ဘန်ဝှိုက်ကို ဘာကြောင့် မရွေးချယ်တာလဲ ဆိုတဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် က လက်ရွေးစင်အသင်းမှာ အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ကို မရွေးချယ်ဝာာ ဟာ သူ့ထက် ပို‌စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေ ရှိနေတာကြောင့်သာ ဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ဖြစ်ရပ်နဲ့ မသက်ဆိုင်ကြောင်း ဖြေရှင်းသွားခဲ့ပါတယ် ။

အသက် ၂၆ -နှစ်အရွယ် ဘန်ဝှိုက် ဟာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်ပေမဲ့ နည်းပြ အာတီတာ ရဲ့ စေခိုင်းမှုနဲ့အတူ ညာနောက်ခံလူ နေရာမှာ ပြောင်းလဲကစားနေသူဖြစ်ပြီး နေရာသစ်မှာလည်း အံဝင်ခွင်ကျ ခြေစွမ်းပြကစားနေနိုင်ပါတယ် ။ ဒါပေမဲ့လည်း ဘန်ဝှိုက်ဟာ ကာတာကမ္ဘာ့ဖလား လူစာရင်းကနေ စောလျင်စွာ ပြန်လာခဲ့ရပြီး နောက်ပိုင်းကတည်းက အင်္ဂလန်အသင်းမှာ ‌ရွေးချယ်ခံရခြင်းမရှိတော့ပါဘူး ။
ဆောက်ဂိတ် ကတော့ ဘန်ဝှိုက် ကို မရွေးချယ်တာဟာ ဘောလုံးအကြောင်းအရင်းကြောင့်သာဖြစ်ပြီး ပုဂ္ဂိုလ်ရေး နဲ့ မသက်ဆိုင်ကြောင်း ဖြေရှင်းသွားခဲ့ပါတယ် ။ “ဘန်က အာဆင်နယ်အတွက် တကယ့်ကို ကျစ်လစ် မာကျောတဲ့ နောက်ခံလူတစ်ဦးပါ ၊ သူက ခံစစ်အစွန်နေရာမှာ ကစားနေတဲ့ ဗဟို နောက်ခံလူတစ်ဦးပုံ ပိုပေါက်ပါတယ် ။ ”
” သူက ကလပ်အသင်း အတွက်လည်း စွမ်းဆောင်ရည်ကောင်း‌တွေ ပြသနိုင်တာမှန်ပေမဲ့ နိုင်ငံအသင်းမှာ သူက တခြားသူတွေရဲ့ အနောက်မှာပဲ ရှိနေပါသေးတယ် ။ ကမ္ဘာ့ဖလားတုန်းက ဖြစ်ရပ်နဲ့ လုံးဝမဆိုင်ပါဘူး ၊ ကျွန်တော်တို့ အသင်းမှာ ဝေါလ်ကာ ၊ ထရစ်ပီယာထရန့် နှင့် ရစ်စီဂျိမ်းစ် တို့ ရှိနေပါတယ် ၊ ကျွန်တော်တို့ အသင်းမှာ အဲ့ဒီနေရာက အတော်လေး အားကောင်းပါတယ် ၊ ဒါ့အပြင် နောက်တက်လာဦးမယ့် လူငယ် ကြယ်ပွင့်တွေလည်း ရှိနေပါသေးတယ် ၊ ကျွန်တော်တို့ အသင်း ပုံစံကောင်း ရနေသလို ခံစစ်ကလည်း ကောင်းနေပါတယ် ။ ” လို့ ပြောကြားသွားခဲ့ပါတယ် ။

Source : Justarsenal.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel

မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ဆောက်ဂိတ် #ဘန်ဝှိုက် #အင်္ဂလန်အသင်းမှာရွေးချယ်မခံရခြင်း #အာဆင်နယ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *