အာဆင်နယ်အသင်း တိုက်စစ်က ဒီရာသီမှာ ပျမ်းမျှအဆင့်ပဲရှိတယ်

အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးရောက်နေပေမဲ့ ဂျင်မီကာရေဂါ ကတော့ အာတီတာ ရဲ့အသင်းဟာ မနှစ်ကလောက် တိုက်စစ်စွမ်းဆောင်ရည် ထက်မြက်မှုမရှိတော့ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ် ။ ဟားဗတ်ဇ် ရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ ဘရန့်ဖိုဒ့် ကို အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ဒီရာသီ စွမ်းဆောင်ရည်ဟာ အထင်ကြီးစရာကောင်းပေမဲ့ ကာရေဂါ ကတော့ လွှမ်းမိုးမှု ၊ လျင်မြန်ထက်မြက်မှု နှင့် ခြိမ်းခြောက်နိုင်မှု အပိုင်းမှာ မနှစ်ကလောက် မကောင်းကြောင်းဆိုပါတယ် ။

လီဗာပူးနောက်ခံလူဟောင်းက ဂျေးဇု ၊ မာတင်နယ်လီ ၊ ဆာကာ ၊ အော်ဒီဂတ် တို့ဟာ အရင်နှစ်ကလောက် ‌မကောင်းတော့ဘူးလို့ ယုံကြည်နေတာလည်းဖြစ်ပါတယ် ။
“အာဆင်နယ်က မနှစ်ကနဲ့ လုံးဝမတူတော့ပါဘူး ၊ ဒီအချက်အလက်တွေ ကြည့်ရုံနဲ့တင် မြင်သာပါတယ် ၊ မနှစ်ကလို လွှမ်းမိုးမှု ၊ လျင်မြန်မှု ၊ ခွန်အား ၊ အခွင့်အရေး ဖန်တီးမှုတွေ ဒီနှစ်မှာ သိပ်မတွေ့ရပါဘူး”
“ဒါက နည်းဗျူဟာပိုင်းနဲ့မဆိုင်ပါဘူး ၊ အာဆင်နယ် က ကစားနေကြ ပုံစံအတိုင်းပဲကစားနေတာပါပဲ။ ဇင်ချန်ကို က ကွင်းလယ်ကိုလာတယ် ၊ ရိုက်စ် က သောမက်စ် နေရာဝင်ကစားတယ် ။ ပါတေး လည်း မနှစ်ကကစားတာ အတော်ကောင်းခဲ့ပါတယ် ၊ ရိုက်စ်လည်း သိပ်ကောင်းပါတယ်။ ကွင်းလယ်က မနှစ်ကထက် ပိုပြီး ထိုးစစ်ဆင်နိုင်ပါတယ်”

” မနှစ်ကလောက် မကောင်းတော့ဘူးလို့ထင်ရတဲ့ အကြောင်းအရင်းက အာဆင်နယ် အသင်းရဲ့ တိုက်စစ်ပိုင်းကြောင့်ပါ။ အာဆင်နယ် အသင်းရဲ့ တိုက်စစ် ကစားသမားတွေက ဒီရာသီမှာ ပျှမ်းမျှအဆင့်ပဲရှိပါတယ်၊ မနှစ်ကတော့ တကယ့်ကိုကြမ်းခဲ့တာပါ ၊ မာတင်နယ်လီ ဆာကာ ဂျေးဇု အော်ဒီဂတ် တို့က ဒီဘရိုင်းနား တို့နဲ့ အပြိုင် အပေါ်မှာရှိခဲ့တာပါ”

အာဆင်နယ် အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ စုစုပေါင်း သွင်းဂိုး ၂၇ -ဂိုး အထိ သွင်းယူထားပြီး တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ အန်ကီးတီးယားက ၅ -ဂိုး ၊ ဆာကာ က ၄- ဂိုး ၊ အော်ဒီဂတ် နှင့် ထရောဆက်ဒ် တို့က ၃- ဂိုး ၊ မာတင်နယ်လီ နှင့် ဂျေးဇု တို့က ၁ -ဂိုးစီ သွင်းယူထားကြပါတယ်။

Source : Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ဂျင်မီကာရေဂါ #အာဆင်နယ် #ခြေစွမ်းပျမ်းမျှအဆင့်သာရှိ #အာတီတာ #ချဲလ်ဆီး #Online #Games #Myanmar #OnlineGamesMyanmar

Loading

One comment

  • Your approach to writing content for articles is quite remarkable. What a fantastic piece! I will make it a point to check it out at a later time. I have bookmarked it. In this day and age, I find that reading really intriguing articles or reviews on the internet teaches me something new and challenging.

Leave a Reply

Your email address will not be published. Required fields are marked *