မူဒရစ်ဒ် က အာဆင်နယ် အသင်းကိုမပြောင်းလိုက်ရလို့ စိတ်ထိခိုက် ကြေကွဲခဲ့ရ

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မူဒရစ်ဒ်အာဆင်နယ် နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းဟာ ပရိသတ်တွေကြားထဲ အတော်လေး ဂယက်ရိုက်ခဲ့တဲ့ကိစ္စပါ။ အပြောင်းအရွှေ့ကာလတစ်လျှောက် မူဒရစ်ဒ် ဟာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ယူကရိန်းသားဟာ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။

မူဒရစ်ဒ် ဟာ ချဲလ်ဆီးအသင်းဆီ ရောက်သွားချိန်မှာတော့ ဂရေဟမ်ပေါ့တာ ၊ လမ်းပတ် ၊ ပိုချက်တီနို တို့လို နည်းပြ ၃- ဦး အောက်မှာ ကစားခဲ့ရပြီး ခုထက်ထိ နည်းပြရဲ့ ယုံကြည်မှုကို ရရှိ‌ဖို့ရော ၊ ခြေစွမ်းပြကစားဖို့ရော ရုန်းကန်နေရဆဲဖြစ်ပါတယ်။

အာဆင်နယ် အသင်းကတော့ မူဒရစ်ဒ် ကို မရလိုက်ချိန်မှာ ဘရိုက်တန် အသင်းရဲ့ တောင်ပံကစားသမား ထရောဆက်ဒ် ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။ မူဒရစ်ဒ် ရုန်းကန်နေရချိန်မှာ ထရောဆက်ဒ် ကတော့ အာဆင်နယ် အသင်း ရဲ့ ချန်ပီယံ တိုက်ပွဲ မှာ အခရာကျတဲ့ ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြကစားနေပါတယ် ။

The Athletic ရဲ့ဖော်ပြချက်အရ မူဒရစ်ဒ် ဟာ အာဆင်နယ် အသင်း နဲ့ အပြောင်းအရွှေ့ပျက်ပြယ်သွားချိန်မှာ စိတ်ထိခိုက်ကြေကွဲခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အာတီတာ နဲ့ အီဒူး တို့ဟာ မူဒရစ်ဒ် ရဲ့ အရည်အသွေးအပေါ် ယုံကြည်မှု ရှိနေဆဲဖြစ်ပြီး မူဒရစ်ဒ် တစ်ယောက် သူတို့ဆီ အမှန်တကယ် လာချင်ခဲ့ကြောင်း သိရှိ နားလည်ခဲ့တယ်လို့ ဆိုပါတယ်။

မူဒရစ်ဒ် ကိုယ်တိုင်ကလည်း အာဆင်နယ်အသင်း ဟာ သူ့ရဲ့ အရည်အသွေးတွေကို ကောင်းကောင်း ဖော်ထုတ်ပေးနိုင်မဲ့ အသင်းအဖြစ် ရှု့မြင် ထားတယ်လို့ သိရပါတယ်။ မူဒရစ်ဒ် ဟာ မနေ့ညကကစားခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲမှာ ချဲလ်ဆီးအသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီး သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Source : Mirror.co.uk

#jdbkx.com #အားကစားသတင်း #မူဒရစ်ဒ် #ချဲလ်ဆီး #အာဆင်နယ်  #Online  #Games  #Myanmar  #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *