နောက်ဆုံးရ ချဲလ်ဆီး အပြောင်းအရွှေ့သတင်းများ

ချဲလ်ဆီးအသင်းဟာ ဘင်ဖီကာ အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ခံစစ်မှူး အန်တိုနီယို ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း The Sun သတင်းဌာနက ထုတ်ပြန်လာပါတယ်။ ဆေးလ်ဗားဟာ မန်ချက်စတာ ယူနိုက်တက်မှ ရက်သတ္တပတ်ပေါင်းများစွာ စောင့်ကြည့်ခြင်းကို ခံထားရတဲ့ နောက်ခံလူတစ်ဦးလည်းဖြစ်ပါတယ်။

အသက် ၂၀-နှစ်အရွယ်ရှိ ဆေးလ်ဗား ကို အသက် ၄၀- ပြည့်တော့မဲ့အပြင် ၊ ယခုနှစ် ရာသီအကုန်မှာ စာချုပ်သက်တမ်း ပြည့်မြောက်မှာဖြစ်တဲ့ ဘရာဇီး ဝါရင့်ခံစစ်မှူး သီယာဂို ဆေးလ်ဗားရဲ့ နေရာမှာ တိုက်ရိုက်အစားထိုးပေးနိုင်ဖွယ်ရှိတဲ့ ချဲလ်ဆီးပစ်မှတ်ခံစစ်မှူးတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဇန်နဝါရီ စျေးကွက် ဖွင့်ဖွင့်ချင်းမှာပဲ ချဲလ်ဆီးဟာ နိုက်စ်ကြယ်ပွင့် ခံစစ်မှူး ဂျောင်ကလဲ တိုဒီဘိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင်လုပ်နေပြီး ၊ အန်တိုနီယို ဆေးလ်ဗားကတော့ လောလောလတ်လတ် ချဲလ်ဆီးရဲ့ ပစ်မှတ်ထဲမှာ စတင်ပါဝင်လာတာဖြစ်ပါတယ်။

တစ်ဖက်မှာ ချဲလ်ဆီးဟာ အခြားသောခံစစ်မှူး တစ်ဦးဖြစ်တဲ့ ကော့ဘ်ဟမ်း အကယ်ဒမီထွက် နောက်ခံလူ ထရက်ဗာ ချာလိုဘာကို ယခုစျေးကွက်အတွင်း သင့်လျော်တဲ့ တန်ကြေးတစ်ရပ်နဲ့ လက်လွှတ်သွားဖို့ အဆင်သင့်ရှိနေရာ ၊ လန်ဒန်မြို့ခံပြိုင်ဖက် တော့တင်ဟမ် အသင်းက ၄င်းကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ စတင်ပြသလာပြီဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ အခြားသော ချဲလ်ဆီး ကြယ်ပွင့်ဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ကော်နာ ဂေါ်လဂါကို ခေါ်ယူချင်နေပါတယ်။ ချာလိုဘာဟာ တော့တင်ဟမ် အပြင် ဘွန်ဒက်စ်လီဂါ အင်အားကြီး ၂-သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ထံမှလည်း စိတ်ဝင်စားမှု ရရှိထားပါတယ်။

ဒါ့အပြင် ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ မညိစွန်းစေဖို့ ချဲလ်ဆီးဟာ ချာလိုဘာကဲ့သို့ Homegrown ကစားသမားတွေကို ထုတ်ရောင်းခြင်းအားဖြင့် ၊ ကစားသမားသစ် ခေါ်ယူမှုတွေကို တဖက်တလမ်း ထိန်းညှိသွားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကမှ နော်တင်ဟမ်ဖောရက်စ်သို့ တစ်ရာသီ အငှားထွက်သွားတဲ့ ဘရာဇီး ယူ၂၁- ကြယ်ပွင့် ကွင်းလယ်လူ အန်ဒရေ ဆန်းတို့စ်ဟာ ၂-ပွဲသာ ကစားခွင့် ရအပြီး ၊ အငှားစာချုပ် ဖျက်သိမ်းကာ ချဲလ်ဆီးသို့ ပြန်လာတော့မှာဖြစ်ပါတယ်။

မနှစ်က ဇန်နဝါရီစျေးကွက်အတွင်း ဗက်စကို ဒဂါးမားကနေ ပေါင် ၁၁-သန်းနဲ့ ဒီရာသီမှာမှ အင်္ဂလန်သို့ စတင်အခြေချနိုင်လာတဲ့ ဆန်းတို့စ်ဟာ ယူ ၂၀- ကမ္ဘာ့ဖလားမှာ ဘရာဇီးနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သလို ၊ ရာသီကြိုကာလအတွင်း ပိုချက်တီနိုရဲ့ နည်းစနစ်မှာ အတော်အသင့် အံဝင်အောင် စွမ်းဆောင်ပြထားပါတယ်။

လက်ရှိမှာတော့ ဆန်းတို့စ်ဟာ ကော့ဘ်ဟမ်း လေ့ကျင့်ရေး စင်တာသို့ ပြန်လာမှာဖြစ်ပေမဲ့ ၊ ၄င်းကို နောက်ထပ် ၆-လအငှား ပို့သင့် မပို့သင့် ကလပ်ဖက်က ဆုံးဖြတ်သွားဖို့ ရှိပါတယ်။ လောလောဆယ်မှာတော့ ၄င်းကို အငှားခေါ်ဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေက ဒဏ်ရာပြဿနာများစွာ ရှိနေတဲ့ နယူးကာဆယ်နဲ့ လန်ဒန်မြို့ခံ ပြိုင်ဖက် ခရစ်စတယ်ပဲလေ့စ်တို့ ဖြစ်ပါတယ်။

ဇန်နဝါရီ စျေးကွက်အတွက် ချဲလ်ဆီးရဲ့ ပထမဆုံးကစားသမားအထွက်ကတော့ ဆယ်ကျော်သက် ကြယ်ပွင့် တောင်ပံကစားသမား အဲလက်စ် မားတို့စ် ဖြစ်ပြီး ၊ ၄င်းဟာ ယနေ့မှာပဲ ချန်ပီယံရှစ်ကလပ် ဟက်ဒါစ်ဖီးလ်တောင်း အသင်းသို့ ၆-လ အငှားထွက်ဖို့ ဆေးစစ်မှု ခံယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : TheSun.co.uk : thepeoplesperson.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #မီခေးလ်အာတီတာ #အာဆင်နယ်အသင်း #ဂျေမီကာရေဂါ #မာတင်နယ်လီ #တိုက်စစ်ဟာကမ္ဘာ့အဆင့်မဟုတ် # Sky Sports #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *