ချန်ပီယံဆုအတွက် အာဆင်နယ် အဓိကယှဉ်ပြိုင်ရမဲ့အသင်း

ဂန်းနား ဂန္တဝင်တိုက်စစ်မှူးဟောင်း ဒန်းနစ်ဘားကမ့် က သူ့ရဲ့အသင်းဟောင်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်တဲ့ အနေအထားမှာရှိနေပြီး မန်စီးတီးထက်စာရင် လီဗာပူးအသင်း နဲ့ အဓိကယှဉ်ပြိုင်ရလိမ့်မယ်လို့ထင်ကြောင်း ပြောကြားလိုက်ပါတယ်။

ဂန်းနားတို့ဟာ ဒီတစ်ပတ်မှာ လီဗာပူးအသင်း ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် နိုင်ပွဲရယူဖို့လိုအပ်နေပါတယ်။ အာဆင်နယ်အသင်းဟာ လီဗာပူးအသင်း ရဲ့ အိမ်ကွင်းမှာ လိဂ်နိုင်ပွဲမရတော့တာ ၂၀၁၂ -ခုနှစ် နောက်ပိုင်းကတည်းကဖြစ်ပြီး ဆယ်စုနှစ်တစ်ခု ကျော်သွားခဲ့ပါပြီ။
ဘားကမ့်ကတော့ ချန်ပီယံဆုအတွက် အာဆင်နယ်အနေနဲ့ အဓိကယှဉ်ပြိုင်ရမဲ့အသင်းဟာ လက်ရှိချန်ပီယံ မန်စီးတီး မဟုတ်ဘဲ လီဗာပူး အသင်း ဖြစ်တယ်လို့ဆိုလိုက်ပါတယ်”၊ ” အာဆင်နယ် ရဲ့အဓိကပြိုင်ဘက်က လီဗာပူးအသင်းဖြစ်တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ် ။ လီဗာပူး နဲ့ မန်ယူနိုက်တက် ပွဲကိုကြည့်ဖြစ်တော့ လီဗာပူး အရန်ခုံကိုမြင်လိုက်တာနဲ့ သူတို့မှာ သူနဲ့သူ ရှိနေတာပဲ ဆိုတဲ့ ခံစားချက်ကြီး ရလာတာပါပဲ”

”ဒဏ်ရာရနေကြတဲ့ လီဗာပူး ကစားသမားတွေသာ ပြန်ကစားနိုင်ကြရင် သူတို့က ချန်ပီယံဆုကို စိန်အခေါ်နိုင်ဆုံးအသင်းဖြစ်ပါလိမ့်မယ်။ အခု အခြေအနေကိုသာ သူတို့ကောင်းကောင်း ကိုင်တွယ်ကျော်ဖြတ်နိုင်ရင် ကစားသမားတွေပြန်ကောင်းလာတဲ့အချိန်ကျ ‌အကျိုးကျေးဇူး ကြီးကြီးမားမား ခံစားရမှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #အဓိကယှဉ်ပြိုင်ရမဲ့အသင်း #ဒန်းနစ်ဘားကမ့် #လီဗာပူး #မန်စီတီး #ချန်ပီယံဆု #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *