ဂါလာတာစာရေး အသင်းနဲ့ပွဲအပြီး ဘရူနိုဖာနန်ဒက်စ် က အသင်းဖော်တွေကို ပြင်းပြင်းထန်ထန် သတိပေး

မန်ချက်စတာယူနိုက်တက်အသင်းဟာ တူရကီမြေမှာ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၅) ကစားခဲ့ရပြီး ၃ – ၃ ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ်သရေကျခဲ့ကာ နောက်တစ်ဆင့်တက်ရောက်နိုင်ခြေ အလွန်ပဲနည်းပါးသွားခဲ့ရပါတယ်။ ဒီပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဂါနာချို ၊ ဘရူနိုဖာနန်ဒက်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အစောပိုင်းမိနစ်တွေမှာ ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ ပွဲချိန် (၂၉) မိနစ်မှာ ဟာကင်ဇီယက်ချ် ရဲ့ ဖရီးကစ်ဂိုးကြောင့် တစ်ဂိုးပြန်ပေးခဲ့ရပါတယ် ။

အဲ့ဒီနောက် ပွဲချိန် (၅၅) မိနစ်မှာ မက်တော်မီနေး ကြောင့် ယူနိုက်တက်တို့ နောက်တစ်ကြိမ် ပွဲစဉ်ကိုဦးဆောင်နိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဇီယက်ချ် ရဲ့ နောက်ထပ် ဖရီးကစ်ဂိုးတစ်ဂိုး နဲ့ ဂိုးဖန်တီးမှုတစ်ကြိမ် တို့က ပွဲစဉ်ကို ၃-၃ ဖြစ်သွားစေခဲ့ပါတယ်။ အိုနားနားရဲ့ အမှားတွေကြောင့် ယူနိုက်တက်တို့ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ အခွင့်အရေး မရှိသလောက်နီးပါး နည်းပါးသွားချိန်မှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် က ကိုယ့်အမှားအတွက် အားလုံးတာဝန်ယူကြဖို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ် ။

” ဒါ တကယ့်ကို ခက်ခဲလှပါတယ်။ ကျွန်တော်တို့ တကယ့်ကို ဆိုးရွားလှတဲ့ ဂိုးတွေပေးခဲ့ရတာပါ။ ကျွန်တော်တို့တွေဟာ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းနိုင်ခဲ့ရမှာပါ။ ကျွန်တော်တို့ ပွဲစဉ် (၂) ကြိမ် တိုင်တိုင် ဦးဆောင်နိုင်ခဲ့ကြသေးတယ်လေ ”

” ကျွန်တော်တို့ ပွဲစဉ်ကို အဆုံးသတ်လိုက်ဖို့ အခွင့်အရေးတွေ အများကြီးရရှိထားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဆုံးသတ်စွမ်းရည် လုံလောက်စွာ မကောင်းမွန်ခဲ့ပါဘူး။ ဒီပွဲက တကယ့်ကို ခက်ခဲခဲ့ပေမဲ့ ကျွန်တော်ကတော့ အနှုတ်လက္ခဏာ ဆောင်တာချည်း မပြောလိုပါဘူး ”

” ဒါပေမဲ့ ချန်ပီယံလိဂ်မှာ လုပ်ပြခဲ့တာတွေက လုံလောက်စွာမကောင်းမွန်တာ အမှန်ပါပဲ။ ဒီလိုဖြစ်ခဲ့ရတာ ပထမဆုံး အကြိမ်လည်း မဟုတ်ခဲ့ရပါဘူး။ ဒီလို ဦးဆောင်ခွင့်ရခဲ့တဲ့ ရလဒ်မျိုးကို ကျွန်တော်တို့ ထိန်းသိမ်းထားနိုင်ခဲ့သင့်ပါတယ်။ ဒီအဆင့်က ဒီလိုပွဲတွေမှာ ကျွန်တော်တို့ လုံလောက်စွာ စမတ်ကျအောင်ကစားပြီး ပိုကောင်းအောင်စီမံနိုင်သင့်ပါတယ်။ ဒီပွဲကအမှားတွေအတွက် အားလုံးပဲတာဝန်ယူပြီး နောက်တစ်ဆင့် တက်ဖို့လုပ်ရပါမယ်။ အခုတော့ဖြင့် နောက်တစ်ဆင့်တက်ဖို့ဆိုတာ ကျွန်တော်တို့အပေါ်မှာပဲ မူတည်မနေတော့ပါဘူး ” လို့ ဘရူနို က ပြောလိုက်တာပဲ ဖြစ်ပါတယ်။

Source : 90min.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #မန်ချက်စတာယူနိုက် #ဂါလာတာစာရေး #ဘရူနိုဖာနန်ဒက်စ် #ကိုယ့်အမှားအတွက်တာဝန်ယူကြ #အိုနားနားရဲ့အမှားတွေ #ချန်ပီယံလိဂ်ပွဲစဥ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *