လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲမှာ သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ အာဆင်နယ်အမျိုးသမီးအသင်း

အာဆင်နယ်အမျိုးသမီးအသင်းဟာ တနင်္ဂနွေနေ့မှာကစားခဲ့တဲ့ အင်္ဂလန်အမျိုးသမီး စူပါလိဂ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ ချဲလ်ဆီးအမျိုးသမီးအသင်းကို လေးဂိုး တစ်ဂိုး ဆိုတဲ့ရလဒ် နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ အာဆင်နယ် အမျိုးသမီးအသင်းဟာ သူတို့အရင်က တင်ရှိထားခဲ့တဲ့ စံချိန်ဟောင်းကို ထပ်မံချိုးဖျက်နိုင်ခဲ့ပါတယ်။

အာဆင်နယ် အမျိုးသမီးအသင်းဟာ အင်္ဂလန်အမျိုးသမီး လက်ရွေးစင်တွေဖြစ်ကြတဲ့ မိဒ် ၊ ရူဆို တို့ရဲ့သွင်းဂိုးတွေအပြင် ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ဂိုးသွင်းကြမ်းခဲ့တဲ့ နောက်ခံလူ အမန်ဒါ ရဲ့ သွင်းဂိုးနဲ့ ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနိုင်ပွဲကြောင့် အာဆင်နယ်အမျိုးသမီးအသင်းဟာ ထိပ်ဆုံးက ချလ်ဆီးအသင်း နဲ့ ရမှတ်တူသွားခဲ့ပြီး ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အမ်းမရိတ်မှာကစားတဲ့ အာဆင်နယ်အမျိုးသမီး အသင်း နှင့် ချဲလ်ဆီးအမျိုးသမီး အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲကို ပရိသတ်ပေါင်း ၅၉၀၄၂ – လာရောက် အားပေးကြည့်ရှုခဲ့တယ်လို့သိရပါတယ် ။

အဆိုပါပမာဏဟာ အင်္ဂလန်အမျိုးသမီး စူပါလိဂ် သမိုင်းတစ်လျှောက် ကွင်းအတွင်း ပရိသတ်လာရောက် အားပေးမှုအများဆုံးပွဲအဖြစ် စံချိန်သစ် တင်သွားခဲ့ပါတယ်။ အရင်တုန်းက စံချိန်ကိုလည်း အာဆင်နယ်အမျိုးသမီးအသင်းကပဲ တင်ထားခဲ့တာ ဖြစ်ပြီး ဒီရာသီ လီဗာပူး နဲ့ ပွဲမှာ ပရိသတ် ၅၄၁၁၅ -နဲ့ စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

Source : Skysports.com : Sports.yahoo.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #အာဆင်နယ်အမျိုးသမီးအသင်း #ချဲလ်ဆီးအမျိုးသမီးအသင်း #သမိုင်းမှတ်တိုင်သစ်တစ်ခုစိုက်ထူ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *