မက်ဆီ ကို အင်တာမိုင်ယာမီ မှာ ပါတီပွဲနဲ့ဂုဏ်ပြုပေးမယ်လို့ ဘက်ခမ်း ကတိပြု

အင်တာမိုင်ယာမီ အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီ ဟာ ကစားသမား ဘဝရဲ့ (၈) ကြိမ်မြောက်သော Ballon d’Or ဆု ကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ် ။

ဒီဆုကိုတော့ မက်ဆီဟာ အားလင်းဟာလန်း ၊ ကိုင်လီယံအမ်ဘာပေ တို့ကို ကျော်ဖြတ်ရင်း ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အင်တာမိုင်ယာမီ အသင်းပိုင်ရှင်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း က သူ့ရဲ့အသင်းသားကို ကိုယ်တိုင်ဆုချီးမြှင့်ပေးခဲ့တာပဲဖြစ်ပါတယ် ။
မက်ဆီဟာ PSG ၊ အာဂျင်တီးနား တို့အတွက် အဓိကကစားပေးရင်း ဒီဆုကိုဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဒေးဗစ်ဘက်ခမ်း က သူ့အသင်းသား အခုလိုဆုရတဲ့အတွက် မိုင်ယာမီမှာ ပါတီပေးသွားမယ်လို့ မက်ဆီ ကို ကတိပေးခဲ့လိုက်ပါတယ် ။

” သူ (မက်ဆီ) ဟာ အင်တာမိုင်ယာမီ ကစားသမားတစ်ဦး ၊ ကျွန်တော်တို့မြို့ထဲမှာ နေထိုင်သူလို့ ပြောရတာကြီးက တကယ့်ကို စပါယ်ရှယ်ပါပဲ ။ ဒီဆုအတွက် သူဟာ သူ့ရဲ့မိသားစု ၊ အသင်းဖော်တွေနဲ့ စိတ်ကြိုက် အောင်ပွဲခံပါလိမ့်မယ်”

“ကျွန်တော်တို့လည်း မိုင်ယာမီနည်း မိုင်ယာမီဟန်နဲ့ သူ့ကို အကောင်းဆုံး အောင်ပွဲခံစေမှာပါ။ ကျွန်တော်တို့ ပါတီပွဲကောင်းကောင်း တစ်ခုကို သေချာပေါက်ဆင်နွဲဖြစ်လိမ့်မယ်လို့ ပြောနိုင်ပါတယ်။ ဒီည ပဲရစ်မှာ လီယို ကို (၈) ကြိမ်မြောက် Ballon d’Or ဆုပေးရတာ တကယ့်ကို ဂုဏ်ယူစရာကြီးပါ”
“ဒါက လီယို နဲ့ သူ့မိသားစုအတွက် စပါယ်ရှယ်ညချမ်းတစ်ခုပါ ။ ဒီလိုထူးကဲတဲ့အောင်ပွဲကို အတူအောင်ပွဲခံရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ ။ အကောင်းဆုံး ကစားသမားကို ပိုင်ဆိုင်ရလို့ မိုင်ယာမီတို့ ဂုဏ်ယူနေကြမှာပါ ။ ဂုဏ်ပြုပါတယ် သူငယ်ချင်းရေ” လို့ ဘက်ခမ်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

Source : Mirror.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#jdbkx.com #အားကစားသတင်း #မက်ဆီ #ဒေးဗစ်ဘက်ခမ်း #Ballon d’Orဆု #ပါတီပွဲကျင်းပပေးဖို့ကတိပြု #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *