အာဆင်နယ် အသင်းချန်ပီယံ ဖြစ်ဖို့အတွက် အင်အားဖြည့်တင်းရမယ့် နေရာကို သုံးသပ်ပြောကြားလာတဲ့ ဂယ်ရီနဗီးလ်

ဂယ်ရီနဗီးလ် က နယူးကာဆယ်အသင်း ကို အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်း ရဲ့ ချန်ပီယံအခွင့်အရေး နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုထုတ်ဖော် ပြောကြားလာခဲ့ပါတယ် ။ ဒါ့အပြင် နဗီးလ် က ဇန်နဝါရီ မှာ တိုက်စစ်မှုးတစ်ဦး ခေါ်ဖို့လည်း အာတီတာ ထံ တိုက်တွန်းပြောကြားသွားခဲ့ပါတယ် ။

နဗီးလ် ဟာ ဒီရာသီအစမှာ အာဆင်နယ်အသင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့သူဖြစ်ပြီး မန်စီးတီးကို အနိုင်ရတဲ့ပွဲအပြီးမှာ ချန်ပီယံအဖြစ်နိုင်ဆုံး အသင်းလို့ကို ချီးကျူးထားခဲ့တာဖြစ်ပါတယ် ။ ဒါပေမဲ့ အက်ဒီဟောင်း ရဲ့ နယူးကာဆယ် ကို အရေးနိမ့်ပြီး ဒီရာသီ ပထမဆုံးရှုံးပွဲ ကြုံခဲ့ရတဲ့နောက် အာဆင်နယ်အသင်း ရဲ့ချန်ပီယံ အခွင့်အရေးအပေါ် သံသယ ဖြစ်မိကြောင်း ဖွင့်ဟလာခဲ့ပါတယ် ။

နဗီးလ် က Sky Sports မှာ “အာဆင်နယ်အသင်း ရဲ့ ဒီရာသီပွဲတွေကို ကြည့်ရသလောက် အထောင်တိုက်စစ်မှုး နေရာက ပြဿနာ ဖြစ်နေတယ်လို့ မြင်ပါတယ် ။ အာဆင်နယ်အနေနဲ့ ဇန်နဝါရီ မှာ တိုက်စစ်မှုး တစ်ဦးလောက်တော့ ခေါ်ယူဖို့ လှုပ်ရှားသင့်ပါတယ် ။ နယူးကာဆယ် နဲ့ ပွဲမှာဆို တိုက်စစ်မှာ ထရောဆက်ဒ် နဲ့ ပွဲသိမ်းသွားခဲ့တာပါ ။”

“ဒီရာသီ အာဆင်နယ်အသင်း ရဲ့ပွဲအချို့ကို ကြည့်ပြီးတဲ့ အချိန်ကတည်းက ကျွန်တော်ဒီစကားကို ပြောခဲ့ပါတယ် ၊ ဂျေးဇု နဲ့ အန်ကီတီးယား တို့က တကယ်ကောင်းတဲ့ တိုက်စစ်မှုးတွေပါ ၊ ဒါပေမဲ့ သူတို့ကို အာဆင်နယ် ရဲ့နံပါတ် ၂ -နဲ့ နံပါတ် ၃ -တိုက်စစ်မှုးတွေ အဖြစ်ပဲ သုံးစေချင်ပါတယ် ။ သူတို့ နှစ်ဦစလုံးကို တချို့ပွဲတွေမှာ ညာတောင်ပံ ထုတ်သုံးလိုက် ၊ ဘယ်တောင်ပံ ထုတ်သုံးလိုက်နဲ့ အသုံးပြုလို့ ရပါတယ် ။”

“အာဆင်နယ်သာ သူတို့ အရင်က ပိုင်ဆိုင်ခဲ့သလို ထိပ်တန်း နံပါတ် ၉- ကို ပိုင်ဆိုင်ခဲ့ရင် ချန်ပီယံဖြစ်နိုင်တယ်လို့ထင်ပါတယ် ။ သူတို့ ချန်ပီယံ ဖြစ်နိုင်တယ်လို့ ကျွန်တော်ခန့်မှန်းခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲကြီးပွဲကောင်းတွေမှာ ကြည့်လိုက်တိုင်း အာဆင်နယ် တိုက်စစ်က လူမရှိပါဘူး ၊ အာတီတာ ကိုယ်တိုင်လည်း သိမှာပါ ၊ လက်ရှိ တိုက်စစ်မှူး ၂ -ဦးစလုံးကို သူကိုယ်တိုင်လည်း သဘောကျပါတယ် ၊ ပရိသတ်တွေလည်း သဘောကျကြပါတယ် ။ “

“သူတို့ နှစ်ဦးကို ဝေဖန်နေတာတော့မဟုတ်ပါဘူး ၊ သူတို့က အသင်းအတွက် အရေးပါတဲ့ကစားသမားတွေပါ ၊ အသင်း ရဲ့ အယောက် ၂၀ -လူစာရင်းမှာ ပါသင့်တဲ့ကစားသမားတွေလို့ ထင်ပါတယ် ၊ အသင်းအတွက် တစ်ရာသီကို ပွဲ ၂၅-၃၀ ကစားပေးနိုင်သူတွေပါ ၊ ဒါပေမဲ့ ပွဲကြီးတွေကျရင် သူတို့ထက်အများကြီး ပိုကောင်းတဲ့သူတွေကိုလိုပါတယ် ၊ မန်စီးတီးမှာဆို ဟာလန်း ရှိနေပါတယ် ၊ ဒါက ရာသီကုန်မှာ ကွာခြားချက် ဖြစ်လာနိုင်တဲ့ ကြီးမားတဲ့ အရာတွေပါပဲ ။” လို့ ‌ပြောကြားသွားခဲ့ပါတယ် ။

Source: Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#jdbkx.com #အားကစားသတင်း #ဂယ်ရီနဗီးလ် #အာဆင်နယ်ချန်ပီယံဖြစ်ဖို့အင်အားဖြည့်တင်းရမဲ့နေရာ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *