ဟယ်ရီကိန်း ကို လုံးဝကြောက်နေမှာ မဟုတ်ဘူးလို့ စကားစစ်ထိုးလိုက်တဲ့ ဂန်းနား ကပ္ပတိန်

ဂန်းနားကပ္ပတိန် မာတင် အော်ဒီဂတ် က ဒီကြားရက်မှာ ကစားမဲ့ ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ဟယ်ရီကိန်း ကို လုံးဝကြောက်ရွှံ့ စိုးရိမ်နေမှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် စုစုပေါင်း ၃၈ -ဂိုးအထိ သွင်း ယူထားပါတယ်။ အာဆင်နယ် အသင်းရဲ့ ခါးသီး မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်းမှာ ကစားခဲ့ဖူးတဲ့ ဟယ်ရီကိန်း ဟာ အာဆင်နယ်အသင်းဘက်ကို ၁၄ -ဂိုး အထိ သွင်းထားဖူးသူလည်းဖြစ်ပါတယ်။

ဒီရာသီ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို လက်လွတ်ရဖို့ သေချာသလောက် ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ချန်ပီယံလိဂ် ပြိုင်ပွဲဟာ တစ်ခုတည်းသော ဖလားမျှော်လင့်ချက်ဖြစ်ပြီး အဆိုပါမျှော်လင့်ချက်အတွက် အရင်ဦးဆုံးကျော်ဖြတ်ရမှာက အာဆင်နယ်အသင်း ဖြစ်ပါတယ်။

အာဆင်နယ် အသင်း ရဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂတ် ကတော့ ဘိုင်ယန်မြူးနစ် နဲ့ ပွဲမတိုင်မှီ အင်တာဗျူးမှာ “သူ(ဟယ်ရီကိန်း) က ကစားသမားကောင်း တစ်ဦးပါ။ ကျွန်တော် သူနဲ့ အကြိမ်အနည်းငယ် ရင်ဆိုင်ကစားဖူးပါတယ် ၊ ဂိုးဧရိယာအတွင်းမှာ သူ့ရဲ့အရည်အသွေးက ဘယ်လို ရှိသလဲ ကျွန်တော်တို့ သိပါတယ်။ သူက ချိတ်ဆက် ကစားတာတွေလည်းကောင်းတဲ့ ကစားသမားပါ ”

“ကျွန်တော်တို့ အင်္ဂါနေ့မှာ အသင်းကောင်း တစ်သင်း နဲ့ ရင်ဆိုင်ကစားရမှာပါ။ ကျွန်တော်တို့အနေနဲ့ ဟယ်ရီကိန်း ကို လေးစားမှုတော့ ထားပါတယ် ၊ ဒါပေမဲ့ ဘယ်ကစားသမားကိုမှ ကြောက်နေမှာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ပြီး ကိုယ့်မှာ ရှိတဲ့ အရည်အသွေးတွေကိုပဲ ခေါင်းထဲထည့်ထားပါတယ် ၊ ဒါပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : eurosport.com

#jdbkx.com #အားကစားသတင်း #မာတင်အော်ဒီဂတ် #ဟယ်ရီကိန်း #အာဆင်နယ် #ဘိုင်ယန်မြူးနစ် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

2 comments

  • I’ve been visiting this site for years, and it never fails to impress me with its fresh perspectives and wealth of knowledge. The attention to detail and commitment to quality is evident. This is a true asset for anyone seeking to learn and grow.

  • Thank you for your response! I’m grateful for your willingness to engage in discussions. If there’s anything specific you’d like to explore or if you have any questions, please feel free to share them. Whether it’s about emerging trends in technology, recent breakthroughs in science, intriguing literary analyses, or any other topic, I’m here to assist you. Just let me know how I can be of help, and I’ll do my best to provide valuable insights and information!

Leave a Reply

Your email address will not be published. Required fields are marked *