Noni Madueke is learning to score more goals

ဆာလာနဲ့ အမ်ဘတ်ပေတို့ရဲ့ ကစားပုံကိုလေ့လာနေကြောင်း ဖွင့်ဟလာတဲ့ ချဲလ်ဆီးစတား

လက်ရှိ နိုင်ငံတကာ ပွဲကာလအတွင်း သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင် အသင်းတွေဆီ သွားရောက်တာဝန်ထမ်းဆောင်နေကြတဲ့ ချဲလ်ဆီး ကစားသမား တချို့ရှိပြီး ထိုအထဲမှာ အင်္ဂလန် ယူ ၂၁-တောင်ပံကစားသမား နွန်နီမက်ဒူးကီလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ် ။

မက်ဒူးကီဟာ ဒီရာသီ ချဲလ်ဆီးမှာ ကာရာဘောင်ဖလား ဒုတိယအဆင့် ပွဲတစ်ပွဲသာ ပွဲထွက်ခွင့် ရထားပေမဲ့ အင်္ဂလန် ယူ၂၁-အသင်းမှာ ဆက်လက် ရွေးချယ်ခံထားရပါတယ် ။ တမြန်နေ့ညက ကစားခဲ့တဲ့ ဆားဘီးယား ယူ၂၁-အသင်းနဲ့ ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲမှာ မက်ဒူးကီ တစ်ယောက် ပွဲထွက်ခွင့်ရခဲ့ပါတယ် ။

အဲဒီပွဲမှာ အင်္ဂလန်ဖက်က အဖွင့်ဂိုး အရင်ပေးခဲ့ရပေမယ့် ၉ – ၁ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာဖြစ်ပါတယ် ။ မက်ဒူးကီဟာ ညာတောင်ပံ တိုက်စစ်ကနေ ခြေစွမ်းပြကာ သွင်းဂိုး ၂-ဂိုး သွင်းယူခဲ့ပြီး ၊ ချဲလ်ဆီးမှာ ဒီထက်ပိုများတဲ့ ကစားခွင့် မိနစ်တွေ ရဖို့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုထံ တိုက်ရိုက်မက်ဆေ့ခ်ျပေးနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက်အတွင်း ပီအက်စ်ဗွီကနေ ယူရိုသန်း ၃၀-ဝန်းကျင် ပြောင်းလာတဲ့ မက်ဒူးကီဟာ ချဲလ်ဆီးအတွက် တစ်ဂိုးသာ သွင်းယူပေးထားနိုင်သေးသလို ၊ ခုချိန်ထိ ခြေစွမ်းကောင်း ပြသနိုင်ဖို့ အနည်းနဲ့ အများ ရုန်းကန်နေရဆဲဖြစ်ပါတယ် ။

ပိုချက်တီနို လက်ထက် တောင်ပံတိုက်စစ်ရဲ့ ပွဲထွက်ခွင့် အစဉ်မှာ နောက်ဆုံးဦးစားပေးရောက်နေတဲ့ မက်ဒူးကီက ပြီးခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ သူဟာ လီဗာပူးစူပါစတား မိုဟာမက် ဆာလာနဲ့ ပီအက်စ်ဂျီ စူပါစတား ကီလီယန် အမ်ဘတ်ပေတို့ရဲ့ ကစားပုံကို လေ့လာနေကြောင်း ဖွင့်ဟလာပါတယ် ။

မက်ဒူးကီ က ” ကျွန်တော်ဟာ အကောင်းဆုံး ကစားသမားတွေကိုသာ အတုယူလေ့လာပါတယ် ။ ကျွန်တော်တို့ရဲ့ လေ့လာသုံးသပ်သူ ဂျိမ်းစ်ရိုင်ဒါဟာ အမ်ဘတ်ပေနဲ့ မိုဆာလာတို့ရဲ့ ကစားပုံ ဗီဒီယိုကလစ်တွေကို အမြဲပြပါတယ် ။ ဒီတော့ ကျွန်တော် သူတို့ ၂-ယောက် ကစားတာ မကြာခဏ ကြည့်ရှုဖြစ်ပါတယ် ။ ”

” သူတို့ ပင်နယ်တီ ဧရိယာထဲ အသင်းဖော်တွေရဲ့ ဘောလုံး ပေးပို့မှုတွေနောက် လိုက်တာတွေ ၊ အသင်းဖော် တစ်ယောက်ယောက် ပင်နယ်တီ ဧရိယာထဲ ရှိနေတဲ့အခါ သူတို့က အမြဲတမ်း ဘောလုံးလက်ခံယူဖို့ ချိန်သားကိုက် ရှိနေတာမျိုးတွေပေါ့ ။ ”

” ကျွန်တော့ရဲ့ ကစားပုံထဲကို ထပ်ထည့်နိုင်တဲ့ အရာတစ်ခုက သွင်းရတာ ပိုပြီးလွယ်ကူတဲ့ ဂိုးတွေ ဖြစ်ပါတယ် ။ one touch ဂိုးမျိုးတွေပေါ့ ။ ဒီနေရာမှာ တိုးတက်လာဖို့ ကျွန်တော် ကြိုးစားနေတာပါ ။ ကျွန်တော့မှာ အပြေးအားရှိမှန်းသိပါတယ် ။ ”

” ဒီအတွက်ကြောင့် နောက်ဆုံး အခိုက်အတန့်မှာ တခါတလေ ကျွန်တော် တည်တည်ငြိမ်ငြိမ်ရှိဖို့ပဲ လိုပါတယ်။ အသက်ကိုရှူ ၊ ပြီးရင် ဂိုးပေါက်ထဲ ကန်ထည့်။ ကျွန်တော် ဒီတိုင်းရှေ့ဆက်လုပ်ဆောင်သွားဖို့သာ လိုပါတယ် ။ ဒီတော့ ချဲလ်ဆီးမှာလည်း ကျွန်တော် လုပ်နိုင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source : Dailymail.co.uk : Mirror.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#မက်ဒူကီး #ကစားပုံကိုအတုယူ #အမ်ဘတ်ပေ #မိုဆာလာ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *