ကစားသမားဘဝတစ်လျှောက် အပျော်ခဲ့ရဆုံးအသင်းအမည်ကို ထုတ်ဖော်ပြောကြားလာခဲ့တဲ့ အူဘာမီယန်း

အူဘာမီယန်း က သူ့ရဲ့ ကစားသမား ဘဝတစ်လျှောက် ဘာစီလိုနာ မှာ ကစားခဲ့ရတဲ့အချိန်တွေဟာ သူ့အတွက်ပျော်စရာအကောင်းဆုံး အချိန်တွေ ဖြစ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ် ။ ဂါဘွန် လက်ရွေးစင် တိုက်စစ်မှုး အူဘာမီယန်း ဟာ ကစားသမား ဘဝတစ်လျှောက် အေစီမီလန် ၊ ဒေါ့မွန် ၊ မိုနာကို ၊ အာဆင်နယ် ၊ ဘာစီလိုနာ ၊ ချဲလ်ဆီး နှင့် မာဆေးလ်တို့လို့ ဥရောပ ထိပ်တန်း အသင်းကြီးတွေမှာ ကစားခဲ့သူပါ ။ အသက် ၃၄ နှစ် အရွယ် အူဘာမီယန်း ဟာ ကလပ်အသင်းတွေထဲ ဒေါ့မွန်အသင်းမှာ ပွဲအများဆုံး ကစားခဲ့ပြီး ၂၁၃ -ပွဲ ကစား ၊ ၁၄၁ -ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် အူဘာမီယန်း ဟာ အာဆင်နယ်အသင်းမှာ လေးရာသီကြာ ကစားခဲ့ပြီး ၁၆၃- ပွဲကစား ၊ ၉၂ -ဂိုး သွင်းနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဆိုပါ နှစ်သင်းစလုံး ဟာ အူဘာမီယန်း ရဲ့ ကစားသမား ဘဝအပျော်ရွှင်ဆုံး ကလပ်အသင်းတော့ ဖြစ်မနေခဲ့ပါဘူး ။
အူဘာမီယန်း က ” ဘာစီလိုနာ က ကျနော့် ကစားသမား ဘဝတစ်လျှောက် အကောင်းဆုံးအခိုက်အတန့်ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကလပ်အသင်းပါပဲ ။ ဘာစီလိုနာမှာလောက် ဘောလုံးကစားရတာပျော်ရွှင် ခဲ့ရတာမျိုး ၊ လေ့ကျင့်ရေးကွင်းကို သွားရတာပျော်နေတာမျိုး မရှိခဲ့ဖူးပါဘူး ၊ နားရက်တွေမှာတောင် ကျနော် လေ့ကျင့်ရေးကွင်းကို သွားတဲ့အထိပါပဲ ။ တကယ့်ကို အံ့ဖွယ်အခိုက်အတန့်ပါပဲဗျာ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Source : hapsport.com.ng : nowarsenal.com
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channelမြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #အူဘာမီယန်း #ဘာစီလိုနာမှာအပျော်ဆုံးဖြစ်ခဲ့ #အာဆင်နယ် #ဒေါ့မွန်အသင်း #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *