အခြေအနေ မဟန်နေတဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပက်ဂွာဒီယိုလာ

အခြေအနေ မဟန်နေတဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပက်ဂွာဒီယိုလာ

၂၀၂၃ – ၂၀၂၄ ပရီးမီးယားလိဂ် ရာသီ စတင်လာတာ ပွဲစဉ် (၅)ပွဲ ပြီးဆုံးသွားပြီဖြစ်ရာ ၊ အမှတ်ပေးဇယားကို လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းက ရာနှုန်းပြည့် နိုင်ထားပြီး ဦးဆောင်လျက်ရှိပါတယ် ။ ထို့နောက် တော့တင်ဟမ် ၊ အာဆင်နယ် ၊ လီဗာပူးတို့က စီးတီး အနောက် အစဉ်လိုက် ရပ်တည်နေကြပါတယ် ။

ဒီရာသီမှာ အင်အားကြီး ကလပ် (၂) သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ အခြေအနေ မဟန်နေကြဘဲ ရမှတ် (၆) မှတ်နဲ့ (၅) မှတ်သာ ရရှိထားပြီး ၊ အဆင့် (၁၄) နဲ့ (၁၅) နေရာမှာ အသီးသီး ရပ်တည်နေကြပါတယ် ။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီအဆင့် (၃) နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရထားရာကနေ ဒဏ်ရာပြဿနာများစွာနဲ့အတူ အခုလို ခြေစွမ်း သိသိသာသာ ကျဆင်းလာတာ ဖြစ်သလို ၊ ၂ရာသီဆက် စံချိန်တင် ပြောင်းရွှေ့ကြေးတွေ သုံးစွဲထားတဲ့ ချဲလ်ဆီးဟာလည်း အမေရိကန် ပိုင်ရှင်တွေရဲ့ လက်ထက် နည်းပြသစ် (၄) ဦး အထိလဲအပြီး ခြေစွမ်းက ထူးမလာနေသေးပါဘူး ။

လောလောဆယ် ခြေစွမ်းအရဆိုရင် စီးတီးတို့ကပဲ သမိုင်းတလျှောက် ပထမဆုံး အကြိမ် (၄)နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားမြဲ စားနေမှာဖြစ်ပါတယ် ။ တဖက်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲကလည်း ယနေ့ညမှာ စတင်ကျင်းပသွားဖို့ ရှိရာ လက်ရှိ ချန်ပီယံ စီးတီးဟာ ဆားဘီးယား ကလပ် ရက်ဒ်စတား ဘဲလ်ဂရိတ်နဲ့ အုပ်စု အဖွင့်ပွဲအဖြစ် ထိပ်တိုက် ရင်ဆိုင်မှာ ဖြစ်ပါတယ် ။

မနေ့က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ၄င်းတို့ အသင်းဟာ တရာသီလုံး နိုင်ပွဲဆက်နေမှာ မဟုတ်ပဲ ၊ အကျပိုင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ဖွင့်ဟရင်း ၊ အခြေအနေ မဟန်နေတဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာလည်း ပြန်ပြီး နာလန်ထူမှာ ဖြစ်ကြောင်း မက်ဆေ့ခ်ျပေးသွားပါတယ် ။

ပက် က ” ဘောလုံးရာသီတစ်ခုအတွင်း ကျွန်တော်တို့ဟာ အကျပိုင်းနဲ့ ရင်ဆိုင်ရတတ်ပါတယ် ။ ဒီတော့ အခု အနေအထားမျိုး တစ်ရာသီလုံး ဖြစ်နေမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီလို စတင်နိုင်လိုက်တာက ကောင်းသလို ၊ အရေးကြီးတဲ့ အသင်းတွေဟာ ရမှတ် အတော်လေး စုဆောင်းထားနိုင်ကြပါပြီ ။ ”

” ဒါပေမယ့် မနေ့က ဂွတ်ဒီဆင်ပ့ါခ်က ပွဲကို ကျွန်တော် ကြည့်ရှုခဲ့ပြီး ၊ အဲဒီမှာ အာဆင်နယ် ဘယ်လောက်ထိ အင်အား တောင့်တင်းမှု ရှိနေတယ် ဆိုတာ ခင်ဗျားတို့လည်း သိရမှာပါ ။ သူတို့ဟာ သူမတူအောင် ခြေစွမ်း ထက်မြက်နေတာပါ ။ ”

” လီဗာပူးဟာလည်း ဒီနှစ်မှာ သူတို့ရဲ့ စိတ်ဓာတ်ခံယူချက် ဘယ်လောက်ထိ ပြင်းပြတယ် ဆိုတာ ထပ်မံ သက်သေပြနေပါပြန်ပါပြီ ။ ဟုတ်ပါတယ် ။ ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့ဟာ ခင်ဗျားတို့ မျှော်မှန်းထားကြသလို ရာသီသစ်ကို မစတင်ထားနိုင်သေးပါဘူး ။

” ဒါပေမယ့် ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ အနှေးနဲ့ အမြန် ရစ်သမ် ပြန်မိလာကြတော့မှာပါ ။ ဖလား ၃လုံး ချန်ပီယံ ဖြစ်အပြီး အခုလို အဖွင့် ( ၅) ပွဲလုံး အနိုင်ရလိုက်တာက ကျွန်တော်တို့ အတွက် အရမ်း အရမ်း အရေးကြီးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source – Metro

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *