ဖောရက်စ် နဲ့ ပွဲ ပထမပိုင်းအပြီး နည်းပြ အာတီတာ သူတို့ကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟပြောကြားလာတဲ့ ဂျေးဇု

ဒီမနက်မှာ ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ပွဲမှာ ပထမပိုင်းအပြီး ဂိုးမသွင်းနိုင်ဖြစ်နေချိန် နည်းပြ အာတီတာ သူတို့ကို ဘာပြောခဲ့သလဲ ဆိုတာ အာဆင်နယ်အသင်း တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု က ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

ဂန်းနားတို့ဟာ ဖောရက်စ်နဲ့ပွဲ ပထမပိုင်းမှာ လွှမ်းမိုး ကစားနိုင်ခဲ့ပေမဲ့ ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဒုတိယပိုင်းရောက်မှသာ ဂျေးဇု ၊ ဆာကာ တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့တာပါ။ ပွဲပြီးခါနီးမှာ အဝိုနီယီ က ဖောရက်စ် အတွက် ချေပဂိုးတစ်ဂိုး သွင်းပေးခဲ့တာကြောင့် အာဆင်နယ် တို့ အနိုင် ရလဒ်ကို ထိန်းသိမ်းဖို့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ဂျေးဇု က TNT Sports နဲ့ အင်တာဗျူးမှာ “ပထမပိုင်းပြီးတော့ နည်းပြ က ဒီပုံစံအတိုင်း ထိန်းထားပြီး ဆက်လက် ကြိုးစားကစားဖို့ အဝတ်လဲခန်း အတွင်းမှာပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပေမဲ့ ဂိုးမရခဲ့ပါဘူး။

ပထမပိုင်း အတွင်း ကျွန်တော်တို့ ပွဲကို ကောင်းကောင်း ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ် ၊ သူတို့ရဲ့ ဂိုးဘက်ခြမ်းမှာပဲ ဘောလုံး ကိုင်ကစားတာက သူတို့ကို အကောင်းဆုံး ထိန်းချုပ်တာပါပဲ။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ဂိုးတွေ သွင်းနိုင်ခဲ့ပြီး ပွဲကို ပိုမိုလည်း ထိန်းချုပ် ကစား နိုင်ခဲ့ပါတယ်”

“အသင်းဖော်တွေရဲ့ ကျွန်တော်အပေါ် ပံ့ပိုးပေးမှုတွေကလည်း ကောင်းပါတယ်။ ဒီကနေ့ အပိုင်အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမဲ့ ကံသိပ်မကောင်းဘူး ဖြစ်သွားခဲ့ပါတယ် ၊ ကျွန်တော့်ကို တောက်လျှောက် အားပေး ပံ့ပိုးပေးကြတဲ့အတွက်လည်း ဝမ်းသာ ပျော်ရွှင်မိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : Goal.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ရီးရဲလ်မက်ဒရစ် #အယ်မီရီးယား #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *