ယူနိုက်တက် ပရိသတ်တွေထံမှ ရွိုင်ကိန်း အမည်နဲ့ သရော်ခံခဲ့ရခြင်း အပေါ် တုံ့ပြန်ချေပလိုက်တဲ့ ဟာလန်း


လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ အိုးလ်ထရက်ဖို့ဒ်က မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်ကို နော်ဝေးလက်ရွေးစင် တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ အထူးခြေစွမ်းပြမှုနဲ့အတူ ၀ – ၃ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ် ။

ပထမပိုင်းမှာ ဟာလန်းဟာ ပင်နယ်တီကတဆင့် အဖွင့် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပြီး ၊ ဒုတိယပိုင်းစလို့ မိနစ်ပိုင်း အကြာမှာပဲ ဘာနာဒို ဆေးလ်ဗားရဲ့ ဖန်တီးမှုကနေ ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။ အဲဒီနောက် ဖီးလ်ဖိုဒန်ရဲ့ တတိယသွင်းဂိုးကိုပါ ဟာလန်းတစ်ယောက် ဖန်တီးပေးခဲ့ပါတယ် ။
ပထမပိုင်းက ပင်နယ်တီ အခွင့်အရေးမတိုင်ခင် အိမ်ရှင်မန်ယူနိုက်တက် ပရိသတ်အတော်များများဟာ ဟာလန်းကို တချိန်က သူ့ဖခင်နဲ့ ရန်ကြွေးတွေ ရှိခဲ့ဖူးတဲ့ သရဲနီ ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းရဲ့ အမည်နဲ့ သံပြိုင်လှောင်ပြောင်သရော်ခဲ့ကြပါတယ် ။

ပွဲပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဟာလန်း က ဒီအကြောင်းနဲ့ ပတ်သက်ပြီး ” ဒါက အံ့သြဖွယ် နိုင်ပွဲတစ်ပွဲပါ ။ ဒီနေ့ ပွဲကလည်း အတော်လေး အံ့သြဖွယ်ကောင်းခဲ့ပါတယ် ။ အသင်းသားအားလုံး ၊ အထူးသဖြင့် ဒီလူ ( ဘာနာဒို ဆေးလ်ဗား ) လက်ဖျားခါလောက်အောင် ကောင်းခဲ့ပါတယ် ။ ”


” ပင်နယ်တီ မတိုင်ခင် ကျွန်တော် ဖိအားနည်းနည်းလေးခံစားခဲ့ရပါတယ် ။ လူအများအပြားက ကျွန်တော့ဆီကို ‘ Keano ‘ ( ရွိုင်ကိန်း ) ဆိုပြီး သံပြိုင်ဆိုခဲ့ကြပါတယ် ။ ဘာကြောင့် အဲဒီအချိန် ဖိအားတွေ ရှိနေမှန်းကျွန်တော်မသိခဲ့ပါဘူး ။ အဲဒီနောက် ကျွန်တော် ဂိုးသွင်းနိုင်ခဲ့ပါတယ် ။ ”

” ဒါက အံ့သြဖွယ် ခံစားချက်ပါပဲ ။ အရမ်းကောင်းတဲ့ အောင်ပွဲခံပုံ ဖြစ်ပါတယ် ။ ၂-ဂိုးလုံး အတွက်ပေါ့ ။ ဘာနာဒိုဆီက ဖန်တီးမှု ရခဲ့ပြီးနောက် ကျွန်တော်ဒူးနာသလို ခံစားခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဟက်ထရစ် ရနိုင်ခြေ ရှိခဲ့ပေမယ့် ၊ တတိယဂိုးမှာ ဖိုဒန်ကို ဘာကြောင့် ဘောလုံးပေးခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ဟာလန်း က ” မဟုတ်ပါဘူး ။ ဖီးလ်ကို ကျွန်တော်တွေ့သွားလို့ပါ ။ ဒါပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဖိုဒန်ရဲ့ ဂိုးကို မဖန်တီးခဲ့ရင်တောင် ဟာလန်းဟာ ကျန်တဲ့ ပွဲချိန်တွေမှာ ဟက်ထရစ်ရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပါတယ် ။
သို့ပေမဲ့ ကြားရက်က ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပင်နယ်တီကာကွယ်ပြီး ယုံကြည်မှု မြင့်တက်နေတဲ့ သရဲနီ ဂိုးသမား အန်ဒရေ အိုနာနာရဲ့ လက်စွမ်းပြမှုတွေကြောင့် ဟာလန်း တစ်ယောက် ဟက်ထရစ်နဲ့ ဝေးခဲ့ရပါတယ် ။

အိုနာနာနဲ့ ပတ်သက်ပြီး ဟာလန်း က ” ဒါက အံ့မခန်း ကာကွယ်မှုပါပဲ ။ ဒုတိယပိုင်းမှာလည်း သူ အံ့သြဖွယ် ကာကွယ်မှု တစ်ကြိမ် လုပ်နိုင်ခဲ့ပါသေးတယ် ။ ကျွန်တော် ဂိုးထဲကျော်ထည့်ဖို့ ကြိုးစားခဲ့တယ် ။ သူ ခေါင်းနဲ့ ကာကွယ်သွားခဲ့ပါတယ် ။ ဒါပါပဲ ။ ကျွန်တော်တို့ နိုင်ခဲ့တာပဲလေ ။ ကျွန်တော် သိပ်ဂရုမစိုက်နေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source : TalkSport.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#ဟာလန်း #မန်ယူ #မန်စီတီး #သရော်ခံရခြင်း #Online #Game #Myanmar #OnlineGameMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *