သရဲနီ ကျောနံပါတ် ၇-ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တဲ့ မေဆင်မောင့် ဝေဖန်ခံရ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီစျေးကွက်အတွင်း ချဲလ်ဆီးကွင်းလယ်လူဟောင်း မေဆင်မောင့်ကို ၄င်းတို့ရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ပေါင် ၅၅သန်း + အပိုဆုကြေး ပေါင် ၅-သန်းနဲ့ တရားဝင် ခေါ်ယူခဲ့ပါတယ် ။

အသက် ၂၄-နှစ် အရွယ်ရှိ မောင့်ဟာ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တစ်ယောက်ဖြစ်ပြီး ၊ ချဲလ်ဆီးဂန္တဝင်ကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်က မြေမြှောက်ပေးခဲ့လို့ ၊ ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့ဘောလုံးလောက အလယ်မှာ နာမည်တစ်ခု ရရှိလာခြင်း ဖြစ်ပါတယ် ။

စီနီယာအသင်းမှာ စတင်နေရာရလာကတည်းက ချဲလ်ဆီးပရိသတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာ ဆိုးရွားတဲ့အချိန်ကာလတစ်ရပ် ဖြတ်သန်းခဲ့ပြီးနောက် မောင့်ဟာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ပြီး ၊ အဲရစ်တမ်ဟဂ် ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်ထံသို့ ခြေဆန့်လာတာ ဖြစ်ပါတယ် ။

လက်ရှိမှာ မောင့်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းသစ်အတွက် ပွဲများများစားစား မကစားပေးနိုင်သေးသလို ၊ ဂိုးလည်း လုံးဝ မသွင်းပေးနိုင်သေးပါဘူး ။ ဒါ့အပြင် ဒေးဗစ်ဘက်ခမ်းခရစ်တီယာနိုရော်နယ်ဒိုတို့လို ဒိတ်ဒိတ်ကြဲ စူပါစတားတွေ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇-ကို ဆက်ခံထားရတာကြောင့် မောင့်ဟာ ချဲလ်ဆီးမှာထက်စာရင် ဖိအားတွေအများကြီးတိုးနေတာ သေချာပါတယ် ။

အက်စ်တွန်ဗီလာ တိုက်စစ်မှူးဟောင်း ဂတ်ဘီအဘွန်လဟောကတော့ သရဲနီ နံပါတ် ၇-ပိုင်ရှင် မောင့်ကို ဝေဖန်တဲ့အနေနဲ့ Talksport နဲ့ တွေ့ဆုံခဲ့တဲ့ အစီအစဉ်မှာ ” သူဘာလို့ အဲဒီနံပါတ်ကို ရွေးချယ်ခဲ့လဲ ဆိုတာ ကျွန်တော်မသိပါဘူး ။ ဟုတ်ပါတယ် ။ ဒါက သူ့ကို ဖိအား ပိုများစေပါတယ် ။ ဒါဟာ ဒေးဗစ်ဘက်ခမ်းရဲ့ ကျောနံပါတ်ပါ ။ ”

” ဘာလို့ သူ အဲဒီ နံပါတ်ကြီးယူခဲ့လဲဆိုတာ ကျွန်တော် နားမလည်နိုင်တော့ပါဘူး ။ ကျွန်တော် လက်ရှိမန်ချက်စတာ ယူနိုက်တက် အသင်းကို ကြည့်တဲ့အခါ မေဆင်မောင့်က အဖြေဟုတ်ရဲ့လား ? မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မန်ယူနိုက်တက်သို့ ပြောင်းရွှေ့လာပြီးပြီးချင်း အင်တာဗျူးမှာတော့ မောင့်က အသင်းသစ်နဲ့ အတူ အောင်မြင်မှု အကြီးအကျယ် ရချင်တယ်လို့ ဖွင့်ဟခဲ့ပေမဲ့ သူ့ရဲ့ ယူနိုက်တက်မှ အဖွင့်ရာသီကတော့ တာထွက်မလှနေတာသေချာပါတယ် ။

မောင့် က ” ခင်ဗျား ကြီးပြင်းလာခဲ့ရတဲ့ ကလပ်တစ်သင်းကနေ ထွက်ခွာဖို့ဆိုတာ ဘယ်တော့မှ မလွယ်ကူပါဘူး ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ကျွန်တော့ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်တက်လှမ်းစေနိုင်တဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စိန်ခေါ်မှု တရပ် ဖြစ်ပါတယ် ။ ”

” သူတို့ကို ပြိုင်ဖက်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ဖူးတာဖြစ်လို့ သူတို့ရဲ့ အင်အား ဘယ်လောက်တောင့်တင်းသလဲဆိုတာ ကျွန်တော်သိပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်ပြောင်းလာတာပါ ။ ဒီအသင်းမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ရဖို့ ဆုဖလားတွေ အများကြီး ဆွတ်ခူးဖို့ကို ကျွန်တော်မစောင့်နိုင်တော့ပါဘူး ။ ” လို့ ပြောခဲ့ဖူးပါတယ် ။

Source : Football.london.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#မေဆင်မောင့် #ကျောနံပါတ်၇ #မန်ချက်စတာယူနိုက်တက် #Online #Game #Myanmar #OnlineGameMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *