပါ ။ ဒါပေမယ့် Top 4 ရရုံပဲ ဆိုတာက ချဲလ်ဆီးရဲ့ အောင်မြင်မှုပန်းတိုင် မဟုတ်ပါဘူး ။ ”

” လောလောဆယ် သူတို့အသင်းဟာ အခြေအနေ ကသောင်းကနင်း ဖြစ်နေတာမို့ ဆုဖလား စိန်ခေါ်နိုင်ဖို့ အနေအထားနဲ့ လုံးဝနီးစပ်မှု ရှိမနေဘူးလို့ ထင်ကောင်းထင်နေရတာပါ ။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ချဲလ်ဆီးဟာ အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်လာပါလိမ့်မယ် ။ ”

” ကျွန်တော့ကိုယုံပါ ။ တော့ဒ်ဘိုလီ လက်ထက် နောက်ထပ် ၂-နှစ် ၊ ၃-နှစ်လောက်ကြာရင် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source : TalkSport.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#jdbkx.com #အားကစားသတင်း #ဆိုင်မွန်ဂျော်ဒန် #ချဲလ်ဆီး #ပရီးမီးယားလိဂ်ဖလား #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *