ပရီးမီးယားလိဂ် လက်ရှိအကောင်းဆုံး‌နောက်ခံလူကို ရွေးချယ်ပေးလိုက်တဲ့ ဖာဒီနန်

ပရီးမီးယားလိဂ် လက်ရှိအကောင်းဆုံး‌နောက်ခံလူကို ရွေးချယ်ပေးလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယိုဖာဒီနန် ဟာ မန်စီးတီးနဲ့ ပွဲက ဆလီဘာ ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားသွားခဲ့ပေမဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး‌နောက်ခံလူ ဖြစ်လာဖို့တော့ အများကြီးကြိုးစားရဦးမယ်လို့ သတိပေးသွားခဲ့ပါတယ် ။

ဖာဒီနန်က Vibe with Five မှာ ” ကျွန်တော် အာဆင်နယ် နဲ့ မန်စီးတီးပွဲကို ကြည့်လိုက်ရပါတယ် ။ ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်လက္ခဏာက ပွဲကြီးတွေမှာ စကားပြောပါတယ် ၊ ဆလီဘာ က ဘောလုံး ရှိရှိ မရှိရှိ သူကစားတာ တကယ့်ကို အေးဆေးတည်ငြိမ်ပြီး မိုက်ပါတယ်။ ကျွန်တော့်အထင် ပြီးခဲ့တဲ့ ၈-ပွဲစလုံး သူ့ကို ကျော်ဖြတ်နိုင်ခဲ့သူမရှိပါဘူး ။ ”

” ဂါဘရီရယ် နှင့် ဆလီဘာတို့ရဲ့ အတွဲအဖက်က အာဆင်နယ် အသင်းခံစစ်ကို ပိုပြီးကျစ်လစ် ခိုင်မာလာစေတာပါ ။ ဆလီဘာ အနေနဲ့ ဂါဘရီရယ်လို တွဲဖက်ကောင်းသာမရှိရင် အခုလိုကစားနိုင်မှာမဟုတ်ပါဘူး ။ ဒါကြောင့် ဂါဘရီရယ်ကိုလည်း ခင်ဗျားတို့ အသိအမှတ်ပြု ချီးကျူးဖို့လိုပါတယ် ။ ”

ဆက်လက်ပြီး ဖာဒီနန် က သူ့အတွက်တော့ ပရီးမီးယားလိဂ် လက်ရှိအကောင်းဆုံး‌နောက်ခံလူဟာ မန်စီးတီး နောက်ခံလူ ဂျွန်စတုန်း ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ် ။ ” အခု အချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး‌ဗဟိုနောက်ခံလူက ခြွင်းချက်မရှိ ဂျွန်စတုန်းပါပဲ ။ ခံစစ်လေးယောက်တန်းကစားတဲ့ အခါမှာ သူက အနောက်ကိုပြန်ရောက်သွားခဲ့တာပါ ။ ”

” မနှစ်က ဂျွန်စတုန်း လုပ်ပြခဲ့သလိုမျိုး တခြားဘယ်ပရီးမီးယားလိဂ် နောက်ခံလူမှ မလုပ်နိုင်ပါဘူး ။ သူ့ကို ကစားခိုင်းတဲ့ နေရာမှာ သူ အကောင်းဆုံး ကစားနိုင်ခဲ့တာပါ ။ ဂျွန်စတုန်းက သူ ကစားတဲ့အခါတိုင်း တည်ငြိမ်မှုရှိရှိ ဩဇာကောင်းကောင်းနဲ့ ကစားနိုင်စွမ်း ရှိပါတယ် ။ ” လို့ ပြောကြားသွားခဲ့ပါတယ် ။

Source : Unitedinfocus

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#ဂျွန်စတုန်း #ဖာဒီနန် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *