နောက်ဆုံးရအားကစားသတင်းများ

ဘရာဇီး တိုက်စစ်မှူး နေမာ ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒူး အရွတ်စုတ်ပြဲဒဏ်ရာ ရရှိသွားကြောင်း အယ်ဟီလေ ကလပ်က ထုတ်ပြန် ကြေညာသွားခဲ့ပြီး မကြာခင် ရက်အတွင်းမှာ ခွဲစိတ်ကုသကာ ကာလရှည် အနားယူရနိုင်တယ်လို့ သိရပါတယ် ။

မန်ယူနိုက်တက် ရဲ့ ရှယ်ယာ ၂၅% ကို ဝယ်ယူဖို့ စီစဉ်ထားတဲ့ ဗြိတိန် ဘီလီယံနာကြီး ဆာဂျင်ရတ်ကလစ် ဟာ သူ့ရဲ့ ဝယ်ယူရေး အစီအစဉ်ကို ဇန်နဝါရီ မတိုင်ခင်အပြီးသတ်ကာ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ အသင်းအတွက်ပါဝင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ ကြားသိရပါတယ် ။

ဘိုင်ယန်မြုးနစ် ဆေးအဖွဲ့ ဟာ ဝါရင့် ဂိုးသမားကြီး နူအာ ကို ဘောလုံးပြန်ကစားဖို့ မီးစိမ်းပြလိုက်ပြီ ဖြစ်တာကြောင့် အခုတစ်ပတ်ကစားမယ့် မိန်ဇ့် အသင်းနဲ့ ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ် ။ နူအာ ကို သုံးမယ် ၊ မသုံးဘူးဆိုတာကတော့ နည်းပြ တူချယ် အပေါ်မှာပဲ မူတည်တော့မှာဖြစ်ပါတယ် ။

Source : The Sporting News : News.Sky : Bundesliga

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#နေမာဒဏ်ရာသတင်း #ဆာဂျင်ရတ်ကလစ် #ဂိုးသမားကြီးနူအာ #Online #Game #Myanmar #OnlineGameMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *