မန်ယူနိုက်တက် ရှုံးရတဲ့ အကြောင်းအရင်းကို ထုတ်ပြောသွားတဲ့ နည်းပြကြီး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြကြီး အဲရစ်တန်ဟတ် ဟာ မနေ့ညတုန်းက ကိုပင်ဟေဂင် နဲ့ ပွဲစဉ် က အနီကတ် နဲ့ ဒိုင်လူကြီးတွေရဲ့ အချိန်ကြာမြင့်တဲ့ ဆုံးဖြတ်မှုတွေကို ဝေဖန်ပြောဆို သွားခဲ့ပါတယ် ။ မန်ယူနိုက်တက်ဟာ ဒိန်းမတ်မြေပေါ်မှာ အိမ်ရှင် အသင်းကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်နိုင်ရေးအတွက် ရင်လေးစရာ ဖြစ်လာခဲ့ရပါတယ် ။

မန်ယူနိုက်တက် ဟာ အစကောင်းခဲ့ပြီး မိနစ် ၃၀-အတွင်းမှာတင် တိုက်စစ်မှူးလေး ဟွိုင်လန်း ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ကွင်းလယ်ဒိုင် က ရက်ဖိုဒ့် ရဲ့ ပြစ်ဒဏ်ကို VAR ကနေ တဆင့် သုံးသပ်အပြီးမှာ အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုပင်ဟေဂင် က ချေပဂိုး ပြန်သွင်းခဲ့သလို ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာလည်း ပင်နယ်တီ ထပ်ရခဲ့တာကြောင့် ၂-၂ ရလဒ်နဲ့ ဒုတိယပိုင်းကို ဆက်လက် ကစားခဲ့ရပါတယ် ။

ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ ပင်နယ်တီ ကနေ ဦးဆောင်ဂိုး ထပ်ရခဲ့ပေမဲ့လည်း ကိုပင်ဟေဂင် တိုက်စစ်ကို မခုခံနိုင်ခဲ့တာကြောင့် ၄-၃ ရလဒ်နဲ့ ပြီးဆုံးခဲ့ရပါတယ် ။ လက်ရှိ မှာတော့ မန်ယူနိုက်တက်ဟာ အုပ်စုအောက်ဆုံးမှာ ၃ မှတ်နဲ့ ရပ်တည်နေပြီး လာမယ့် ၂ -ပွဲမှာ ဂါလာတာစရေး ၊ ဘိုင်ယန်မြူးနစ် အသင်းတွေနဲ့ ရင်ဆိုင်ကစားရတော့မှာပဲ ဖြစ်ပါတယ် ။

“ပွဲအစ ၂၅ -မိနစ်လောက်မှာ ကျွန်တော်တို့ ကစားပုံ အရမ်းကောင်းခဲ့ပါတယ် ။ အနီကတ် မထိခင် အခြေအနေပေါ့ ။ ဒီရာသီရဲ့ အကောင်းဆုံး မိနစ်တွေလို့တောင် ပြောလို့ရနိုင်ခဲ့တာပါ ။ ဒီအတွက် အရမ်းကျေနပ်မိပါတယ် ။ တကယ်ကောင်းတဲ့ ၂ -ဂိုးကိုလည်း သွင်းနိုင်ခဲ့တာပါ ။ ဒါပေမယ့် အနီကတ်က အရာအားလုံးကို ပြောင်းလဲပစ်ခဲ့တာပါပဲ”

“ပေးလိုက်ရတဲ့ ဂိုးတွေကလည်း တကယ်စိတ်ပျက်စရာပါ ။ သူတို့ရဲ့ ပထမဂိုး ဆိုရင် လူကျွံဘောပါ ၊ နောက်တစ်ဂိုး ကလည်း တကယ်ပျော့တဲ့ ဖောင်းပါ ၊ ပင်နယ်တီ က ရှက်စရာပါပဲ” လို့ တန်ဟတ် က ပြောဆိုသွားခဲ့ပါတယ် ။
အိမ်ရှင် အသင်းဂိုးသွင်းချိန်မှာ ကိုပင်ဟေဂင် ကစားသမား တစ်ယောက်ဟာ မန်ယူနိုက်တက် ဂိုးသမား အိုနာနာ ရဲ့ အရှေ့မှာ ရှိနေပြီး လူကျွံ အနေအထား ဖြစ်နေတာကို ရည်ရွယ်ပြောဆိုခဲ့တာ ဖြစ်သလို မန်ယူနိုက်တက် ပေးလိုက်ရတဲ့ ပင်နယ်တီ ဆုံးဖြတ်ချက် အပေါ်လည်း စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။

Source : SkySports.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel

မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #မန်ယူရှုံးရခြင်း #ကိုပင်ဟေဂင် #အနီကတ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *