ခြေစွမ်းနုံချာခဲ့တဲ့ ရိစ်ဂျိမ်းစ် အပေါ် ထုတ်နုတ်ဝေဖန်သွားတဲ့ အလန်ရှီးယား

ချဲလ်ဆီးအသင်းဟာ မနေ့က စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းတစ်သင်းစာလောက် ဒဏ်ရာရနေပြီး ၊ လူမစုံတဲ့ နယူးကာဆယ်ကို ဒုတိယပိုင်းအတွင်း ပေးခဲ့ရတဲ့ခံစစ်အမှားတွေက ဂိုးတွေနဲ့ ၄ – ၁ ရလဒ်နဲ့ အရှက်တကွဲရှုံးခဲ့ရပါတယ် ။
ပထမပိုင်းမှာလည်း ချဲလ်ဆီးဟာ အိမ်ရှင်ဖက်ကို စောစောစီးစီး အဖွင့်ဂိုးပေးခဲ့ရပေမဲ့ ၊ ရာဟင်း စတာလင်ရဲ့ တိုက်ရိုက် ဖရီးကစ် သွင်းဂိုးကြောင့် ပွဲကိုပြန်လည်ထိန်းချုပ်ခွင့်ရခဲ့ပါတယ် ။ သို့ပေမဲ့ ဒုတိယပိုင်း ပြန်စတဲ့အခါ ခြင်္သေ့ပြာတို့ရဲ့ ကစားပုံနဲ့ ခြေစွမ်းက လုံးလုံး ထိုးဆင်းသွားခဲ့ပါတယ် ။

တည်ကန်ဘောကနေ ခံစစ်ကတစ်ယောက်မှ အကပ်မခံထားရတဲ့ လာဆဲလ်စ်က ငှက်ကျားတွေအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး ၊ ချက်ချင်းဆိုသလို ချဲလ်ဆီးဖက်က သီယာဂို ဆေးလ်ဗားက လူပေးမှားရာကနေ အိမ်ရှင်တို့ တတိယ ဦးဆောင်ဂိုးကိုထပ်ရသွားပါတယ် ။

အဲဒီနောက် တစ်ပွဲလုံး ဒေါသမထိန်းနိုင်ခဲ့တဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ဟာ မလိုအပ်ဘဲ နယူးကာဆယ် တောင်ပံကစားသမား အန်သိုနီ ဂေါ်ဒွန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ရာကနေ ၊ နှစ်ဝါတစ်နီ ထိသွားလို့ ပွဲကပြီးသလောက်ရှိသွားပါတယ် ။ အဲဒီနောက် ဂေါ်ဒွန်က စတုတ္ထ ဦးဆောင်ဂိုးကို သွင်းလို့ ခြင်္သေ့ပြာတို့ အတွက် ပြတ်သားတဲ့ ရှုံးနိမ့်ခြင်းဖြစ်သွားခဲ့ပါတယ် ။ BBC Radio 5 Live နဲ့ တွေ့ဆုံခဲ့ရာမှာ နယူးကာဆယ် ဂန္တဝင်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ထိုပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့အပြင် ပရော်ဖက်ရှင်နယ်မဆန်ဘဲ စိတ်လှုပ်ရှားမှုများခဲ့တဲ့ ရိစ်ဂျိမ်းစ် အပေါ် အခုလိုပဲ ဝေဖန်သွားပါတယ် ။

အလန်ရှီးယား က “ချဲလ်ဆီးဟာ ဒုတိယပိုင်းမှာ ခြေစွမ်းအတော်ဆိုးရွားခဲ့ပါတယ် ။ သူတို့ဟာ ဖိအားတောက်လျှောက်ပေးနေတဲ့ နယူးကာဆယ်ကြောင့် ခြေစွမ်း စုတ်ပြတ်သပ်နေတဲ့ပုံပေါက်ခဲ့တာပါ ။ ကီရန် ထရစ်ပီယာဟာ ဒီနေ့ပွဲမှာ အတော်လေး ကစားပုံကောင်းခဲ့ပါတယ် ။ ”

” ရိစ်ဂျိမ်းစ်ကတော့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး ။ အန်သိုနီ ဂေါ်ဒွန်ဟာ သူ့ကို အတော်လေးအခက်တွေ့စေခဲ့ပြီး ဒါကို သူ ဒေါသထွက်ခဲ့ပါတယ် ။ ဂေါ်ဒွန်ဟာ နယူးကာဆယ်မှာ သူ့ရဲ့အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပုံပါပဲ။ နည်းနည်းလောက် ဒေါသထွက်သွားခဲ့တာက ဂျိမ်းစ်ကို အထုတ်ခံရစေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ် ။

ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲကြည့်စင်ကနေသာ ကြည့်ခဲ့ရတဲ့ ချဲလ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုကတော့ ပွဲအပြီးအင်တာဗျူးမှာ ဒါက ၄င်းတို့အတွက် ဒီရာသီအဆိုးရွားဆုံး စွမ်းဆောင်ရည် ဖြစ်ကြောင်း ဒေါသတကြီးနဲ့ မှတ်ချက်ပြုသွားပါတယ် ။

ပိုချက်တီနို က ” ဒါက ကျွန်တော်တို့ရဲ့ ဒီရာသီ ခြေစွမ်းအဆိုးရွားဆုံး ပွဲပါပဲ ။ ပွဲအစကတည်းက ကျွန်တော်တို့ ပွဲအကြောင်း မဖတ်နိုင်ခဲ့ပါဘူး ။ ဘယ်လိုကစားသင့်လဲဆိုတာ သဘောမပေါက်ခဲ့ပါဘူး ။ စိတ်ဓာတ်ပြင်းထန်မှုနဲ့ ခွန်အားတွေ ပျောက်ဆုံးခဲ့ပါတယ် ။ ” ” ချေပဂိုး ပြန်ရခဲ့လို့ ၁ – ၁ ဖြစ်သွားတဲ့ အတွက် ပြိုင်ဖက်ကို ခံစစ်ထိုင်ကစားဖို့ တွန်းအားပေးရမယ့် အစား ၊ နယူးကာဆယ်ကို လွယ်ကူလွန်းတဲ့ ပွဲတစ်ပွဲ ဖြစ်ဖို့ ဖန်တီးပေးလိုက်သလိုပါပဲ ။ ဒါကြောင့် ကျွန်တော် ဒီနေ့ပွဲက စွမ်းဆောင်ရည်ကို စိတ်ပျက်မိတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။

Source : Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #အလန်ရှီးယား #ရိစ်ဂျိမ်းစ် #နယူးကာဆယ် #အန်သိုနီဂေါ်ဒွန် #ချဲလ်ဆီး #ခြေစွမ်းနုံချာခဲ့သူ #နှစ်ဝါတစ်နီ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *