ဟာဇက်ကိုပြန်ခေါ်ပြီး အခွင့်အရေးပေးချင်တယ်လို့ ဖွင့်ဟလာတဲ့ ကီဗင်နိုလန်

ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမားဟောင်း အီဒင်ဟာဇက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လက်ရှိ အသက် ၃၂-နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ တရားဝင်အနားယူကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ် ။

ဟာဇက် တစ်ယောက် အခုလို အသက်ငယ်ငယ်နဲ့ အနားယူသွားတာရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ရီးရဲလ်မက်ဒရစ်မှာ မကြာခဏရခဲ့တဲ့ ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကြောင့်လို့ ယေဘူယျ ခြုံပြောရမှာ ဖြစ်ပါတယ် ။

ယင်းနောက်ဆက်တွဲ ပြဿနာက ၎င်းကို ထိပ်တန်းအဆင့် တစ်ဆင့်မှာ ကစားဖို့အတွေးကို နောက်ဆုတ်သွားစေခဲ့ကာ ၊ အဆုံးမှာတော့ အနားယူဖို့ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ် ။ ဟာဇက်တစ်ယောက် အခုလို ကြေညာချက် မထုတ်ခင်က ဆော်ဒီနဲ့ အမေရိကန် မေဂျာလိဂ်မှ စိတ်ဝင်စားမှု ရခဲ့သေးပေမယ့် ၊ အေးအေးဆေးဆေးပဲ အနားယူရမယ့် လမ်းကြောင်းကိုပဲ ရွေးချယ်သွားခဲ့ပါတယ် ။

ဝက်စ်ဟမ်း ကွင်းလယ်လူဟောင်း တစ်ဦးလည်းဖြစ် ၊ လက်ရှိ ဝက်စ်ဟမ်း နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကီဗင်နိုလန်ကတော့ သူသာဆို ဟာဇက်ကို ယာယီဖြစ်ဖြစ် ပရီးမီးယားလိဂ်မှာ အခွင့်အရေး ပြန်ပေးချင်တဲ့အကြောင်း Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလို ဖွင့်ဟလာပါတယ် ။

နိုလန် က “ချဲလ်ဆီးက ဟာဇက်မျိုး ပြန်ရရင် ကျွန်တော်လိုချင်ပါတယ် ။ သူသာ ပြန်လာပြီး အစမ်းသပ်ခံချင်သေးတယ်ဆိုရင် ကျွန်တော်ကတော့ သူ့ကို လိုလိုလားလားနဲ့ ပြန်ခေါ်သွားချင်ပါတယ် ။ နည်းပြကြီး ( ဒေးဗစ် မိုယက်စ် ) ရဲ့ ဆန္ဒကိုတော့ ကျွန်တော် မသိပေမယ့် ကျွန်တော်ကတော့ သေချာပေါက် သူ့ကိုအခွင့်အရေး ပြန်ပေးချင်ပါတယ် ။ “

” သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နှစ်တချို့နဲ့ အကောင်းဆုံး သွင်းဂိုး တချို့မှာ ပါဝင်ပတ်သက်နေသူပါ ။ အခုလို အသက် ၃၂-နှစ်တည်းနဲ့ စောစောစီးစီး အနားယူသွားတာကို မြင်ရတော့ ဝမ်းနည်းမိပါတယ် ။ “

“ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ သူဒီထက် အချိန်ပိုကြာကြာ ကစားနိုင်ဦးမယ်လို့ ကျွန်တော်ယုံကြည်ထားတာပါ ။ နောက်၆-လ ( သို့မဟုတ် ) တနှစ် အတွင်းသူ ဆုံးဖြတ်ချက် ပြန်ပြင်ဦးမယ်ဆိုရင် ကျွန်တော် အံ့သြမိမှာမဟုတ်ပါဘူး ။ “

“အခု အသက် ၃၂-နှစ် အရွယ်ပဲ ရှိသေးတဲ့အချိန် သူ အခုပဲ အနားယူသွားတာဆိုပေမဲ့ ဘောလုံးသမားတွေ ဒီလို အနားယူပြီးမှ ခဏပြန်ကစားတာမျိုးတွေ ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပါတယ် ။ ပေါလ်စခိုးလ်တောင် အနားယူပြီး ပြန်ကစားခဲ့သေးတာပါပဲ ။ “

“အနားယူပြီးမှ ဆာအဲလက်စ်ဆီကနေ ဖုန်းဝင်လာတော့ သူက “ဟုတ်ပြီ ၊ ကျွန်တော် ပြန်လာလိုက်မယ်” ဆိုပြီး ဖြစ်သွားခဲ့ပါတယ် ။ ဟာဇက်လည်း ထိုနည်းတူ ဖြစ်လာနိုင်ပါတယ် ။ တစ်စုံတစ်ယောက်က သူ့ကို “လာပါ ၊ ငါတို့ဆီမှာ ၆-လလောက် ကစားကြည့်ပါဦး” ဆိုပြီး အခွင့်အရေး လိုလိုလားလားနဲ့ ပေးနိုင်ရင်ပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source : Talksport

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#ဟာဇက် #ကီဗင်နိုလန် #ဟာဇက်ကိုအခွင့်အရေးပေးချင်သူ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *