ပက်ဂွာဒီယိုလာ ထက် ပိုကောင်းလာမဲ့ နည်းပြအမည်ကို ထုတ်ပြောလိုက်တဲ့ ဘိုတန်

လက်ရှိ ဘောလုံးအားကစား လောကထဲကို ကြည့်လိုက်မယ်ဆိုရင် မန်စီးတီးအသင်းရဲ့ နည်းပြ ဖြစ်သူ ပက်ဂွာဒီယိုလာ က အကောင်းဆုံး နည်းပြပဲ ဆိုတာ အားလုံးသိကြ ၊ လက်ခံကြပါလိမ့်မယ် ။ သူဟာ ကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး လက်ရှိ ကိုင်တွယ်နေခဲ့တဲ့ မန်စီးတီးအသင်းကိုလည်း ပထမဆုံး ချန်ပီယံလိဂ် ဖလားနဲ့အတူ ဆုဖလား (၃) လုံးရတဲ့ ရာသီမျိုး ပိုင်ဆိုင်စေနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ လက်ရှိ ဟာသာဘာလင် အသင်းမှာ ကစားနေခဲ့တဲ့ ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်သူ ကယ်ဗင်ပရင့်စ်ဘိုတန် ကတော့ ဘရိုက်တန် နည်းပြ ဒီဇာဘရီဟာဂွာဒီယိုလာ ထက် ပိုကောင်းလာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ် ။
“ကျွန်တော်သာ လွန်ခဲ့တဲ့ (၁၀) နှစ် (၁၂) နှစ်လောက်တုန်းကသာ ဒီဇာဘရီကို ပိုင်ဆိုင်ခဲ့ရင် ကျွန်တော့်ရဲ့ ကစားသမား ဘဝကခြားနားနေခဲ့မှာပါ ။ သူဟာလာမဲ့ နှစ် (၂၀-၃၀) အတွင်းမှာ အကောင်းဆုံး နည်းပြ ဖြစ်လာပါလိမ့်မယ်”
“သူဟာ အတူလက်တွဲ အလုပ်လုပ်နေတဲ့ ကစားသမားတိုင်းကို ပိုပြီးတိုးတက်စေနိုင်ပါတယ် ။ အရန်အသင်းမှ ဂိုးသမားကနေ တိုက်စစ်မှူး အထိ သူဟာ အားလုံးကိုတိုးတက်အောင် လုပ်ဆောင်ပေးနိုင်သူပါပဲ ”

” ကျွန်တော် အသက် (၃၂) နှစ် အရွယ်မှာ သူနဲ့ အလုပ်တွဲလုပ်ခဲ့ရဖူးပြီး ကစားသမားဘဝရဲ့ အကောင်းဆုံး ရက်စွဲတွေကို ပိုင်ဆိုင်ထားခဲ့ဖူးပါတယ် ။ ဒီဇာဘရီ က ခင်ဗျားကို အသင်းအဖွဲ့ တစ်ခုထဲ အံဝင်အောင်လုပ်နိုင်သူပါ ”

” ကျွန်တော့်ကို ဘယ်အချိန် ဂရုစိုက်မှု ပေးရမလဲ ၊ ဘယ်အချိန်မှာ စိတ်ဓါတ် ခွန်အားတွေ ပေးရမလဲဆိုတာတွေကို လိုအပ်တဲ့ အချိန်တိုင်းမှာ ပေးစွမ်းနိုင်ပါတယ် ။ သူက လူ အချင်းချင်း ဆက်ဆံရေးကို အလေးထားသူ တစ်ဦးပါ ”

” ဒါက အရေးကြီးတဲ့ အခြေခံ အချက်တစ်ခုပါပဲ ။ ဒီဇာဘရီ က ပက်ဂွာဒီယိုလာ ထက် ပိုကောင်းတဲ့ နည်းပြ တစ်ဦးလား ? ကျွန်တော်ကတော့ ဟုတ်တယ် လို့ ဖြေလိုက်ပါ့မယ် ” လို့ ဘိုတန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

Source : gistreel.com
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ပက်ဂွာဒီယိုလာ #ဒီဇာဘရီ #မန်စီးတီး #ဟာသာဘာလင် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *