အာဆင်နယ် အသင်းကို စိန်ခေါ် စကားဆိုလိုက်တဲ့ ပေါ်တို ဂိုးသမား

ပေါ်တို အသင်းရဲ့ဂိုးသမား ဒီယေဂို ကော်စတာ ကတော့ ဒီနေ့ညမှာ ကစားမဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်မှာ အာဆင်နယ်အသင်း ရဲ့ အားနည်းချက်တွေကို ရှာဖွေဖော်ထုတ်ပြီး အသုံးချသွားမှာ ဖြစ်တယ်လို့ စိန်ခေါ် စကားဆိုလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ လက်တစ်လောမှာ ပုံစံကောင်းရနေတဲ့ အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၅-ပွဲမှာ သွင်းဂိုး ၂၁ -ဂိုး အထိ သွင်းထား နိုင်ပါတယ်။ အသက် ၂၄- နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ကော်စတာ ကတော့ အာဆင်နယ် အသင်း နဲ့ ကစားရမှာကို စိုးရိမ်နေခြင်းမရှိဘဲ အနိုင်ရဖို့အတွက်ပဲ ဦးတည်ကစားသွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကော်စတာ က ပွဲကြို အင်တာဗျူးမှာ “အာဆင်နယ် အသင်းက တိုက်စစ် အားကောင်းတာမှန်ပေမဲ့ ကျွန်တော်တို့ သူတို့ရဲ့ အားနည်းချက်တွေကို ရှာ‌ဖွေ ဖော်ထုတ် အသုံးချသွားမှာပါ။ ဒါပေါ့ဗျာ ၊ သူတို့မှာ အားနည်းချက်တွေရှိပါတယ် ၊ ကျွန်တော်တို့ ဘယ်လို လုပ်မလဲ ဆိုတာ ခင်ဗျားတို့ကို ပြောပြမှာတော့ မဟုတ်ပါဘူး”

“ဒါပေမဲ့ ကျွန်တော်တို့က ပွဲတိုင်းကို အနိုင်ရဖို့အတွက်ပဲ ချဉ်းကပ်ကစားသွားမှာပါ ။ အယူကာ ပဲ ဖြစ်ဖြစ် အာဆင်နယ် ပဲ ဖြစ်ဖြစ် ဘယ်အသင်းနဲ့ ကစားရရ ဂရုမစိုက်ပါဘူး ၊ ပွဲတိုင်းကို အနိုင်ရဖို့ပဲ ကစားသွားမှာပါ ၊ ပေါ်တို လို အသင်းက အနိုင်ရဖို့ အတွက်ပဲ အမြဲ ဦးတည်ကစားပါတယ် ၊ အာဆင်နယ် အသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းထဲပါဝင်နေတယ်ဆိုရင် သူတို့ဘာကြောင့် ဗိုလ်စွဲဖို့ ရေပန်းစားနေတာလဲ ဆိုတာ ကျွန်တော်တို့ ကွင်းထဲမှာ ပြသနိုင်အောင် ကစားပြပေါ့ဗျာ” လို့ ပြောကြား သွားခဲ့ပါတယ်။

Source : Mirror.co.uk

#jdbkx.com #အားကစားသတင်း #ပေါ်တိုအသင်း #ဒီယေဂို ကော်စတာ #အာဆင်နယ်  #Online  #Games  #Myanmar  #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *