ရိုးမားနည်းပြ ရာထူးက အထုတ်ခံရဖို့ သတင်းထွက်ခဲ့တဲ့အပေါ် တုံ့ပြန်လာတဲ့ မော်ရင်ဟို

နာမည်ကြီး ပေါ်တူဂီ ဝါရင့်နည်းပြ ဟိုဆေးမော်ရင်ဟို ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရိုးမား အသင်းရဲ့ နည်းပြရာထူးကနေ အထုတ်ခံရနိုင်ခြေရှိတယ်လို့ အီတလီ သတင်းဌာနတစ်ခု ဖြစ်တဲ့ Corriere Dello Sport မှ ဖော်ပြခဲ့ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ကယ်ဂလီယာရီနဲ့ စီးရီးအေပွဲ မတိုင်မီ ရိုးမားဟာ ၇-ပွဲ ကစားအပြီး ၈-မှတ်သာ ရခဲ့တာကြောင့် မော်ရင်ဟိုဟာ တမဟုတ်ချင်းမှာပဲ ရာထူးက ဖယ်ရှားခံရဖို့ သတင်းတွေ စထွက်လာခဲ့တာဖြစ်ပါတယ် ။

သို့ပေမယ့် ရိုးမားဟာ မနေ့ကပွဲမှာ တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ အထူးခြေစွမ်းပြမှုနဲ့အတူ ကယ်ဂလီယာရီကို ၁ – ၄ နဲ့ အနိုင်ရသွားခဲ့ပါတယ် ။ ဒီရလဒ်ကြောင့် မော်ရင်ဟိုဟာ ရာထူး အာမခံချက် အတိုင်းအတာတစ်ခုအထိ ရသွားပြီလို့ ဆိုရမှာဖြစ်သလို ၊ ကလပ်ဖက်ကလည်း ထိုပွဲမတိုင်မီ ယင်းပေါ်တူဂီသားရဲ့ ကောလဟလတွေက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ် ။

ပွဲပြီး DAZN သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ မော်ရင်ဟို က ” ထရီဂိုးရီးယားမှာ ကျွန်တော်ဟာ ကိုယ့်နည်းပြအဖွဲ့နဲ့ အတူ အလုပ်လုပ်ပါတယ် ။ ကျွန်တော်တို့ အတူ လေ့ကျင့်ကြတယ် ၊ အတူ စားကြတယ် ။ ဒါက ကျွန်တော်တို့ရဲ့ အသိုက်အဝန်းလေးပါပဲ ။ ကျွန်တော်တို့ စဉ်းစားတဲ့အရာ တစ်ခုတည်းသာ ရှိပါတယ် ။ အဲဒါကတော့ နောက်ကစားမယ့်ပွဲကို အနိုင်ရဖို့ပါပဲ ။ ”

” ကျွန်တော်ဟာ တသီးတခြားတည်း နေလေ့ရှိပါတယ် ။ ပြင်ပဆိုရှယ်ဘဝကြီးကို ကျွန်တော် မခုံမင်သလို ၊ လမ်းပေါ်မှာ ၊ စားသောက်ဆိုင်တွေမှာ လူတွေနဲ့ တွေ့ဆုံရတာမျိုးလည်း မကြိုက်ပါဘူး ။ ဒီတော့ အပြင်က အသံဗလံတွေနဲ့ ကျွန်တော်ဟာ သီခြားစီ ဖြစ်နေတာပါ ။ ”

” ကျွန်တော် ကလေး မဟုတ်ပါဘူး ။ ကိုယ့်အတွက် ဘာတွေလိုအပ်လဲဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ် ။ ကျွန်တော် တည်တည်ငြိမ်ငြိမ်ပါပဲ ။ ဒီနေ့ပွဲကို အနိုင်ရတဲ့အတွက် ကျွန်တော် ပျော်ရွှင်နေပါတယ် ။ လက်ရှိ ရမှတ် ၁၁-မှတ်ကိုတော့ ကျွန်တော် ကျေနပ်မှု မရှိပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်ပြနိုင်ခဲ့သင့်လို့ ခံစားမိတာကြောင့်ပါ ။ ”

” တချိန်တည်းမှာ ကျွန်တော်တို့ဟာ ကိုယ်မျှော်မှန်းနေတဲ့ အဆင့်နဲ့တော့ ဝေးကွာမှု မရှိသေးပါဘူး ။ အခုတော့ ကစားသမားတွေကို သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင် အသင်းတွေဆီ စေလွှတ်ရမှာက စိတ်မကောင်းစရာပါ ။ ဒါပေမယ့် ဒဏ်ရာက ပြန်လာမယ့် အသင်းသား တချို့ရဲ့ ကြံ့ခိုင်မှု တိုးတက်အောင် ကျွန်တော်တို့ ကြိုးစားကြည့်ပါမယ် ။ ”

” ဒီနေ့ပွဲမှာ ကျွန်တော်တို့ အတွက် ရွေးချယ်စရာ နည်းပါးခဲ့ပြီး ပွဲကခက်ခဲခဲ့သည့်တိုင် အသင်းသားတွေဟာ တိုက်ပွဲဝင် စိတ်ဓာတ် ပြသနိုင်ခဲ့ကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး မော်ရင်ဟိုက သူ့ရဲ့ အနာဂတ် လှုပ်ခတ်နေခြင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ တုန့်ပြန်ဖြေကြားခဲ့ပါတယ် ။

မော်ရင်ဟို က ” ခင်ဗျား ပြောနေတာ ကျွန်တော် တစ်ခုမှ မသိပါဘူး ။ ဇွန် ၃၀-အထိ ကျွန်တော့မှာ ရိုးမားနဲ့ စာချုပ် ကျန်နေပါသေးတယ် ။ ကျွန်တော်ဘာလိုအပ်လဲဆိုတာ ပြည့်ပြည့်ဝဝ သဘောပေါက်ထားပါတယ် ။ ဒါက ရိုးမားအတွက် အရာရာ ပေးဆပ်ဖို့ ဖြစ်ပါတယ် ။ ဒီက ကစားသမားတွေ ၊ ပရိသတ်တွေအတွက် ရလဒ်ကောင်းတွေရအောင် ကျွန်တော် ကူညီပေးဖို့ ဒီမှာရှိနေတာပါ ။ ဘာလို့လဲဆိုတော့ ဒါက သူတို့ရဲ့ဘဝဖြစ်လို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source : pulsesports : goal.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link

#မော်ရင်ဟို #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *