ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ ဒါးလော့

ဝေဖန်မှုတွေကို အသင်းရဲ့ အဝတ်လဲခန်းထဲ ဘယ်လိုတုန့်ပြန်နေခဲ့ကြသလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ဒါးလော့

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူ ဖြစ်တဲ့ ဒီယိုဂို ဒါးလော့က ဘန်လေ အသင်းနဲ့ နိုင်ပွဲအပြီးမှာ မီဒီယာတွေရဲ့ ဝေဖန်ထိုးနှက်မှုတွေက သူတို့အတွက်တော့ လူသတ်စက်တွေလို ဖြစ်နေခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘန်လေ အသင််းနဲ့ မရင်ဆိုင်မီမှာ အာဆင်နယ် ၊ ဘရိုက်တန် နဲ့ ဘိုင်ယန် မြူးနစ် အသင်းတွေကို 3 ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ ဝေဖန်မှုတွေ ခံနေခဲ့ရတာပဲ ဖြစ်ပါတယ် ။

Diogo Dalot hits out at ‘killing machine’ against Man Utd after slow start to season

ဒါ့အပြင် ကစားသမားတွေရဲ့ တစ်ဦးချင်းစီ စွမ်းဆောင်ရည်ဟာလည်း ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ဟာ ဘန်လေ အသင်းနဲ့ ပွဲစဥ်မှာတော့ အဆိုပါ မှတ်တမ်းဆိုးတွေကို ချေဖျက်နိုင်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ကြပါတယ် ။

အခုတော့ ယူနိုက်တက် နောက်ခံလူ ဒါးလော့ က ပြင်ပမှ ဝေဖန်မှုတွေဟာ သူတို့အတွက် လူသတ်စက်တွေလို ဖြစ်နေခဲ့ရပေမဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းထဲမှာတော့ သူတို့ဟာ အရာရာကို လျစ်လျူရှုပြီး အလုပ်ဆက်လုပ်ခဲ့ဖြစ်ကြောင််း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျေနပ်မိပါတယ် ။ ကျွန်တော်တို့ရဲ့ စုစည်းကစားပုံ ကောင််းမွန်ခဲ့တယ်လေ ။ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး စကားတွေ ပြောဆိုနေခဲ့ကြပြီး ယုံကြည်မှု မြင့်တက်အောင် တိုက််စစ်ဆင် ကစားဖို့ ၊ ရန်လိုစွာ ကစားဖို့ လုပ်ခဲ့ပါတယ် ”

” ကိုယ့်အသင်းဖော်ကို ကြည့်လိုက်တဲ့ အခါမှာလည်း သူဟာ ကိုယ့်အတွက် အကောင်းဆုံး ပေးဆပ် ကစားနေခဲ့တယ််လေ ။ ဒီပွဲကို စိတ်ဓါတ်ခိုင်မာမှုနဲ့ ကျွန်တော်တို့ ကစားခဲ့ကြတာပါ ။ နောက်ပွဲတွေအတွက် ဒီပွဲက စံနမူနာထားစရာပါပဲ ”

” မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးရင်ဖြင့် ခင်ဗျားဟာ ပွဲစဥ်တိုင်း ခြေစွမ်းတည်ငြိမ်ဖို့ လိုအပ်မှာပါပဲ ။ ခင်ဗျား မနိုင်ရင် ခင်ဗျားကို တက်နိုင်တဲ့ နည်းလမ်းနဲ့ သတ််ဖြတ်ဖို့ ကြိုးစားမယ့်သူတွေ ဒုနဲ့ဒေးပါပဲ။ ပြီးခဲ့တဲ့ အပါတ််တွေကဆို ကျွန်တော်တို့ လူသတ်စက်တွေနဲ့ ကြုံခဲ့ကြရတယ်လေ ”

” ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစား တိုက်ပွဲဝင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ကာရင်တန်ထဲ ဝင်ရောက်လိုက်တာနဲ့ ပြင်ပက ဆူညံသံတွေကို လျစ်လျူရှုလိုက်ပြီး ကြိုးကြိုးစားစား တိုက်ပွဲဝင်ခဲ့ကြပါတယ် ။ ဒီနေ့တော့ အဲ့တာနဲ့ အကျိုးဆက််ကို ခံစားခွင့်ရနိုင်ခဲ့ပါပြီ ” လို့ ဒါးလော့ က ပြောခဲ့လိုက််တာပဲ ဖြစ်ပါတယ် ။

Soruce : Mirror.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *