တစ်သင်းလုံးမှာ လူဖြူတွေချည်းပါနေလို့ ဝေဖန်ခံနေရတဲ့ အာဆင်နယ်အမျိုးသမီးအသင်း

အင်္ဂလန် အမျိုးသမီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အမျိုးသမီးအသင်းက ၂ဝ၂၃-၂ဝ၂၄ အမျိုးသမီးလိဂ် ဘောလုံးရာသီကိုဖြတ်သန်းမဲ့ တရားဝင်လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်သင်းလုံးမှာ လူဖြူအမျိုးသမီးတွေချည်းပဲ ဖြစ်နေလို့ အကြီးအကျယ်ဝေဖန်ခံနေရကြောင်း သိရပါတယ်။
အာဆင်နယ်အမျိုးသမီးအသင်းက အင်္ဂလန်မှာ အစောဆုံးပေါ်ထွက်လာတဲ့ အမျိုးသမီးအသင်းတွေထဲက တစ်သင်းဖြစ်သလို အင်္ဂလန် အမျိုးသမီးအသင်းတွေအနက် အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

အာဆင်နယ်အမျိုးသမီးအသင်းက အမျိုးသမီး ချန်ပီယံလိဂ်ဖလားကို ရရှိဖူးသလို လိဂ်ဖလား ၁၅-ကြိမ် ၊ အက်ဖ်အေဖလား ၁၄-ကြိမ် ၊ ရှုံးထွက်ဖလား ၆-ကြိမ် ၊ နေရှင်နယ်လိဂ် ၁၀-ကြိမ် ၊ ကွန်မြူနတီဒိုင်း ၅-ကြိမ် ။ စုစုပေါင်း ဆုဖလား ၅၁-လုံး အထိ ရရှိ ဆွတ်ခူးထားပါတယ်။
ဒါကြောင့်ပဲ အာဆင်နယ်အမျိုးသမီးအသင်းကို အင်္ဂလန်အမျိုးသမီး ဘောလုံးလောကရဲ့ပြယုဂ်အဖြစ် သတ်မှတ်ထားကာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အာဆင်နယ်အမျိုးသမီးအသင်းက သူတို့ရဲ့ ၂၀၂၃-၂ဝ၂၄ လူစာရင်းကို တရားဝင်ထုတ်ပြန် ကြေညာခဲ့
ပါတယ်။
အာဆင်နယ်အမျိုးသမီးအသင်းရဲ့ လူစာရင်းမှာ စုစုပေါင်း ကစားသမား ၂၇-ဦး ပါဝင်နေပြီး အင်္ဂလန်ကစားသမား ၆-ဦး ၊ ဩစတေးလျ ကစားသမား ၃-ဦး ၊ နယ်သာလန်ကစားသမား ၂-ဦး ၊ ဆွီဒင်ကစားသမား ၃-ဦး ၊ ဩစတီးယားကစားသမား ၂-ဦး ၊ ဆွစ်ဇာလန် ကစားသမား ၂-ဦး ၊ စကော့တလန်ကစားသမား ၂-ဦး ၊ ကနေဒါကစားသမား ၂-ဦး ၊ နော်ဝေကစားသမား ၁-ဦး ၊ အိုင်ယာလန် ကစားသမား ၁-ဦး ၊ ဘရာဇီးလ်ကစားသမား ၁-ဦး ၊ ဒိန်းမတ်ကစားသမား ၁-ဦး ၊ စပိန်ကစားသမား ၁-ဦး တို့ပဲ ဖြစ်ပါ
တယ်။

အာဆင်နယ်အမျိုးသမီးအသင်းကို မတူညီတဲ့ နိုင်ငံ ၁၃-နိုင်ငံရဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားပေမဲ့ တိုက်ဆိုင်မှုတစ်ခုက အဆိုပါ ကစားသမား အားလုံးဟာ လူဖြူအမျိုးသမီး ကစားသမားတွေချည်းဖြစ်နေပြီး အဆိုပါအချက်ကြောင့်ပဲ ဘောလုံးပရိသတ်တချို့က အာဆင်နယ်အမျိုးသမီးအသင်းဟာ လူမျိုးရေးခွဲခြားတဲ့ အသင်းဖြစ်ကြောင်း စွပ်စွဲပြစ်တင်ဝေဖန်နေကြပါတယ်။ ပြင်းထန်တဲ့ ဝေဖန်မှုတွေကြောင့် အာဆင်နယ်အသင်းက သူတို့ရဲ့ အမျိုးသားအသင်းရော ၊ အမျိုးသမီးအသင်းရောဟာ မတူကွဲပြားတဲ့ လူမျိုးတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အသင်းတွေဖြစ်ကာ ကလပ်မှာရော ၊ သူတို့ရဲ့ ပတ်ဝန်းကျင်မှာပါ အသားအရောင်မတူညီတဲ့ ဝန်ထမ်းတွေ ၊ မိသားစုဝင်တွေ ၊ မိတ်ဆွေတွေ ရှိကြောင်းနဲ့ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် ကစားသမားတွေကို အသားအရောင်မခွဲခြားဘဲ ရွေးချယ်ခေါ်ယူထားတာဖြစ်ကြောင်း ဖြေရှင်းချက်ထုတ်ပြန်ထားပါတယ်။

Source : Metro.co.uk : Dailystar.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

##အာဆင်နယ်အမျိုးသမီးအသင်း #လူမျိုးရေးခွဲခြားမှု #အသားရောင်ခွဲခြားမှု ##Online #Game #Myanmar #OnlineGameMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *