အယ်လ်နက်ဆာနဲ့ အင်တာမိုင်ယာမီ ဘယ်အသင်းပိုကောင်းလဲ

အယ်လ်နက်ဆာနဲ့ အင်တာမိုင်ယာမီ ဘယ်အသင်းပိုကောင်းလဲ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နက်ဆာအသင်းဟာ ကမ္ဘာ့ကလပ်အဆင့်သတ်မှတ်ချက်မှာ မက်ဆီရဲ့ အင်တာမိုင်ယာမီထက် သိသိသာသာ မြင့်မားနေတာ တွေ့ရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဆော်ဒီမြေကိုရောက်ခဲ့ပြီးနောက် နွေဈေးကွက်မှာတော့ ကြယ်ပွင့်အများစုဟာ အရှေ့အလယ်ပိုင်းကို လိုက်ပါလာခဲ့ကြတာဖြစ်တယ်။

မက်ဆီကတော့ ပီအက်စ်ဂျီနဲ့စာချုပ်ကုန်ချိန်မှာ မေဂျာလိဂ်ကို ပြောင်းရွှေ့ခဲ့တာပါ။ ကြယ်ပွင့်နှစ်ဦးစလုံးဟာ သက်တိုင်ရာကလပ်တွေအပေါ် အကျိုးသက်ရောက်မှုပေးနိုင်ခဲ့ပြီး မက်ဆီဟာ မိုင်ယာမီအတွက် ပထမဆုံး ဆုဖလားကို အရယူပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း ဆော်ဒီပရိုလိဂ်ပွဲစဉ်တွေမှာ ၂၄ ဂိုးအထိသွင်းယူပြီး အမြင့်ဆုံးခြေစွမ်းပြသထားနိုင်တာဖြစ်တယ်။ Opta Power Rankings အရတော့ ရော်နယ်ဒိုရဲ့ အယ်လ်နက်ဆာဟာ အင်တာမိုင်ယာမီထက် အဆင့်သတ်မှတ်ချက် မြင့်မားနေတာတွေ့ရပါတယ်။

အယ်လ်နက်ဆာဟာ Power Rankings မှာ အဆင့် ၈၆-နေရာရပ်တည်နေပြီး အင်တာမိုင်ယာမီက ၂၃၆-မှာရှိနေတာကြောင့် အဆင့် ၁၅၀-အထိကွာဟနေပါတယ်။ ဒါတောင်မှ ရော်နယ်ဒိုရဲ့ အယ်လ်နက်ဆာဟာ ဆော်ဒီပရိုလိဂ်ရဲ့ထိပ်တန်းအသင်း မဟုတ်သေးပါဘူး။ ဆော်ဒီကလပ်တွေထဲမှာ နေမာကိုခေါ်ယူခဲ့တဲ့ အယ်လ်ဟီလာအသင်းက အဆင့်သတ်မှတ်ချက်အမြင့်ဆုံးဖြစ်ပြီး ၇၅ နေရာမှာ ရပ်တည်နေတာဖြစ်တယ်။ အယ်လ်နက်ဆာနဲ့ အယ်လ်ဟီလာအသင်းတွေဟာ လိုင်ယွန်နဲ့ ဆဲလ်တစ်တို့ထက် ရပ်တည်မှုမြင့်မားနေသလို ပရီးမီးယားလိဂ်ကလပ် ဘန်လေထက်တောင် အသာရနေတာတွေ့ရပါတယ်။

Source : Sportbible

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#အယ်လ်နက်ဆာ #အင်တာမိုင်ယာမီ #ရော်နယ်ဒို #မက်ဆီ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *