ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ မာ့ခ်ဂူယူ

ဘာစီလိုနာကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ မာ့ခ်ဂူယူ

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ ဘာစီလိုနာ အသင်းကနေ လာမာစီယာ အကယ်ဒမီထွက် စပိန် ကြယ်ပွင့် တိုက်စစ်မှူး မာ့ခ်ဂူယူကို စာချုပ်ပါလျော်ကြေး ယူရို ၆ သန်း ၊ ၅ နှစ် + အပိုတစ်နှစ် သက်တမ်းတိုးခွင့် စာချုပ်ချုပ်ဆိုကာ ခေါ်ယူကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ဂူယူဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာ စီနီယာ အသင်းအတွက် ပွဲအနည်းငယ်ပါဝင် ကစားပေးခဲ့ကာ ၊ လာလီဂါနဲ့ ချန်ပီယံလိဂ် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ၊ ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ်ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ချဲလ်ဆီး ကစားသမားဘဝ ပထမဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂူယူ က ခြင်္သေ့ပြာ အသင်းသားတစ်ဦး ဖြစ်လာရခြင်း အပေါ် ” ချဲလ်ဆီးကို ပြောင်းရွှေ့နိုင်ခဲ့တာက ကျွန်တော့်ကို နက်ရှိုင်းတဲ့ ပျော်ရွှင်မှုယူဆောင်လာပေးပါတယ်။ ကျွန်တော်ဟာ အရမ်းစိတ်လှုပ်ရှားနေခဲ့တာကြောင့် ဒီကို မရောက်ခင် မနေ့ညက လမ်းခရီးမှာ အိပ်လို့တောင် မပျော်ခဲ့ပါဘူး ”

“ကျွန်တော် ငယ်ငယ်လေးကတည်းက ပရီးမီးယားလိဂ်မှာ ကစားဖို့ ၊ အင်္ဂလန်မှာ အောင်မြင်ဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခု ဖြစ်ပါတယ်။ အခုတော့ ချဲလ်ဆီးကို ပြောင်းလာဖို့ ကျွန်တော် အခွင့်အရေးရလာပါပြီ။ ဒီကလပ် အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်ဖို့ ကျွန်တော် အပြင်းထန်ဆုံး ကြိုးစားသွားမှာပါ”

“ဒီပတ်ဝန်းကျင်မှာ အသားကျဖို့က အရေးကြီးဆုံးပါ ။ ကျွန်တော် ဒီမှာ လျှောလျှောရှူရှူ ဖြတ်သန်းဖို့ အရင်ဆုံး လုပ်ဆောင်ရပါမယ်။ ဟုတ်ပါတယ်။ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေ ကျွန်တော် ဆွတ်ခူးပေးချင်ပါတယ်”

“ကိုယ့်အတွက်လည်း ကျွန်တော်ဟာ အသင်းကို တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့ အနေနဲ့ ဂိုးတွေ အများကြီး သွင်းပေးလိုပါတယ်။ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက် ဖြစ်လာချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂူယူ က ဘာစီလိုနာကနေ ချဲလ်ဆီးသို့ ဘာကြောင်း ပြောင်းရွှေ့လာသလဲ ဆိုတဲ့ အမေးအပေါ် “ချဲလ်ဆီးကို ပြောင်းလာချင်ရတဲ့ ကျွန်တော့်ရဲ့ အဓိကအကြောင်းပြချက်က ဘောလုံး ကစားဟန် ၊ ကလပ်ဖက်က ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့ အနာဂတ် စီမံကိန်းနဲ့ ကလပ်က လူတိုင်း ကျွန်တော့် အပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုတွေကြောင့် ဖြစ်ပါတယ် ”

“ဒီကလပ်မှာ လူငယ် ကစားသမားတွေ ၊ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ကစားသမားတွေနဲ့ ဝန်းရံထားတဲ့ အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ စီမံကိန်း ရှိနေပါတယ်။ ကျွန်တော်တို့ အတူတူ ကြီးကျယ်တဲ့ အရာတွေ လုပ်ပြနိုင်ပါတယ်”

“ဒါဟာ အရမ်း အရည်အသွေး မြင့်မားတဲ့ ၊ အရမ်း ငယ်ရွယ်တဲ့ ထိပ်တန်း ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ ၊ အများကြီး ကမ်းလှမ်းမှု လုပ်နိုင်တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source: espn.com

#jdbkx.net #မာ့ခ်ဂူယူ #ဘာစီလိုနာ #ချဲလ်ဆီး #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *