“မက်ဆီဘောငုံတဲ့ကောင်”လို့ ဒီပေါလ်ကို ပုတ်ခတ်ခဲ့တဲ့ အူဂါတေးနဲ့ ပတ်သက်ပြီး မက်ဆီ တုန့်ပြန်

ယနေ့မနက်က ကစားသွားတဲ့ တောင်အမေရိကဇုန်မှ ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲမှာ ဥရုဂွေးအသင်းဟာ လက်ရှိချန်ပီယံ အာဂျင်တီးနား အသင်းကို တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ၊ ခံစစ်မှူး ရော်နယ်အရော်ဟိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ အာဂျင်တီးနားတို့ အတွက် ၂၀၂၂ -ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီအာရေးဘီးယားကို ၂ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ရှုံးပွဲ ပြန်လည် ကြုံတွေ့ခဲ့ခြင်းဖြစ်ပါတယ် ။

အာဂျင်တီးနားတို့ ရှုံးပွဲစတွေ့ခဲ့ပေမဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်အုပ်စုအဆင့် ရပ်တည်မှုကတော့ ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပြီး ၊ ဥရုဂွေးကတော့ ဒီနိုင်ပွဲကြောင့် အဆင့် ၂ -နေရာသို့ တက်လှမ်းလာခဲ့ပါတယ် ။
အများအားဖြင့် တောင်အမေရိကဇုန်အတွင်းမှ ပွဲစဉ်တွေဟာ ပြိုင်ဆိုင်မှုအလွန်ပြင်းထန်တာကြောင့် အချင်းများတာ ၊ ခိုက်ရန်ဖြစ်ပွားတာတွေက ပုံမှန်လိုဖြစ်နေပြီး ၊ ယခုပွဲစဉ်မှာလည်း ၈-ကြိမ်မြောက် Ballon D’Or ဆုရှင် လီယွန်နယ်မက်ဆီ ပါဝင်ပတ်သက်တဲ့ အချင်းများမှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ် ။

မက်ဆီဟာ ပြိုင်ဖက် ဥရုဂွေ ကစားသမားတစ်ဦးကို ပွဲချိန်အတွင်း တံတောင်နဲ့တွတ်ခဲ့သလို ၊ လည်ဂုတ်ကိုလည်းဆွဲခဲ့ပေမဲ့ အနီကတ်ပြစ်ဒဏ်မှ ကင်းလွတ်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာ ဥရုဂွေးကွင်းလယ်လူ မန်နူရယ်အူဂါတေးနဲ့ အာဂျင်တီးနားကွင်းလယ်လူ ရိုဒရီဂိုဒီပေါလ်တို့ ထိုဖြစ်ရပ်နဲ့ ပတ်သက်ကာ စကားများခဲ့ကြပါတယ် ။

ဒီပေါလ်ဟာ အာဂျင်တီးနားပွဲတွေမှာ မက်ဆီဖက်က အမြဲတမ်းအကာအကွယ်ပေးတတ်တဲ့အတွက် အူဂါတေးဟာ မက်ဆီကိုလက်ညှိုးထိုးကာ ဒီပေါလ်ကို “မက်ဆီ ဘောငုံတဲ့ကောင်” လို့ ခေါင်းစဉ်တပ်ပြီး ပုတ်ခတ်ပြောဆိုသွားပါတယ် ။

ပွဲအပြီး အင်တာဗျူးတစ်ခုမှာ မက်ဆီဟာ အူဂါတေးရဲ့ ယင်းစကားလုံး အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ တုန့်ပြန် ဖြေကြားလာပါတယ် ။ မက်ဆီ က “ကစားသမားတွေရဲ့ ဟန်အမူအရာ တချို့နဲ့ ပတ်သက်လာရင် ကျွန်တော် ဘာမှမပြောပဲ ဆိတ်ဆိတ်ငြိမ်နေတာကိုပဲ ပိုကြိုက်ပါတယ်။ ဒါပေမဲ့ ခုခေတ် လူငယ်ကစားသမားတွေဟာ စီနီယာတွေဆီကနေ လေးစားမှုအကြောင်း သင်ယူလေ့လာရပါမယ်။ ”
“ဒီပွဲဟာ အမြဲတမ်းပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ခက်လည်းခက်ခဲပါတယ်။ ဒါပေမဲ့ အမြဲတမ်း တဖက်ကိုတဖက် လေးစားမှုလည်းအများကြီး ထားကြပါတယ် ။ သူတို့ ဒါလေးတော့ နည်းနည်းပါးပါး လေ့လာဖို့လိုပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။

Source : TalkSport
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #လီယွန်နယ်မက်ဆီ # ရိုဒရီဂိုဒီပေါလ် #မန်နူရယ်အူဂါတေး #မက်ဆီဘောငုံတဲ့ကောင် #အာဂျင်တီးနား #ဥရုဂွေး #တောင်အမေရိကဇုန် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #Online #Games #Myanmar #OnlineGamesMyanmar

Loading

One comment

  • Your approach to writing content for articles is quite remarkable. What a fantastic piece! I will make it a point to check it out at a later time. I have bookmarked it. In this day and age, I find that reading really intriguing articles or reviews on the internet teaches me something new and challenging.

Leave a Reply

Your email address will not be published. Required fields are marked *