ဆီဗီးလား အသင်းနဲ့ ပွဲမတိုင်မီ အာဆင်နယ် ကစားသမား ၃ ဦးရဲ့ ကြံ့ခိုင်မှု အခြေအနေကို အသိပေးလာတဲ့ အာတီတာ

အာဆင်နယ် အသင်းနည်းပြ အာတီတာ ကတော့ ကြာသပတေးနေ့မှာ ကစားမယ့် ဆီဗီးလား အသင်း နဲ့ ချန်ပီယံလိဂ် ပွဲစဉ် (၄) မှာ တိုက်စစ်မှူး ဂါဘရီယဲလ်ဂျေးဇု နဲ့ အက်ဒီ တို့ပါဝင် ကစားနိုင်ဦးမှာမဟုတ်ကြောင်း အတည်ပြုလိုက်ပြီး ကပ္ပတိန် အော်ဒီဂတ် ကလည်း ပါဝင်ကစားဖို့ မသေချာသေးကြောင်း ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်။

ဂျေးဇု ဟာ ပထမအကျော့ ဆီဗီးလား နဲ့ ပွဲမှာ တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီးကာ ခြေစွမ်းပြ နိုင်ခဲ့သူ ဖြစ်ပေမဲ့ အဆိုပါပွဲမှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး ၃-ပွဲဆက် ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး ။ ဘရာဇီး အသင်းကတော့ ဂျေးဇု ဒဏ်ရာ ပြဿနာ ရှိနေပေမယ့် ကိုလံဘီယာ ၊ အာဂျင်တီးနား တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် လူစာရင်းမှာ ရွေးချယ်ထားပါတယ် ။

အာဆင်နယ် အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မှီ ဆီဗီးလား ၊ ဘန်လေ တို့နဲ့ ကစားရဖို့ ရှိနေပြီး အာတီတာကတော့ အော်ဒီဂတ်အက်ဒီ ရော ဂျေးဇု ပါ ခုထက်ထိ ကြံ့ခိုင်မှု မပြည့်ဝသေးကြောင်း အတည်ပြုသွားခဲ့ပါတယ် ။ ” ဂါဘီ က ကြံ့ခိုင်မှု မပြည့်ဝသေးပါဘူး ၊ မာတင် ကလည်း မသေချာတဲ့ အခြေအနေမှာ ရှိပါတယ် ၊ ကျန်တဲ့သူ‌တွေကတော့ ဘာသတင်းထူးမှ မရှိပါဘူး ။ ”

အော်ဒီဂတ် ဟာ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲမှာ လူစားဝင် ကစားခဲ့ပေမဲ့ နယူးကာဆယ် အသင်း နဲ့ ပွဲမှာတော့ တင်ပါး ဒဏ်ရာကြောင့် လွဲ‌ချော်ခဲ့ရပါတယ် ။ အော်ဒီဂတ် ဟာလည်း ဂျေးဇု လိုပဲ နိုင်ငံအသင်း လူစာရင်းမှာ ရွေးချယ်ခံထားရပြီး အာတီတာ ကတော့ နော်ဝေသား တစ်ယောက် နိုင်ငံအသင်းအတွက် ကစားပေးနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။

မာတင် က နိုင်ငံအသင်းအတွက် ကစားရတာကို ကြိုက်နှစ်သက်သူ တစ်ဦးပါ ၊ လူစာရင်းမှာ ရွေးချယ် ခံရတဲ့ အချိန်တိုင်းမှာ ကြံ့ခိုင်မှု ပြည့်ဝနေတတ်ပါတယ် ၊ ကြံ့ခိုင်မှုပြည့်နေရင်တော့ သူ ကစားပါလိမ့်မယ် ။ ” လို့ ပြောကြားသွားခဲ့ပါတယ် ။

Source: Football.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#jdbkx.com #အားကစားသတင်း #အာတီတာ #အော်ဒီဂတ် #အက်ဒီ #ဂျေးဇု #အာဆင်နယ် #ဆီဗီးလား #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *