မက်ဆီအကောင်းဆုံးလို့ လိမ်ပြောခဲ့ရတဲ့ ဘိုတန်

မက်ဆီအကောင်းဆုံးလို့ လိမ်ပြောခဲ့ရတဲ့ ဘိုတန်

သူဟာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့လာခဲ့တုန်းက လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါလို့ လိမ်လည် ပြောဆိုခဲ့ရဖူးကြောင်း ကီဗင် ပရင့်စ် ဘိုတန် က ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။ ဘိုတန် ဟာ ရီယို ဖာဒီနန် ရဲ့ FIVE အစီအစဉ်မှာ ပါဝင်တင်ဆက်ရင်း သူဟာ ရီးရဲမက်ဒရစ် ကို အားပေးသူ ဖြစ်ကြောင်းနဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကို နှစ်သက်သူ တစ်ယောက်ဖြစ်ကြောင်း ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

“ဘာစီလိုနာ အသင်းဆီ စရောက်လာတုန်းက ဘယ်သူ ကမ္ဘာ့အကောင်းဆုံးလဲ ဆိုပြီး မေးခဲ့ကြပါတယ် ။ မက်ဆီ လို့ ကျွန်တော် ဖြေခဲ့ရတာပါ ၊ လိမ်ပြောမိခဲ့ပါတယ် ။ ကျွန်တော့်ဘ၀ အတွက် အကြီးမားဆုံးလိမ်ညာမှု တစ်ခုပါပဲ ။ ပုံမှန်ဆိုရင် ကျွန်တော်က အမှန်ကိုပဲ အမြဲတမ်း ပြောတတ်တဲ့သူပါ ။ လိမ်ပြောခဲ့ရတဲ့ အကြောင်းကတော့ ဘာစီလိုနာ ဂျာစီကို ဝတ်ပြီး ကစားရတော့မှာ ဖြစ်လို့ပါပဲ”

“ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ရီးရဲမက်ဒရစ် အသင်းကို အားပေးခဲ့တဲ့သူပါ ။ ခရစ္စတီယာနို ရိုနယ်ဒို ကိုလည်း နှစ်သက်ပါတယ် ။ ဒါပေမယ့် မက်ဆီသာ အကောင်းဆုံးလို့ မပြောခဲ့ဘူးဆိုရင် ကျွန်တော် ကစားခွင့် ရနိုင်မှာမဟုတ်လောက်ဘူးလို့ အကြံပေးတာတွေ ရှိခဲ့လို့ပါပဲ”

“မက်ဆီ က ဘာစီလိုနာ အသင်းခေါင်းဆောင်ပါ ။ ဒါပေမယ့် စကားသိပ်မပြောပါဘူး ။ ရေချိုးခန်းမှာ တစ်ခါ ပြောဖူးတာကိုပဲ မှတ်မိပါတယ် ။ အီတလီမှာ ဂိုးသွင်းရတာ ခက်လားဆိုပြီး လာမေးတာပါ ။ အဲ့ဒီတုန်းက ရိုနယ်ဒို အီတလီ ကို ပြောင်းသွားပါပြီ ။ သူတို့ ၂ – ယောက်ကြားက ပြိုင်ဆိုင်မှုကိုတော့ ကျွန်တော် ကောင်းကောင်း သတိပြုမိခဲ့ပါတယ်” လို့ ဘိုတန် က ပြောဆိုခဲ့ပါတယ် ။

Source : givemesport

Loading

Leave a Reply

Your email address will not be published. Required fields are marked *