သူ့ကိုယ်သူ ဘယ်လိုမေးခွန်းမျိုး ထုတ်နေခဲ့သလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

ဒီရာသီမှာ ပုံစံကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူး​​​​နေ့နံနက်မှာတော့ အိုးလ်ထရပ်ဖို့ဒ်ကွင်းထဲ အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့အနိုင်ယူသွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာတော့ အိမ်ရှင်တို့ဟာ ကစားပုံကောင်းမွန်ခဲ့ပြီး ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်ခဲ့ပေမဲ့ ပထမပိုင်းမှာပဲ နှစ်ဂိုးအထိ ပေးခဲ့လိုက်ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ သူတို့ဟာ 3- ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး comeback လုပ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ယူနိုက်တက်အတွက် ဂါနာချို က ခြေပဂိုး 2- ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်သေးတဲ့ ဟော့ဂျ်လန်း က အဖိုးတန် အနိုင်ဂိုး သွင်းယူပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဂိုးနဲ့ အတူ ယူနိုက်တက်တို့ အဆင့် 6 -နေရာထိ တက်လှမ်းနိုင်ခဲ့ကြပါတယ် ။

အဆိုပါ နိုင်ပွဲအပြီးမှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင်ဖြစ်သူ ဘရူနိုဖာနန်ဒက်စ် က သူဟာ ဒီအသင်းမှာ ရှိနေသေးဖို့ တကယ်ပဲ ထိုက်တန်ရဲ့လား ဆိုတဲ့မေးခွန်းကို မကြာခဏထုတ်ခဲ့ဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

“ခင်ဗျားအနေနဲ့ ယုံကြည်ချက်ရှိနေဖို့ လိုအပ်လှပါတယ်။ အကယ်လို့ ခင်ဗျားတို့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုမရှိကြတော့ရင် အခက်အခဲတွေ ဆက်တိုက် ကြုံတွေရမှာမို့လို့ပါပဲ။ ဒါပေမဲ့ တစ်ခါတစ်လေကျတော့ ယုံကြည်မှုတွေ ကျဆင်းသွားရတာမျိုးလည်း ရှိတတ်ပါတယ်”

“အဲ့လို အချိန်မျိုးမှာ ငါဟာ ဒီလို အသင်းမျိုးမှာ ရှိနေဖို့တောင်ထိုက်တန်ရဲ့လား?” ဆိုပြီး ကိုယ့်ဟာကိုယ် မေးခွန််းထုတ်ဖြစ်မိတော့တာပါပဲ ။ အချို့အရာတွေက မှန်ကန်တဲ့ လမ်းကြောင်းအပေါ်မှာ မရှိတဲ့အချိန် အဲ့ဒီလို တွေးမိတာမျိုးက သဘာဝကျလွန်းလှပါတယ်၊ အဲ့ဒီလို အချိုအရာတွေ အဆင်မပြေမှု ဖြစ်နေချိန်ကို ကျော်ဖြတ်ပြီး ရလဒ်တစ်ခုကို ရယူနိုင်တာက ရှေ့ဆက်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး တွန်းအားပေးရင်း ရှေ့ဆက်ရမယ်ဆိုတာ အသင်းမှာရှိနေသူတိုင်းက သိကြပါတယ် ” လို့ ဘရူနို က ပြောခဲ့လိုက်တာပဲဖြစ်ပါတယ်။

Source : Dailymail.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ဘရူနိုဖာနန်ဒက်စ် #မန်ချက်စတာယူနိုက်တက် #အိုးလ်ထရပ်ဖို့ဒ်ကွင်း #အက်စတွန်ဗီလာ #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *