အိုးထရပ်ဖို့ဒ်ကနေ ထွက်ခွာရန် မန်ချက်စတာယူနိုက်တက် စတားကို တိုက်တွန်း

အိုးထရပ်ဖို့ဒ်ကနေ ထွက်ခွာရန် မန်ချက်စတာယူနိုက်တက် စတားကို တိုက်တွန်း

ဂျေမီကာရေဂါက ကတ်စမီရိုဟာ top level မှာ နောက်ဆုံးကစားရန် ၃ -ပွဲသာ လိုတော့တယ်လို့ ဆိုလိုက်ပြီး ဘရာဇီးကွင်းလယ်လူ အနေနဲ့ နွေရာသီမှာ မန်ယူနိုက်တက်ကနေ ထွက်ခွာသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ အသက် ၃၂ -နှစ်အရွယ် ကစားသမားဟာ မနေ့ညက ယူနိုက်တက်တို့ ပဲလေ့စ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ ကစားပုံကိုပြသခဲ့ပါတယ်။

ဘရာဇီး ကွင်းလယ်လူဟာ ယူနိုက်တက်ရဲ့ ခံစစ်ဒဏ်ရာပြဿနာတွေကြောင့် ဗဟိုခံစစ်မှာ ဆင်းကန်ခဲ့ရပြီး အိုလစ်စ်ရဲ့ ဂိုးမှာ အမှားကျူးလွန်ခဲ့ပါတယ်။ ကာရေဂါက အမြင့်ဆုံး level မှာ ကစားနေတဲ့ ကတ်စမီရိုရဲ့ အချိန်တွေဟာ မကြာမီမှာပဲ ကုန်ဆုံးတော့မယ်လို့ ပြောလိုက်ပါတယ်။

ကာရေဂါက “ကျွန်တော် ပထမပိုင်း အပြီးမှာ ပြောခဲ့ပါတယ်။ တန်းဟတ် အနေနဲ့ ကတ်စမီရိုကို လူစားလဲပစ်သင့်တယ် ဆိုပြီးတော့ပါ။ ယူနိုက်တက်ရဲ့ အရန်ခုံမှာ ကလေးတွေပဲ ရှိနေတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိ ကစားသမားတစ်ဦး ဖြစ်တဲ့ ကတ်စမီရို အနေနဲ့ ဒီည သူ့ရဲ့ ကစားပုံကို သေချာပြန်လည် သုံးသပ်ပြီး သူ့အနေနဲ့ top level မှာ နောက်ထပ် ၃ ပွဲလောက်ပဲ ထပ်ကစားသင့်တယ်ဆိုပြီး သိနေသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

‘ငါ မေဂျာလိဂ် ဒါမှမဟုတ် ဆော်ဒီလိဂ်ကို သွားကစားသင့်ပြီ’ ဆိုပြီး သူ တွေးနေသင့်ပါတယ်။ တကယ်ပြောတာပါ။ သူ့ရဲ့ အေးဂျင့်နဲ့ အသင်းက လူတွေ အနေနဲ့ သူ့ကို ပြောပြဖို့ လိုအပ်ပါတယ်။ ဒါကို ရပ်တန့်ရတော့မှာပါ။ ကျွန်တော်တို့ဟာ မော်ဒန်ခေတ်ရဲ့ အကြီးကြယ်ဆုံး ကစားသမားတွေထဲက တစ်ဦး ၊ တိုနီခရူးစ် မိုဒရစ် တို့နဲ့ အတူ ဥရောပကို လွှမ်းမိုးနိုင်ခဲ့ပြီး ကျွန်တော်တို့ အားလုံးနှစ်သက်ကြတဲ့ ဘူ့စ်ကွက်, ဇာဗီ, အင်နီယေစတာ စတဲ့ ဘာစီလိုနာ ကွင်းလယ် အတွဲကို ကောင်းကောင်း ယှဉ်နိုင်တဲ့ ရီးရဲယ်ဂန္ထ၀င် ကွင်းလယ်အတွဲထဲက လူတစ်ဦးအကြောင်းကို ပြောနေတာပါ။ သူဟာ တကယ့်ကို Great ဖြစ်ခဲ့ပါတယ်။

သူဟာ ရီးရဲယ်မက်ဒရစ် နဲ့ အတူ ချန်ပီယံလိဂ် အပါအ၀င် ဆုဖလားတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ပြီး ဘရာဇီးအတွက် ကစားပေးခဲ့သူပါ။ ကျွန်တော် သူ့ရဲ့ အောင်မြင်မှုနဲ့ တခြားစီပါ။ ဒါပေမဲ့ ‘ဘောလုံးက ကိုယ့်ကို မထားမီ ဘောလုံးကို ထားခဲ့ပါ’ ဆိုတဲ့ စကားကို ကျွန်တော် အမြဲမှတ်မိနေပါတယ်။ ကတ်စမီရိုကို top level football က ထားခဲ့ပါပြီ။ သူ့အနေနဲ့ ဒီ level မှာ ကစားတာကို ရပ်ပြီး ထွက်ခွာသင့်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Source : sports.yahoo.com

#jdbkx.net #အားကစားသတင်း #ဂျေမီကာရေဂါ #မန်ချက်စတာယူနိုက်တက် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *