ဘယ်အရာက သူ့ကိုအလုပ်ပြုတ်စေခဲ့သလဲဆိုတာ ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တဲ့ အိုလီ ဂန်နာ ဆိုးလ်ရှား

ဘယ်အရာက သူ့ကိုအလုပ်ပြုတ်စေခဲ့သလဲဆိုတာ ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တဲ့ အိုလီ ဂန်နာ ဆိုးလ်ရှား

ယူနိုက်တက် နည်းပြဟောင်း အိုလီ ဂန်နာ ဆိုးလ်ရှား က ရော်နယ်ဒို ကို အိုးလ်ထရပ်ဖို့ဒ် ဆီ ပြန်လည် ခေါ်ယူခွင့်ရှိနေခဲ့တာကို ငြင်းဆန်ပယ်ချဖို့ အရမ်းကို ခက်ခဲခဲ့ကြောင်း အချို့အရာတွေ မှားယွင်းခဲ့ပြီး အတ္တတွေ မာနတွေက သူ့ကို အလုပ်ပြုတ်စေခဲ့ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 သြဂုတ်လတုန်းက ဂျူဗင်တပ် အသင်းမှ ထွက်ခွာလာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို အသင်းဆီ ပြန်လည် ခေါ်ယူခဲ့ပြီး နောက်ထပ် (၃) လအကြာမှာပဲ ဆိုးလ်ရှားဟာ ယူနိုက်တက် နည်းပြအဖြစ်မှ အထုတ်ခံခဲ့လိုက်ရပါတယ် ။

နောက်ပိုင်းထွက်လာခဲ့တဲ့ သတင်းတွေကတော့ ယူနိုက်တက် အမှုဆောင်ချုပ်ဟောင်း အဒ်ဝုဒ်ဝက် ဟာ နည်းပြ ဆိုးလ်ရှား ရဲ့ တောင်းဆိုမှုမပါဝင်ဘဲ ဒီအပြောင်းအရွှေ့ကို စျေးကွက် အကျိုးအမြတ်အရ ဖြစ်မြောက်အောင် လုပ်ဆောင််ခဲ့တာ ဖြစ်ကြောင်း သိခဲ့ရပါသေးတယ် ။

ဒီအတွက် ဆိုးလ်ရှား ဖက်မှ ရော်နယ်ဒို ကို လူငယ်တွေများပြားတဲ့ အသင်းထဲ အံဝင်နိုင်အောင် ကြံဆောင်ခဲ့ရပါသေးတယ် ။ ရော်နယ်ဒို ဖက်ကတော့ ပထမဆုံး ရာသီမှာ (၁၈) ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ပရိသတ်တွေ မျှော်လင့်ထားကြသလောက် မထူးကဲပြနိုင်ခဲ့ပါဘူး ။

အခုတော့ နည်းပြ အဖြစ်မှ အနားယူခဲ့တာ 2 နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ အိုလီဂန်နာဆိုးလ်ရှား က အသင်းရဲ့ ရလဒ်တွေ ဆက်တိုက်ဆိုသလို ကျဆင်းနေခဲ့ချိန် အသင််းသားတွေရဲ့ အတ္တမာနတွေက သူ့ကို အလုပ်ပြုတ်စေခဲ့တာဖြစ််ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် နိုဝင်ဘာ 2021 တုန်းက တွေ့ခဲ့ရတဲ့ အသင်းဟာ စက်တင်ဘာ 2021 တုန်းက အသင်းနဲ့ အရမ်းခြားနားနေခဲ့ပါပြီ ။ ကျွန်တော့်ဖက်က ကစားသမားတွေ အပေါ်ကို ဘယ်အချိန် ထင်မြင်ချက် ပေးမလဲဆိုတာ သူတို့ကို ပြောဖြစ်ခဲ့ပါသေးတယ် ”

” အရာရာဟာ ခါးသီးလာခဲ့ရတယ် ၊ အသင်းရဲ့ စုစည်းမှုကလည်း ပျက်ပြားလာခဲ့ပါတယ် ။ ဒါက ကျွန်တော် မြင်ချင််တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း မဟုတ်တော့ပါဘူး ။ ကျွန်တော်က အသင်းကို စုစုစည်းစည်း ရှိအောင် ဖွဲ့စည်းပြီး တည်ဆောက်လိုခဲ့တာလေ ”

” အချို့ ကစားသမားတွေက သူတို့ ပိုပြီးတော့ ကစားခွင့် ရရှိသင့်တယ်လို့ ခံစားတတ်ကြပါတယ် ။ ကျွန်တော့်တုန်းကဆိုရင် ပွဲထွက် ကစားခွင့်တွေ မရရှိခဲ့ချိန်မှာ ဒီလို ဆုံးဖြတ််တာ မှားတယ်လို့ မန်နေဂျာကို သက်သေပြချင်စိတ်မျှသာ ရှိခဲ့ရပါတယ် ”

” ဒါပေမဲ့ အခုခေတ်ကတော့ အဲ့လို မဟုတ်တော့ပါဘူး ။ အေးဂျင့် နဲ့ မိသားစုဝင်တွေက သူတို့ရဲ့ခေါင်းထဲမှာ နေရာယူထားကြပါပြီ ။ မင်း ဒီထက်ပိုပြီး လုပ်ပြနိုင်တယ် ၊ မင်းကို စိတ်ဝင်စားတဲ့အသင်းတွေ ရှိတယ်ဆိုပြီး ပြောဆိုနေခဲ့ကြပါပြီ ။ ဒါက မော်ဒန် ဘောလုံး လောကရဲ့ ရောဂါဆိုး တစ်ခုလိုပါပဲ ”

” အချို့ ကစားသမားတွေရဲ့ စိတ်ဓါတ် ထင်သလောက် မကောင်းခဲ့ပါဘူး ။ ကျွန်တော် သူတို့ရဲ့ နာမည်တွေတော့ ထုတ်ပြောမှာ မဟုတ်ဘူးလေ ။ ဒါပေမဲ့ သူတို့ထဲက အချို့တွေ အသင်းခေါင်းဆောင် ရာထူးပေးတာမျိုးကို ပယ်ချခဲ့ကြတာ ကျွန်တော့်ကို အရမ်းပဲ စိတ်ပျက်စေခဲ့ပါတယ် ”

” ဒါ့အပြင် အချို့က ငါမကစားပေးနိုင်တော့ဘူး ၊ မ​လေ့ကျင့်လိုတော့ဘူး ၊ ငါ့မှာ ထွက်ခွာဖို့ အစီအစဥ် ရှိနေတယ်ဆိုတာမျိုးတွေ ပြောဆိုခဲ့ကြတာတွေကိုလည်း ကျွန်တော် အရမ်းပဲ စိတ်ပျက်ခဲ့ရပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

Source : TeamTalk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *